Viber မှ Rude Rider ခေါ် အမိုက်စား Game အသစ်တစ်ခု ထည့်ပေးလိုက်ပြီ

50742293.jpg

Viber မှ အခမဲ့ ကစားခွင့်ရရှိမယ့် Rude Rider ခေါ် အကြမ်းစား ယာဉ်ချင်း ယှဉ်ပြိုင်မောင်းနှင် ပြေးလွှားရင်း ပစ်ခတ်ကစားရမယ့် ဂိမ်းတစ်ခုကို ဒီကနေ့ပဲ စတင်ဆောင်ရွက်ပေးလိုက်ပါပြီ။ Player တွေအနေနဲ့ ရယ်ရွှင်စရာ ပြက်လုံးများဖြင့် ဆဲဆိုအော်ဟစ်ပေးမယ့် Viber ရဲ့ လူသိများထင်ရှားသော စတစ်ကာ ကာရိုက်တာ Irreverent Ruby နဲ့  အရှိန်မြင့် ကစားနိုင်မှာလည်း ဖြစ်ပါတယ်။

Rude Rider က ကစားသူတွေကို ယာဉ်ကြောပိတ်ဆို့မှုတွေကို ကျော်လွားဖြတ်သန်းမောင်းနှင်ရပါမယ်။ နောက်ပြီး ကားတွေ၊ ရဟတ်ယာဉ်များ၊ တိန့်ကားများနဲ့ မိမိသွားမယ့် လမ်းကြောရှိ အတားအဆီး မှန်သမျှကို ဖောက်ခွဲဖျက်ဆီးရမှာ ဖြစ်ပါတယ်။

Ruby က player တွေကို သူ့ပင်ကိုယ်စရိုက်အလျောက်၊ ပြိုင်ပွဲတစ်လျှောက် အထေ့အငေါ့တွေ ရှိတာနဲ့ အမှားကို မခံချိမခံသာဖြစ်အောင် ပြောဆိုပြီး ဆဲဆိုကြိမ်းမောင်းမှုများ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ Player များအနေဖြင့် အတားအဆီးတွေ ဖောက်ကွဲဖျက်ဆီးလိုက်တဲ့အခါ ပိုက်ဆံအကြွေစေ့တွေ စုဆောင်းရရှိပြီး အရှိန်မြင့်ပေးမယ့်ဟာတွေ၊ လက်နက်တွေနဲ့ ဒိုင်းတွေ ရယူဖို့ အသုံးပြုမှာ ဖြစ်ပါတယ်။

ဒီ Viber Rude ဂိမ်းကို iPhone နဲ့ Android တွေမှာ ရရှိနိုင်မှာ ဖြစ်ပါတယ်။ 

Ref: Indiatimes

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.