စိတ်ဖိစီးမှု သက်သာပျောက်ကင်းစေမယ့် ဆေးဖက်ဝင် အရွက်

index.jpeg

အခုခေတ် လူနေမှုအသိုင်းအဝိုင်းနဲ့ ဘဝနေထိုင်မှုပုံစံက စိတ်ဖိစီးမှုနဲ့ စိုးရိမ်ပူပန်မှုတို့ရဲ့ ဖိနပ်မှုတွေ အမြဲခံစားနေရပါတယ်။ ဒါပေမယ့် ဒါကို ဖြစ်တတ်တဲ့ ကိစ္စပါလို့ သဘောမထားပါနဲ့။ စိတ်ဖိစီးမှုကို ဖယ်ရှားပြီး စိုးရိမ်ပူပန်မှုကို လျော့ချပေးမယ့် သဘာဝဖြေရှင်းနည်းတစ်ခုရှိပါတယ်။ လိုအပ်မှာက ဆေးဖက်ဝင် သစ်ရွက်တစ်မျိုးတည်းသာ ဖြစ်ပါတယ်။

အဲဒါကတော့ ကရဝေးရွက်ပဲ ဖြစ်ပါတယ်။ ဒီ ကုန်ကျစရိတ်သက်သာပြီး သာမန်ဆေးဖက်ဝင် သစ်ရွက်လေးက စိတ်ဖိစီးမှုနဲ့ စိုးရိမ်ပူပန်မှုကို ၅ မိနစ်အတွင်း သက်သာစေနိုင်ပါတယ်။ အတိအကျပြောရရင် ရုရှားသိပ္ပံပညာရှင် တစ်ဦးဖြစ်တဲ့ Gennady Malakhov ဆိုသူက ဒီ ကရဝေးရွက်ရဲ့စိတ်ဖိစီးမှု သက်သာရာရစေတဲ့ အစွမ်းသတ္တိကို ရှာဖွေတွေ့ရှိခဲ့တာပါ။ အချက်အပြုတ်တွေမှာ သုံးတဲ့အပင် ဆေးကုသမှုတွေမှာလည်း အကျိုးရှိတဲ့ အရာတစ်ခု ဖြစ်ပါတယ်။

ဆောင်ရွက်ပုံဆောင်ရွက်နည်း

ကရဝေးရွက်ခြောက်ကို ပြာခွက်တစ်ခုမှာ မီးရှို့ပါ။ အခန်းအတွင်း ၁၀ မိနစ်ထားပြီး ပြန်လာတဲ့အခါ ပတ်ဝန်းကျင်လေထု လုံးဝခြားနားသွားတာ သတိပြုပါလိမ့်မယ်။ မွှေးကြိုင်ပြီး သောကဖိစီးမှု ပျောက်ကင်းစေတဲ့ မီးခိုးနံ့ ရပါလိမ့်မယ်။ အသက်ကို ပြင်းပြင်းရှူပြီး သင့်ခန္ဓာကိုယ်နဲ့ စိတ်ကို ငြိမ်သက်စေပါ။

Ref:goodmorningcenter
 

93 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.