သွားပွတ်တံဟောင်းကို အကျိုးရှိရှိ အသုံးချကြမယ်

199015074_3d39b3712b.jpg

သွားတိုက်တံဟောင်းလေး တစ်ချောင်းက ဘုံဘိုင်ခေါင်းတစ်ဝိုက်ရှိ ညစ်ပတ်ပေရေနေတဲ့ အညစ်အကြေးတွေ တိုက်ချွတ်သန့်စင်ခြင်းအတွက် အကောင်းဆုံးဖြစ်ပါတယ်။ သွားပွတ်တံလေးကို ရှာလကာရည် အနည်းငယ် ဆွတ်ပြီး တိုက်ချွတ်ဆေးကြောဖို့အတွက် အသုံးပြုရပါမယ်။ ဒါ့အပြင် သွားတိုက်တံဟောင်းလေးတွေကို ဘယ်နေရာတွေမှာ ထပ်မံအသုံးပြုနိုင်သေးသလဲဆိုတာ ဖော်ပြပေးချင်ပါတယ်။

·         ရှိုးဖိနပ်မှ ဖုန်တွေကို ဖယ်ရှားဖို့ သုံးပါ။

·         သွားပွတ်တံဟောင်းတစ်ချောင်းက ကွန်ပျူတာကီးဘုတ် သန့်ရှင်းရေးလုပ်ဖို့ အကောင်းဆုံး ဖြစ်ပါတယ်။

·         သွားပွတ်တံဟောင်းလေးကို ရေဆွတ်၊ နှုတ်ခမ်းအနှံ့  ပွတ်သပ်ပေးခြင်းဖြင့် နှုတ်ခမ်းမှ အရေပြားဆဲလ်သေတွေ ဖယ်ရှားပါ။

·         အနည်းငယ် စိုထိုင်းထိုင်းဖြစ်တဲ့ သွားပွတ်တံက လက်ဝတ်ရတနာတွေ အနုစိတ်သန့်ရှင်းရေးလုပ်ခြင်းအတွက် အကောင်းဆုံးဖြစ်ပါတယ်။

·         ရေချိုးခန်း သို့မဟုတ် မီးဖိုချောင် ကြွေပြားအချင်းချင်းကြား အညစ်အကြေးများကို သွားပွတ်တံဟောင်းလေးနဲ့ ဖယ်ရှားလိုက်ပါ။ သိပ်ကြမ်းကြမ်းတမ်းတမ်းမတိုက်ပါနဲ့။ ကျိုးသွားတတ်ပါတယ်။

·         အဝတ်အစားပေါ် စွန်းထင်းမှုတွေ တိုက်ချွတ်သန့်စင်ဖို့ သွားပွတ်တံဟောင်းတစ်ချောင်းကို အရန်သင့် သိမ်းဆည်းပါ။ 

Ref: Indiatimes

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.