ဇီကာဗိုင်းရပ်စ်က ခြင်အပြင် လိင်ဆက်ဆံခြင်းဖြင့်လည်း ကူးစက်နိုင်

the-zika-virus-may-be-spreading-through-sex.jpg

ဇီကာဗိုင်းရပ်စ် ပျံ့နှံ့ လာပြီးတဲ့နောက် လူတွေ စိုးရိမ်ကြောက်လန့်မှုတွေ စတင်ဖြစ်လာခဲ့ကြပါတယ်။ ကိုယ်ဝန်ဆောင် အမျိုးသမီးများနဲ့ ပတ်သက်ပြီး လက်တင်အမေရိကနိုင်ငံတချို့မှာ သတိပေးမှုများနဲ့အတူ ယင်းဗိုင်းရပ်စ်ဟာ အချိန်မရွေး ကိုယ်နဲ့ မပတ်သက်ဘူး ပြောလို့ မရဘူး။ နောက်ပြီး အခု ခြင်တစ်ခုတည်းကနေတဆင့် ပျံ့နှံ့နေဟန် မရှိကြောင်းလည်း ထပ်မံသိရပါတယ်။

ဇီကာဗိုင်းရပ်စ်ကို ခြင်တွေကြောင့် ပျံ့နှံ့တယ်လို့သိရပြီး မွေးကင်းစကလေးတွေမှာ မွေးဖွားမှုဆိုင်ရာ ချွတ်ယွင်းချက်တွေ ဖြစ်ပေါ်စေပါတယ်။ ဦးနှောက် သို့မဟုတ် ဦးခေါင်း မဖွံ့ဖြိုးမှုဖြစ်စေတဲ့ မွေးရာပါ ဦးနှောက်ဝေဒနာတစ်ခုဖြစ်တဲ့ Microcephaly ဟာ မမွေးသေးတဲ့ ကလေးများအတွက် အကြီးမားဆုံး အန္တရာယ်တစ်ခု ဖြစ်ပါတယ်။ များသောအားဖြင့် ကိုယ်ဝန်ဆောင် မဟုတ်သူများအတွက် မပြင်းထန်တဲ့ ဗိုင်းရပ်စ်တစ်ခုလို ဆိုနိုင်ပါတယ်။

ဒါပေမယ့် အခုတော့ ဇီကာဗိုင်းရပ်စ်ဟာ လိင်ဆက်ဆံခြင်းကနေတဆင့်လည်း ကူးစက်နိုင်ပါတယ်တဲ့။

လိင်ဆက်ဆံခြင်းမှတဆင့် ဇီကာဗိုင်းရပ်စ်ကူးစက်မှု အနည်းဆုံး နှစ်ခုရှိပြီး ကာလသားရောဂါ ကူးစက်နည်းအတိုင်း ဖြစ်တယ်လို့ The New York Times က ဖော်ပြထားပါတယ်။ သုတေသနပညာရှင်တွေနဲ့ ယင်းဒေသမှာ အလုပ်လုပ်ကိုင်နေသူတွေက တခြားနည်းလမ်းများဖြင့် ကူးစက်နိုင်စရာ အကြောင်းမရှိတဲ့ အနည်းဆုံး အဖြစ်အပျက်နှစ်ခုကို မှတ်တမ်းတင်နိုင်ခဲ့ကြပါတယ်။ အမျိုးသားတစ်ဦးက သူ့ဇနီးဆီ အိမ်ကို သယ်လာပြီး ထိတ်လန့်တုန်လှုပ်ဖွယ်ကောင်းစွာ သူ့သုတ်ရည်ထဲမှာ ရောဂါကူးစက်ခံထားရတဲ့ သွေးပါလာတာဖြစ်ကြောင်း သိရပါတယ်။ 

Ref: sheknows

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.