ကိုယ်ဝန်သည်အမျိုးသမီးများ ဒီနိုင်ငံတွေကို ခရီးမထွက်သင့်

landscape-1441814266-landscape-1428954214-487703601.jpg

Centers for Disease Control and Prevention (CDC) က Zika virus ပျံ့နှံ့ ဖြစ်ပွားမှု ရင်ဆိုင်နေရတဲ့ နိုင်ငံနဲ့ ဒေသတွေအတွက် သတိပေးချက်တစ်ခု ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီနိုင်ငံတွေက မက်ဆီကို၊ ဘရာဇီးလ်၊ ကိုလာမ်ဘီယာ၊ ဂွါတီမာလာ၊ ပွာတိုရီကို၊ ဗီနီဇွဲလား၊ ထိုင်းနဲ့ ဖိလိပိုင်နိုင်ငံတို့ ပါဝင်ပါတယ်။

မကြာသေးမီ ဘရာဇီးလ်နိုင်ငံမှ အစီရင်ခံစာတွေက ခြင်ကိုက်ခြင်းမှတဆင့် လူတွေဆီ ကူးစက်တဲ့ ယင်း ဗိုင်းရပ်စ်က ကလေးတွေကို မူမမှန် ဦးခေါင်းသေးနေခြင်း ဖြစ်စေတဲ့ မွေးဖွားမှုဆိုင်ရာ ပြသနာနဲ့ သက်ဆိုင်ကြောင်း ဖော်ပြ ထားပါတယ်။ ကလေးမွေးတော့မယ့် မိခင်များ Zika virus ကူးစက်ခံရပြီး ဦးနှောက်ပုံမှန်မဖွံ့ဖြိုးမှု ရောဂါတစ်မျိုးလို့ သိရတဲ့ microcephaly နဲ့ ကလေးကို မွေးဖွားခဲ့ကြပါတယ်။ ဗိုင်းရပ်စ်ရောဂါပိုး ဖြစ်နေတဲ့ ဒီနိုင်ငံများ ခရီးသွားသူအားလုံးကို ခြင်ကိုက်မခံရအောင် သတိပေးအကြံပြုထားတွေက အင်္ကျီလက်ရှည်နဲ့ ဘောင်ဘီရှည်ဝတ်ဆင်ဖို့၊ ခြင်နှင်ဆေး (insect repellent) အသုံးပြုဖို့နဲ့ ခြင်ထောင် ထောင်အိပ်ဖို့ သတိပေးထားပါတယ်။ ၄င်းအဖွဲ့အစည်းမှ အထူးသဖြင့် ကိုယ်ဝန်သည် အမျိုးသမီးအတွက် အောက်ပါအတိုင်း ကြိုတင်ကာကွယ်မှုတွေ အကြံပြုထားပါသေးတယ်။

Zika ကူးစက်မှု ဖြစ်ပွားနေတဲ့ ဒေသတွေဆီ သွားရောက်မယ့် အစီအစဉ် ခဏရွေ့ဆိုင်းပါ။ မဖြစ်မနေသွားရမယ့် ကိုယ်ဝန်ရှိ အမျိုးသမီးတွေအနေနဲ့လည်း ဆရာဝန် သို့မဟုတ် ကျန်းမာရေး စောင့်ရှောက်ပေးမယ့်သူ တစ်ယောက်ယောက်ကို အရင်ပြောပြီး ခရီးစဉ်အတွင်း ခြင်ကိုက်မခံရအောင် ဒီကာကွယ်မှု ဆင့်အဆင့်တွေကို အတိအကျ လိုက်နာသင့်ပါတယ်။

Zika virus က မွေးဖွားစဉ်ချို့ယွင်းမှုဖြစ်တဲ့ U.S case တစ်ခုနဲ့ ဆက်စပ်မှုရှိနေကြောင်း Hawaii State Department of Health ရဲ့ ပြောဆိုချက်အရ သိရပါတယ်။ ခုချိန်ထိတော့ Zika ရောဂါကို ကာကွယ် ကုသမယ့် ဆေးမရှိသေးကြောင်း သိရပါတယ်။ 

Ref: Cosmopolitan

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.