အပျက်သဘောထားရှိတဲ့ လုပ်ဖော်ကိုင်ဖက်တွေကို ဘယ်လို ဆက်ဆံမလဲ

c-users-susan-documents-negative-coworker-86481419.jpg

သင့်လုပ်ငန်းခွင်မှာ ဆန့်ကျင်ဘက်သဘောထား၊ မကျေမချမ်းမှုတွေနဲ့ ပွစိပွစိစကားသံတွေ ကြားနေရပါသလား။ အဲဒီ အပျက်သဘောထားက ဘယ်ကပဲ ဖြစ်ဖြစ် အကြောင်းမဟုတ်ပါ။ သဘောထားသေးတဲ့ရန်လိုမှုကို လှုပ်ရှားခုခံဖို့ စွမ်းရည် သင့်လက်ထဲ လုံးဝ ရှိနေပါတယ်။ ဒီပြသနာကို ကိုင်တွယ်ဖြေရှင်းပြီး အဆိုးမြင်ဝါဒနဲ့ ကင်းကင်းရှင်းရှင်းနေထိုင်နိုင်ဖို့ နည်းလမ်းတချို့ရှိပါတယ်။

အရင်းအမြစ်ကို သိပါ

ဆန့်ကျင်ဘက်သဘောထားက အတင်းအဖျင်း၊ ကောလာဟလ သို့မဟုတ် သတင်းမှား ပေးခြင်းကနေ အစပြုလေ့ရှိပါတယ်။ အရေးကြီးဆုံးအပိုင်းက မိမိဘာသာနားလည်သဘောပေါက်ခြင်း၊ မိမိအသိပေါ်မှာပဲ အရင်းခံခြင်းနဲ့ တဆင့်စကားဖြင့် မဟုတ်တဲ့ အဲဒီမုန်းတီးမှုရဲ့ အရင်းအမြစ်ကို ဖော်ထုတ်ဖို့ ဖြစ်ပါတယ်။

ရင်ဖွင့်ပြောဆိုပါ

အပြန်အလှန်စကားပြောဆိုခြင်းက တင်းကြပ်တဲ့ အခြေအနေတစ်ခုကို ဘယ်လောက်ထိ ကူညီပေးနိုင်လဲဆိုတာ အံ့အားသင့်စရာ ဖြစ်စေနိုင်ပါတယ်။ မိမိလုပ်ဖော်ကိုင်ဖက်ကို ဝေဖန်ထိုးနှက်ခြင်းဖြင့် အပျက်သဘောဆောင်တဲ့ သဘောထားကို လိုက်မဖြန့်ပါနဲ့။ အဲဒီလိုလုပ်မယ့်အစား ရင်ဖွင့်လိုက်ပါ။ နားထောင်ခြင်းကလည်း အလားတူ အရေးပါတယ်။ တခါတရံ လူတွေ တီးမိခေါက်မိရှိဖို့ လိုအပ်တယ်။ အတူတကွတွေ့ဆုံမှုက လုပ်ဖော်ကိုင်ဖက်ကို အကူအညီရစေနိုင်ပါတယ်။

မိမိအနေအခြေကို ထွက်ဆိုပါ

အပျက်သဘောဆောင်တဲ့ သဘောထားကို ရှင်းထုတ်ဖို့ အထိရောက်ဆုံးလက်နက် အပြန်အလှန်စကားပြောဆိုဆက်ဆံခြင်း ဖြစ်ပါတယ်။ မျိုသိပ်မထားပါနဲ့။ တည်တည်ကြည်ကြည်နဲ့ ယုံကြည်မှုရှိတဲ့ အပြုအမူမျိုး ထားပါ။ အဲဒီလုပ်ဖော်ကိုင်ဖက်နဲ့ ထိပ်တိုက် ရင်ဆိုင် တွေ့ဆုံဖို့ လိုပါတယ်။

ကင်းကင်းရှင်းရှင်းနေပါ

များသောအားဖြင့် အပြန်အလှန်စကားပြောဆိုဆက်ဆံခြင်းက အထောက်အကူဖြစ်စေသည့်တိုင် တခါတလေ ကင်းကင်းရှင်းရှင်းနဲ့ တိတ်တိတ်လေးနေတာ အကောင်းဆုံးဖြစ်ပါတယ်။ အလေးထားမှုပေးကာ မပတ်သက်မိအောင်နေခြင်းက အကောင်းဆုံး ဖြစ်တတ်ပါတယ်။ 

Ref: Indiatimes

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.