ကမ္ဘာ့ အကောင်းဆုံး နိုင်ငံများ

oslo_norway_3.jpg

သင် နေထိုင်တဲ့ နေရာတစ်ခုက သင့်ရဲ့ ပျော်ရွှင်မှု ၊လုံခြုံမှု ၊ကြီးပွားတိုးတက်မှု နဲ့ ကျန်းမာရေးအပေါ် အကျိုးသက်ရောက်မှု ရှိတယ်လို့ သင်လက်ခံနိုင်ပါသလား ။လက်ခံနိုင်ပါတယ် ။ လန်ဒန် အခြေစိုက် Legatum Institute က မကြာခင်က သူတို့ရဲ့ နိုင်ငံတကာ ကြီးပွားတိုးတက်မှု အညွှန်းကိန်းပြ စစ်တမ်းတစ်ခုကို ထုတ်ပြန်ခဲ့ပါတယ် ။

ကမ္ဘာ့ အချမ်းသာ ဆုံး နိုင်ငံတွေကို အဆင့်သတ်မှတ်နိုင်ဖို့ ကောက်ယူတဲ့ စစ်တမ်း ဖြစ်ပါတယ်။ ကမ္ဘာ့နိုင်ငံများ ထဲမှ ပျော်စရာ အကောင်းဆုံး ၊အချမ်းသာဆုံး ၊ ကျန်းမာရေး အကောင်းဆုံး နဲ့ ရာဇဝတ်မှု အကင်းစင်ဆုံး နိုင်ငံ ၁၀ နိုင်ငံကို ရွေးချယ်ခဲ့ ပါတယ်။ သူတို့က နိုင်ငံတစ်ခုရဲ့ GDP တစ်ခုတည်းကို ကြည့်တာမဟုတ်ဘဲ အခြား စိတ်ဝင်စားစရာ အညွှန်းကိန်းပေါင်း ၈၉ ခုကိုပါ နှိုင်းယှဉ် တွက်ချက်ခဲ့ကြတာပါ ။ ဥပမာ နိုင်ငံတစ်ဝန်းလုံးမှာ စိတ်ချရတဲ့ အင်တာနက် ဆာဗာ ဘယ်နှလုံးရှိလဲ ။ တစ်နေ့တာလုပ်အားခနဲ့ လုံလောက်မှုရှိလား ။ အညွှန်းကိန်းတွေကို အဓိက အုပ်စုခွဲလိုက်ရင် ၈ ခုရပါတယ်။ စီးပွားရေး ၊အခွင့်အရေး ၊ကျန်းမာရေး ၊ပညာရေး ၊လုံခြုံရေး ၊စိတ်ချယုံကြည်ရမှု ၊ ကိုယ်ပိုင်လွတ်လပ်ခွင့် နဲ့ အုပ်ချုပ်ရေးစနစ် တို့ပဲ ဖြစ်ပါတယ်။

၁။ နော်ဝေနိုင်ငံ

စကင်ဒီနေးဗီးယန်း နိုင်ငံဖြစ်ပြီး ၇ နှစ်အကြာမှာ နောက်တစ်ကြိမ် အကောင်းဆုံး နိုင်ငံအဖြစ် ထပ်မံရွေးချယ်ခံရတာပါ။ အခြား အညွှန်းကိန်း အားလုံးမှာလည်း ထိပ်ဆုံး ၁၀ နေရာမှာ ရှိတဲ့ တစ်ခုတည်းသော နိုင်ငံ ဖြစ်ပါတယ်။

၂။ ဆွစ်ဇာလန်

 နှစ်ဆက်တိုက် ဒုတိယ အကောင်းဆုံး နိုင်ငံ အဖြစ် အရွေးခံခဲ့ရပါတယ် ။ အုပ်ချုပ်ရေးစနစ် အကောင်းဆုံးနဲ့ စီးပွားရေး တိုးတက်မှုနှုန်း ဒုတိယ အမြင့်ဆုံး နိုင်ငံ ဖြစ်ပါတယ် ။

၃။ ဒိန်းမတ်

ကျန်းမာရေးအဆင့် သတ်မှတ်ချက် က အဆင့် ၁၆ မှာရှိနေပေမဲ့ အကောင်းဆုံး အုပ်ချုပ်ရေး ၊ထိပ်တန်း အဆင့် ပညာရေးတွေကြောင့် တတိယ အကောင်းဆုံး နိုင်ငံ ဖြစ်ရခြင်း ဖြစ်ပါတယ်။

၎။နယူးဇီလန်

ဥရောပနိုင်ငံမဟုတ်တဲ့ အကောင်းဆုံး နိုင်ငံတစ်ခု ဖြစ်ပါတယ်။ ကမ္ဘာ့ အကောင်းဆုံး လူမှုရေးလှုပ်ရှားမှု အရှိဆုံး နိုင်ငံတစ်ခုဖြစ်ပါတယ်။

၅။ ဆွီဒင်

အလုပ်အကိုင် အခွင့်အလမ်းအများဆုံး ပေးနိုင်ခြင်းနဲ့ ကမ္ဘာ့ အဆင့် အမြင့်ဆုံး စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်နိုင်တဲ့ အတွက် ထိပ်တန်း နိုင်ငံ စာရင်းမှာ ပါဝင်ခြင်း ဖြစ်ပါတယ်။

၆။ ကနေဒါ

မနှစ်ကထက် အဆင့် ၁ ဆင့် နိမ့်ကျခဲ့ပေမဲ့ ကနေဒါ နိုင်ငံသားတွေက ပုဂ္ဂိုလ်ရေး လွတ်လပ်ခွင့် အရှိဆုံးဖြစ်ပါတယ်လို့ စစ်တမ်းကဖော်ပြထားပါတယ်။

၇။ ၾသစေၾတးလ်

ကမ္ဘာ့အကောင်းဆုံး ပညာရေးရှိပြီး ၃ နှစ်ဆက်တိုက် အဆင့် ၇ နေရာ ကို ရယူထားနိုင်တဲ့ နိုင်ငံ ဖြစ်ပါတယ်။

၈။ နယ်သာလန်
 

ပညာရေး ၊ကျန်းမာရေး နဲ့ လွတ်လပ်ခွင့် မြင့်မားတဲ့နိုင်ငံ ဖြစ်ပြီး ဒီနှစ်မှာ မနှစ်က အဆင့်ထက် ၁ဆင့် တိုးတက်ခဲ့ပါတယ်။

၉။ ဖင်လန်

စီးပွားရေးအညွှန်းကိန်းအရ ၃၃ နေရာမှာ ရှိနေပေမဲ့ ပဉ္စမ အကောင်းဆုံး အုပ်ချုပ်ရေး စနစ်ကို ပိုင်ဆိုင်ထားတဲ့အတွက် နံပါတ် ၉ နေရာရခဲ့တာပါ။

၁၀။ အိုင်ယာလန်

 ဘေးကင်းလုံခြုံမှု နဲ့ လုံခြုံရေး ဆောင်ရွက်မှုတို့မှာ စတုတ္ထ နေရာရတဲ့အတွက် မနှစ်ကထက် ၂ ဆင့် တိုးတက်လာပြီး အကောင်းဆုံး ၁၀ နိုင်ငံ စာရင်းမှာ ပါဝင်လာခြင်း ဖြစ်ပါတယ်။
 

Ref:twentytwowords
 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.