Instagram ပေါ် selfieပုံတွေ မကြာခဏတင်ခြင်းက မိမိအချစ်ရေးကို ထိခိုက်စေနိုင်

nrm_1409765947-450135144.jpg

ရိုမန်တစ်ဆန်တဲ့ ချစ်သူချင်းဆက်ဆံရေးရှိပါက Instagram ပေါ် selfie ပုံတွေ အရမ်းတင်လွန်တာဟာ အချစ်ရေးကို ထိခိုက်ပျက်ပြားစေနိုင်တယ်လို့ လေ့လာမှု အသစ်တစ်ရပ်က ဖော်ပြထားပါတယ်။

ဖလော်ရီဒါပြည်နယ်တက္ကသိုလ်မှ သုတေသနပညာရှင်များက လူမှုမီဒီယာဆိုဒ်ဖြစ်တဲ့ Instagram ပေါ် တစ်ဦးချင်း selfie ပုံတင်မှုများ လေ၊ ကြည်နူးဖွယ်ရာ အချစ်ရေး ပဋိပက္ခနဲ့ ပြိုကွဲမှုတွေ ရင်ဆိုင်ကြုံတွေ့နိုင်ဖွယ် အလားအလာ ပိုများလေဖြစ်ကြောင်း တွေ့ရှိခဲ့ပါတယ်။

၁၈ နဲ့ ၆၂ နှစ်ကြား အသက်အရွယ်ရှိ Instagram သုံးစွဲသူ ၄၂၀ ကို အွန်လိုင်းစစ်တမ်းကောက်ယူရာ သုတေသနပညာရှင်များက instagram selfie ပုံတင်တဲ့ကိစ္စရယ် နောက်ပြီး တစ်ဦးတစ်ယောက်ရဲ့ ခန္ဓာကိုယ်အသွင် အားရကျေနပ်မှု ကိစ္စတွေပါဝင်ကြောင်း သိရှိခဲ့ပါတယ်။ ကိုယ့်ကိုယ်ကို လှတယ်လို့ ယူဆသူတွေက selfie တင်ဖို့ အလားအလာပိုများတယ်လို့ သုတေသနပညာရှင်များက ဆိုပါတယ်။

Instagram selfie ပုံတင်တဲ့အကျင့်က အချစ်ရေးပဋိပက္ခဖြစ်မှု ပိုများလာခြင်းနဲ့ ဆက်နွယ်တာ တွေ့ရပါတယ်။ Instagram နဲ့ ဆက်နွယ်တဲ့ ဒီပြသနာကို မနာလိုမှုနဲ့ နှစ်ဦးစလုံးရဲ့ Instagram မှာ selfie ပုံတင်ခြင်း အကျင့်ကြောင့် ဖြစ်ပေါ်လာတဲ့ အငြင်းပွားမှုများလို့ သတ်မှတ်ကြပါတယ်။

ဒီအကျိုးနဲ့ အကြောင်းကို အမှန်အဖြစ် ချက်ချင်းယူဆလို့ မရနိုင်ပေမယ့် မိမိခန္ဓာကိုယ်အသွင်ပြင်ကို ကျေနပ်အားရကျေနပ်နေမိလို့ ပုံတွေမကြာမကြာတင်ခြင်းက Instagram သုံးစွဲသူတွေရဲ့ ချစ်သူစုံတွဲဆက်ဆံရေးကို ထိခိုက် နစ်နာစေနိုင်ကြောင်း လေ့လာမှုရလဒ်အဖြေများက ဖော်ပြထားပါတယ်။

Ref: Indianexpress

127 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.