ချည်မျှင်ဖြင့် သွားကြားသန့်စင်မှု လုပ်တဲ့အခါ အထူးသတိပြုရမယ့် အချက်

flossing1.jpg

ချည်မျှင်ဖြင့် သွားကြားသန့်စင်နည်းကို လူတိုင်း သိကြပါတယ်။ လွယ်လည်း လွယ်ကူပါတယ်။ ဒါပေမယ့် သူ့မှာ ကိုယ်တွေ မစဉ်းစားမိတဲ့ အချက်တွေ ရှိနေပါတယ်။ ဖြစ်တတ်တာက ချည်မျှင်က သွားကြားထဲ ကျပ်ညပ်နေတတ်ပါတယ်။

အကြိမ်ကြိမ် ရှေ့တိုးနောက်ဆုတ် ဆွဲပေးပါ။ သွားနှစ်ခုကြား ဟနေတဲ့နေရာ နှစ်ဖက်စလုံးမှာ စားကြွင်းစားကျန် အစအနတွေ စိုးစဉ်းမျှ မကျန်အောင် သေချာဂရုစိုက်လုပ်ဖို့ လိုအပ်ပါတယ်။ သေချာ နှံ့နှံ့စပ်စပ် မလုပ်ပါက သွားချေးတွေ အကုန်အစင် ဖယ်ရှားသန့်စင်ပေးမှာ မဟုတ်ပါ။

အဲဒီတော့ ချည်မျှင်ဖြင့် သွားကြားသန့်စင်မှုလုပ်တဲ့အခါ လုံးဝ မလုပ်မသင့်တဲ့အချက်တစ်ခုက ဘာလဲဆိုတော့ ထသွားထလာ ပေါ့ပေါ့ ပျက်ပျက်သဘောထား ပြုလုပ်ခြင်းဖြစ်ပါတယ်။ သွားကြားတစ်ခုချင်းစီ ဟိုဘက်ဒီဘက်နှစ်ခုလုံး အသေအချာ တစ်ချက်ချင်း ဂရုစိုက် ခြစ်ထုတ်ပေးရမှာ ဖြစ်ပါတယ်။ 

Ref: shefinds

154 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.