ဂျင်းဘောင်းဘီတွေမှာ ဒီအိတ်သေးသေးလေး ဘာအတွက် ထည့်ထားတာလဲ

jeans.jpg

အိတ်ကပ်တွေဟာ ဒီဘက် ဖက်ရှင်ခေတ်မှာ မကြာခဏဆိုသလို အနှောင့်အယှက် ဖြစ်တတ်ပါတယ်။

အထူးသဖြင့် အမျိုးသမီးများရဲ့ ဝတ်စားဆင်ယင်မှုအတွက် ဘောင်းဘီရှည်၊ ကုတ္အက်ီၤ၊ ရွပ္အက်ီၤမ်ားမွာ အိတ်အပိုတွေ ပါဝင်နေခြင်းက စိတ်ညစ်စရာ ဖြစ်လေ့ရှိတတ်ပါတယ်။

ဂျင်းဘောင်းဘီအိတ်များက ယောက်ျားဝတ်၊ မိန်းဝတ် နှစ်လုံးမှာ အနောက်မှာ အိတ်ကပ်နှစ်ခုရယ်၊ အရှေ့ဘက်မှာ နှစ်ခုရယ်၊ နောက်ပြီး အရှေ့ဘက်က အိတ်ကပ်တစ်အပေါ်မှာ ပုံမှန်မဟုတ်တဲ့ ထောင့်မှန်သဏ္ဍာန်အိတ်ကပ် ပိစိကွေးလေးတစ်ခုရယ်နဲ့ လာကြပါတယ်။

ဒါပေမယ့် အဲဒီအိတ်အသေးလေးက ဘာအတွက်လဲဆိုတာ လူတွေမသိခဲ့ကြပါဘူး။ အကြွေစေ့တွေထည့်ဖို့အတွက်ဆိုလည်း သေးလွန်း၊ စမတ်ဖုန်းမပေါ်ခင်ခေတ်က ရှိခဲ့တာဆိုတော့။

သက်ဆိုင်ရာပညာရှင်များက လူတွေသိပ်သိချင်နေတဲ့ အဲဒီအိတ်ငယ်လေး ထည့်သွင်းရတဲ့ အကြောင်းအရင်းကို ရှင်းပြခဲ့ပါတယ်။

သူတို့ရဲ့ကိုယ်ပိုင်ဝက်ဘ်ဆိုဒ်ပေါ်က ဘလော့တစ်ခုအရ အဆိုပါအိတ်ငယ်လေးဟာ နာရီထည့်သိမ်းတဲ့ အိတ်လေးတစ်ခုလို့ ဆိုပါတယ်။

Levis ကုမ္ပဏီအနေနဲ့ အဲဒီအိတ်ကို အမေရိကန်နွားကျောင်းသားများ အိတ်ဆောင်နာရီထည့်သိမ်းဖို့ရည်ရွယ်ချက်နဲ့ စတင်ထည့်ပေးခဲ့ခြင်း ဖြစ်ပါတယ်။

၁၈၀၀ ခုနှစ်တွေတုန်းက အမေရိကန်ကောင်းဘွိုင်တွေဟာ နာရီကို သံကြိုးဖြင့် တွဲချည်ပြီး ခါးမှာ ချိတ်ထားလေ့ရှိကြပါတယ်။ မကွဲမအက်အောင် ထည့်သိမ်းထားနိုင်အောင်လို့ Levis က ဒီအိတ်ကပ်ငယ်လေးကို ထည့်သွင်းပေးခဲ့တာဖြစ်ကြောင်း သိရပါတယ်။

Ref: Independent

2K Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.