ပြီးခဲ့သည့် အောက်တိုဘာ(၁၃)ရက်နေ့က တူနီးရှားနှင့် ဂိုးမရှိသရေကျခဲ့သည့် အာဖရိဇုန် ကမ္ဘာ့ဖလားခြေစစ်ပွဲ Play-off ပထမအကျော့ပွဲစဉ်အတွင်း မိမိအား ကင်မရွန်းအသင်းဖော်များက ဘောလုံးမပေးခဲ့ကြဘဲ ၀ိုင်းပယ်ခဲ့ ကြကြောင်း ဆင်မြူရယ်အီတူးက ကြာသပတေးနေ့က ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတစ်ခုတွင် အကျယ် တ၀င့်ပြောလိုက်သဖြင့် အံ့အားသင့်ခဲ့ကြရသည်။ “ ဒါဟာအမှန်တရားတစ်ခုဖြစ်ပြီး အင်မတန်လည်း ၀မ်းနည်းစ ရာကောင်းပါတယ်။ အဲဒီပွဲမှာ ကျွန်တော်ကွင်းလယ်ကိုဆင်းပြီး ဘောလုံးယူခဲ့ချိန်က အဲဒီအကြံအစည်ကို စပြီး ရိပ်စားမိလိုက်ချိန်ပါပဲ။ ဘောလုံးအားကစားနည်းဆိုတာ ပူးပေါင်းလုပ်ဆောင်ရတဲ့ ကစားနည်းပါ။ ကိုယ်နဲ့အပြင် မှာ ဘယ်လောက်ပဲ အဆင်မပြေတဲ့ရန်သူဖြစ်နေပါစေ၊ ကွင်းထဲမှာတော့ အဲဒီလူက ဘောလုံးကိုလက်ခံရယူနိုင် မယ့် အကောင်းဆုံးအနေအထားမှာ ရှိနေမယ်ဆိုရင် ပေးရမှာဖြစ်ပါတယ်။ အခုအချိန်ကတော့ ဒီကိစ္စတွေအား လုံးကို နောက်မှာချန်ထားခဲ့ပြီး စည်းလုံးကြရမယ့်အချိန်ရောက်နေပါပြီ။ နည်းပြဘက်ကနေလည်း ဒီလိုပြသနာ တွေကို ဖြေရှင်းပေးဖို့ တောင်းဆိုချင်ပါတယ်”ဟု အီတူးကပြောခဲ့ခြင်းဖြစ်သည်။
သို့သော်လည်း ကင်မရွန်းလက်ရွေးစင်အသင်းနည်းပြကမူ “ ကျွန်တောကတော့ အဲဒီလိုအဖြစ်မျိုးမတွေ့ခဲ့ဘူး။ အားလုံးဒီပွဲအခွေကို ပြန်ကြည့်လိုက်ကြပါ။ ကျွနတော်ကိုယ်တိုင်လည်း ၇ ကြိမ်လောက်အထိ ပြန်ကြည့်ပြီးပါပြီ။ ဒီလိုမျိုးကိစ္စမရှိခဲ့ပါဘူး။ အခုကြားနေရတဲ့ ကိစ္စတွေက မူကြိုကျောင်းက ကလေးတွေ စကားပြောနေစလို ခံစားနေမိပါတယ်”ဟု ဖြေရှင်းခဲ့သည်။
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။