ခေါင်းအခြောက်လျှော် ခြင်းဟာ ဆိုးကျိုးဖြစ်စေနိုင်

woman-using-dry-shampoo.jpg

Refinery 29 မှ သတင်းဖော်ပြချက်တစ်ခုအရ ခေါင်းလျှော်ရည်အခြောက် (Dry Shampoo) က ဆံပင်ကို ရှုပ်ပွစေနိုင်တယ်လို့ သိရပါတယ်။

ခေါင်းလျှော်တဲ့အခါ အရေပြားဆဲလ်များ၊ ရောဂါပိုးများနဲ့ ဘက်တီးရီးယားပိုးများ ရှင်းထုတ်နေတာပဲ ဖြစ်တယ်လို့ Dr. Francesca Fusco ဆိုသူက ပြောဆိုခဲ့ပါတယ်။ ဦးရေပြားနူးညံ့စေဖို့ ဆဲလ်တွေဖယ်ရှား ရှင်းထုတ်တဲ့အခါ ဦးရေပြား ပိုမိုကျန်းမာကြံ့ခိုင်လာတယ်။ ခေါင်းလျှော်ရည်အခြောက် နေ့တိုင်းသုံးတဲ့အခါမှာတော့ ဆဲလ်သေတွေ ပိုများလာစေပြီး နောက်ဆုံး ဆံပင်တွေ လျော့ရဲလာစေပါတယ်။

Anderson Hair Sciences Center တည်ထောင်သူနဲ့ ဒါရိုက်တာဖြစ်သူ Ken Anderson က ဦးရေပြား မကြခဏ ဆေးကြောသန့်စင်ပေးခြင်းက ဆိုးကျိုးဖြစ်စေတဲ့ အကြောင်း ပြောပြခဲ့ပါတယ်။

ဒါ့ကြောင့် သင်ဟာ အလုပ်မရှုပ်တဲ့ ခေါင်းလျှော်ရည်အခြောက်ကို သုံးရတာ ကြိုက်တယ်ဆိုရင်လည်း တတ်နိုင်သလောက် လျှော့သုံးသင့်ပါတယ်။

Ref: Thefrisky

83 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.