သား သေဆုံးသွားခြင်းကို လက်မခံနိုင်တဲ့ အတွက် သားဖြစ်သူရဲ့ အလောင်းနဲ့ အတူ နေထိုင်နေတဲ့ မိဘ နှစ်ဦး

gironaapartment.jpg

လောကမှာ မိဘတွေအတွက် အကြီးကျယ်ဆုံး ကံဆိုးမှုဆိုတာ ကိုယ့်သားသမီးတစ်ယောက် ကိုယ့်မျက်စိရှေ့မှာ ဆုံးသွားတာကို မြင်ရတာပါပဲ။ဘ၀ တစ်လျှောက် အောင်မြင် ပျော်ရွှင်နေတာကိုပဲ တွေ့ချင်နေတဲ့ သားသမီးဆိုတဲ့ ကိုယ့်ရင်က ဖြစ်တဲ့ ရတနာလေးတွေ ပျက်စီးဖို့ မဆိုနဲ့ ။ ပွန်းပဲ့မှာတောင် စိုးနေတတ်တဲ့သူဟာ မိဘတွေပဲ ဖြစ်ပါတယ်။ စပိန် နိုင်ငံမြောက်ပိုင်းက ဇနီးမောင်နှံ နှစ်ယောက်ဟာ ပန်းနာရင်ကျပ် ရောဂါနဲ့သေဆုံးသွားတဲ့ ၇နှစ် အရွယ်သားငယ်ကို မစွန့်လွှတ်နိုင်ဘဲ ပုပ်သိုးနေတဲ့ အလောင်းနဲ့ အတူ နေထိုင်နေတာကို တွေ့ရှိခဲ့ပါတယ်လို့ ရဲများက ပြောကြားခဲ့ပါတယ်။

သားဖြစ်သူ Caleb က ပန်းနာရင်ကျပ်ရောဂါနဲ့ သေဆုံးခဲ့တာ နှစ်လကျော် ရှိခဲ့ပေမယ့် Bruce နဲ့Shrell Hopkins က ဘယ်လိုမှ မယုံကြည်နိုင်ပါဘူး ။ အိမ်လခတွေ ပုံမှန် မရရှိတော့တဲ့အတွက် အိမ်ရှင်က အိမ်လခ လာတောင်းတဲ့ အချိန်ကျမှ အလောင်းနဲ့ အတူနေနေတာ တွေ့ပြီး ရဲစခန်းကို အကြောင်းကြားခဲ့တာ ဖြစ်ပါတယ်။

သူတို့က လက်တွေ့ဘ၀ကို လုံးဝ နားမလည်တော့ဘဲ အလောင်းနဲ့ ပုံမှန် နေ့စဉ် မိသားစု ဘ၀ကို ဖြတ်သန်းနေတာ ဖြစ်ပါတယ်။ ကလေးသေဆုံးခြင်း အကြောင်းရင်းနဲ့ သေဆုံးချိန်ကို အလောင်းခွဲစိတ် စစ်ဆေးမှု မလုပ်ရသေးခင်အထိ မသိနိုင်သေးတဲ့အတွက် မိဘတွေကို ထိန်းသိမ်းထားခဲ့ပါတယ်။ ။ ကလေးကို နောက်ဆုံး အသက်ရှင်ရက် တွေ့ခဲ့တာကတော့ နိုဝင်ဘာ ၁၅ ရက်နေ့က လုပ်ခဲ့တဲ့ မွေးနေ့ပွဲမှာ ဖြစ်ပါတယ်။ ကလေးသေဆုံးပြီးနောက်မှ သူတို့တွေ့ရှိတယ် ဆိုတာကို သက်သေပြနိုင်တဲ့အတွက် သူတို့ကို လွှတ်ပေးခဲ့တာ ဖြစ်ပါတယ်။

သားသမီးကို ဆုံးရှုံးလိုက်ရတဲ့ အတွက် အရူးတစ်ပိုင်းလို ဖြစ်သွားတဲ့ မိဘတွေပါ။ ပုံမှန် ဘ၀နဲ့ အဆက်အသွယ် ပြတ်ပြီး ကိုယ်လိုချင်တဲ့ ဘ၀ကိုပဲ ဖက်တွယ်မိနေတတ်တဲ့ လူ့သဘာဝနဲ့ မိဘရဲ့ ပူပင်သောက ပေါင်းသွားတဲ့အခါ အမှားအမှန်ကို မသိနိုင်တော့သလို ၊ မသိချင်တော့တာမျိုး ဖြစ်သွားကြခြင်းပင် ။

Ref:timesofindia.indiatimes

5K Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.