အမေသို့ အဖေ ကို ဆုံးရှုံးလိုက်ရတဲ့ ဘ၀တူ မိတ်ဆွေများအတွက် …

1_8.jpg

အမေ သို့ အဖေ ကို ဘဝရဲ့ အရေးကြီးဆုံး အချိန် ၊အားပေးစကားတွေ လိုအပ်နေချိန်မှာ ဆုံးရှုံးခဲ့ရတဲ့ အတွက် ကမ္ဘာမြေကြီးက ကျွန်မခြေဖ၀ါးအောက်မှာတင် အစိတ်စိတ်အမြွှာမြွှာ ကွဲကြေသွားသလို ခံစားလိုက်ရပါတယ်။ ထွက်ပြေးဖို့ ခြေတစ်ဖ၀ါးစာတောင် မရှိတော့အောင် အားလုံး ပြိုလဲ ပျက်စီးခဲ့ရပါပြီ။ ဘယ်လိုမှ အစားထိုးလို့ မရနိုင်တဲ့ ကျွန်မ ကမ္ဘာကြီးရဲ့ အဓိက အစိတ်အပိုင်း ကြီးတစ်ခု လွင့်ကြွေ ပျက်စီးသွားချိန်မှာ လူအများစု နားမလည်နိုင်တဲ့ ကိုယ်တွေ့ခံစားချက်တွေ အများကြီး ရခဲ့ပါတယ်။

ငိုတယ်ဆိုတာ ပျော့ညံ့တဲ့သူတွေရဲ့ အလုပ်လို့ ပြောနေကြတဲ့လူတွေရှိတယ် ။ သူတို့ကို မေ့လိုက်ပါ ။ အားရအောင် ငိုလိုက်ပါ ။ဒီလို အချိန်မှာ ကိုယ့်အတွက် ငိုဖို့လိုအပ်တယ် ။မငိုဘဲ တင်းခံနေရင် ကိုယ်ပဲ ပိုထိခိုက်နိုင်တယ် ။ဒီတော့ အားရအောင် ငိုချလိုက်ပါ။ မိဘ တစ်ဦးဆုံးရှုံးရတာဟာ ကိုယ့်အတွက် ဘက်ပေါင်းစုံက လစ်ဟာသွားစေပါတယ် ။ပထမဆုံး တက္ကသိုလ် တက်မယ့်နေ့ ၊ ဘွဲ့ယူမယ့်နေ့ ၊လက်ထပ်ပွဲ လို ဘ၀ရဲ့ အချိုးအကွေ့ ကြီးတွေမှာ အမေသာ ရှိရင် ၊အဖေသာ ရှိရင် လို့တမ်းတရတာ ဘယ်လောက်နာကျင်စရာ ကောင်းသလဲ ဆိုတာ ကိုယ်တိုင်ကြုံဖူးသူတွေသာ သိကြမှာပါ ။ ဒါပေမဲ့  ဖန်တီးယူလို့မရမယ့် ကံတရားအတွက် ပူဆွေးမနေဘဲ လက်ရှိရှိနေသေးတဲ့ မိဘ တစ်ဦးကို မရှိတော့ပြီဖြစ်တဲ့ မိဘအတွက်ပါ ပေါင်းပြီး နှစ်ဆ ပြုစုလိုက်ကြရင် ရင်ထဲက လစ်ဟာမှုကို အကောင်းဆုံး ဖြည့်ဆည်းတဲ့ နည်းတစ်ခုဖြစ်နိုင်ပါတယ်။

တစ်ခါတစ်လေမှာ သူများတွေလို မိစုံဖစုံနဲ့နေရတဲ့ ဘ၀ကို မသိစိတ်ကရော အသိစိတ်ကပါ အားကျနေတတ်ပါတယ် ။ ဒါပေမဲ့ တချို့ ကတော့ မိစုံဖစုံနဲ့ နေရပြီး မိဘ တန်ဖိုး နားမလည်တာတွေ တွေ့ရတဲ့အခါ မိဘမရှိတော့တဲ့အတွက် ဘယ်လောက် ဆုံးရှုံးမှု ကြီးမားသလဲဆိုတာကို နောင်တမရခင်  သိကြစေချင်ပါတယ်။ ကိုယ့်အတွက်ဂုဏ်ယူပေးနိုင်မဲ့ ကိုယ့်ရဲ့ကောင်းခြင်း ဆိုးခြင်း အားလုံးကို အပြုံးမပျက် လက်ခံပေးနိုင်မယ့် လူသားဆိုတာ မိဘပဲရှိပါတယ် ။ ဒါကြောင့် အသက်ရှင်ရက်ရှိနေတဲ့မိဘရော  မရှိတော့တဲ့ မိဘတွေရဲ့ ကျေးဇူးကို ကောင်းသောနည်းတွေနဲ့ ဆပ်ကြမယ်ဆိုရင် ကိုယ်တိုင်အတွက်ရော ကောင်းမွန်တဲ့ဘ၀တစ်ခုဖြစ်နိုင်လာမှာပါ ။

မိခင် သို့ ဖခင် ကို ရုတ်တရက် ဆုံးရှုံးလိုက်ရခြင်းက ဘ၀မှာ မျှော်လင့်မထားတဲ့ အချိုးအကွေ့ အများကြီးကိုကြုံရစေတဲ့အတွက်လမ်းမပျောက်စေဖိုအရမ်းအရေးကြီးပါတယ်။ကိုယ်ရှေ့ဆက်လျှောက်မယ့်လမ်းမှာ ကိုယ်ချစ်တဲ့ အမေ သို့ အဖေ မပါနိုင်တော့ပေမဲ့ အမေ သို့ အဖေ ကိုရင်ထဲမှာ အမြဲရှိနေတဲ့ သားသမီးတွေအတွက် စကားလေးတစ်ခွန်းလက်ဆောင်ပေးချင်ပါတယ်။ ဘယ်အလုပ်တစ်ခုကိုပဲ လုပ်လုပ် ဒီအလုပ်ကို ငါလုပ်လိုက်လို့ ငါ့အမေ သို့ အဖေ သာရှိရင် သဘောတူနိုင်ပါ့မလားလို့ တွေးကြည့်ပြီးမှ လုပ်ပါ ။မိဘ ဆိုတာ သားသမီးကို ဘယ်တော့မှ  မကောင်းတာ မဖြစ်စေချင်တဲ့အတွက် ကိုယ့်ဘ၀လမ်းကြောင်းကို အမေ သို့ အဖေမရှိတော့ပေမဲ့ အမေ သို့ အဖေရဲ့ ဦးဆောင်မှုအောက်မှာနေရသလို လုံခြုံအေးချမ်းနိုင်ကြပါလိမ့်မယ်။

Ref:faithit
 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.