ရုပ်ရှင်ရိုက်ကူးသူ တစ်ဦးမှ သတင်းမှတ်တမ်း အင်တာဗျူး ပြုလုပ်ရန် မျက်ဆံမှာ ကင်မရာ အစားထိုးတပ်ဆင်

index.jpeg

ရုပ်ရှင်ရိုက်ကူးသူတစ်ဦးက သူ့မျက်ဆံကို အသေးစားကင်မရာတစ်ခုနဲ့ အစားထိုးကာ အင်္ဂါအတု တပ်ဆင်ထားတဲ့ ဂျာနယ်လစ်တစ်ဦး ဖြစ်လာမယ့် ပြောင်မြောက်တဲ့ ခြေလမ်းတစ်လှမ်း စတင်ခဲ့ပါတယ်။ Rod Spence ဆိုသူဟာ ၉ နှစ်သားအရွယ်မှာ မတော်စဆ သေနတ်ထိမှန်ပြီးနောက် မျက်လုံးတစ်ဖက် ဆုံးရှုံးခဲ့သူ ဖြစ်ပါတယ်။

ဒါပေမယ့် ဆယ်စုနှစ်တွေကြာလာတော့ အဲဒီ ကနေဒါလူမျိုး မှတ်တမ်းရုပ်ရှင်ရိုက်ကူးသူက သူ့မျက်ဆန်ကို ကင်မရာတစ်လုံးနဲ့ အစားထိုးဖို့ စိတ်ကူး ရရှိခဲ့ပါတယ်။ သူ့ကိုသူ Eyeborg လို့ ခေါ်တဲ့ Spence က ဒီ eye-cam က ကင်မရာကြီးကြီးတွေ သို့မဟုတ် ရိုက်ကူးရေး အဖွဲ့သားတွေ မပါဘဲ အင်တာဗျူးတွေ လုပ်ဆောင်စေနိုင်ကြောင်း ပြောဆိုခဲ့ပါတယ်။

အဆိုပါ ကင်မရာအတွင်းရှိ နည်းပညာကြောင့် အပူလွန်ကဲမှုမဖြစ်ဘဲ တစ်ကြိမ်မှာ ၃ မိနစ်သာ အသုံးပြုနိုင်ပါတယ်။ ယင်း eye-cam က သာမန် မျက်လုံးအတုတစ်ခုနဲ့ ဆင်တူမှုရှိပေမယ့် ကင်မရာတစ်လုံး မြုပ်ဝင်နေတာ ဖြစ်ပါတယ်။
Spence အနေနဲ့ မှန်ဘီလူးထဲကနေတဆင့် မတွေ့ရပေမယ့် eye-cam မှ တွေ့မြင်သမျှကို လက်ကိုင်မော်နီတာကနေတဆင့် မြင်တွေ့နိုင်ပါတယ်။ ၄၃ နှစ်အရွယ်ရှိတဲ့သူက ခလုတ်တစ်ခုနဲ့ ကင်မရာကို အဖွင့်အပိတ် လုပ်နိုင်တယ်လို့ ဆိုပါတယ်။

Ref:mirror.co.uk

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.