သင့်လူမှုမီဒီယာ သူငယ်ချင်းများထဲ ၄ ဦးကသာ သင့်ကို ဂရုစိုက်မှုပေးနေတာ

12654539_1124327887608030_2675151284620457874_n.jpg

သင့်မှာ လူမှုမီဒီယာက မိတ်ဆွေသူငယ်ချင်း ဘယ်နှစ်ယောက်ရှိပါသလဲ။ လူမှုမီဒီယာ ပလက်ဖောင်းပေါ်က friendship နဲ့ follower အရေအတွက် အမြောက်အမြား ရှိနိုင်တဲ့ အခုခေတ်မှာ ဒါက လက်တွေ့ဘဝမှာ သိပ်အရေး မကြီးကြောင်း လေ့လာမှု အသစ်တစ်ခုက ဖော်ပြခဲ့ပါတယ်။

အောက်စ်ဖို့ဒ်တက္ကသိုလ်မှ ပါမောက္ခ Robin Dunbar ပြုလုပ်သော မကြာသေးမီက လေ့လာမှုတစ်ခုက Facebook ပေါ်က သင့်သူငယ်ချင်းအသိုင်းအဝိုင်း ဘယ်လောက်ကြီးကြီး အရေးမကြီးပါ။ အခက်အခဲအကြပ်အတည်း တွေ့ကြုံတဲ့အချိန် အားကိုးအားထားရသူ ၄ ယောက်ထက် မပိုဘူးလို့ ဆိုပါတယ်။

ပါမောက္ခ Dunbar က ပုံမှန်ဖေ့စ်ဘုတ်ခ်သုံးစွဲသူမှာ လူမှုမီဒီယာဆိုဒ်ပေါ် သူငယ်ချင်း ၁၅၀ ဝန်းကျင်ရှိပြီး အဲဒီသူတွေဟာ နောက်ထပ် သူငယ်ချင်းမိတ်ဆွေ ၅၀၀ မှ follow လုပ်ထားသူတွေ ဖြစ်တယ်လို့ မှတ်ချက်ပြုထားပါသေးတယ်။

ဒီရလာဒ်အဖြေများမှာ ယူကေနိုင်ငံက လူ ၃,၅၀၀ နီးပါး စစ်တမ်းကောက်ပြီးနောက် လူ့ဦးနှောက်စွမ်းရည်နဲ့ ကျွန်ုပ်တို့အားလပ်ချိန်အပေါ် ကန့်သတ်ချက်များနဲ့ စိစစ်တွက်ချက်ထားခြင်းဖြစ်ကြောင်း Dunbar က ပြောဆိုခဲ့ပါတယ်။

အဲဒီ စစ်တမ်းရလဒ်အဖြေတွေ တရုတ်လူမှုမီဒီယာ စာမျက်နှာပေါ် စတင်ပျံ့နှံ့ရောက်ရှိပြီးနောက် ချက်ချင်းပဲ အင်တာနက်သုံးစွဲသူများနဲ့ အမြင်ချင်းထပ်တူကျသွားခဲ့ကြပါတယ်။

ဒါပေမယ့် online သို့မဟုတ် offline သူငယ်ချင်း ဘယ်လောက်ပဲ ရှိရှိ ပြဿနာ မဟုတ်ပါ။ စကားပုံတစ်ခုလိုပဲ "one best friend is all you need" "လိုအပ်တာ မိတ်ဆွေကောင်းတစ်ဦးသာ" ဆိုတာ ပါပဲ။

Ref: CCTVNews

27 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.