အိမ်တွင်း လေထုညစ်ညမ်းမှုက မွေးကင်းစကလေးများ ကိုယ်အလေးချိန် မပြည့်မီမှု ဖြစ်စေ

chulha-wikimedia-2.jpeg

အိန္ဒိယနိုင်ငံ ကျေးလက်ဒေသက မွေးကင်းစကလေးတွေကြား ကိုယ်အလေးချိန် မပြည့်မီးခြင်းအတွက် အဓိကအကြောင်းအရင်းတစ်ခုက ကိုယ်ဝန်ဆောင် အမျိုးသမီးများ အိမ်တွင်း လေထု ညစ်ညမ်းမှုနဲ့ အဆက်မပြတ် ထိတွေ့ခြင်းကြောင့်လို့ ဆရာဝန်များရဲ့ အဆိုအရ သိရပါတယ်။

ထင်းမီး၊ ကျောက်မီးသွေးနဲ့ လောင်စာအဖြစ် တိရိစ္ဆာန်ချေး မီးရှို့ခြင်းစတဲ့ မီးဖိုကြောင့်ဖြစ်တဲ့ အိမ်တွင်း လေထုညစ်ညမ်းမှုက အမျိုးသမီးများကြား အသက်ရှူမှုဆိုင်ရာ ရောဂါများအပါအဝင် ရောဂါ တသီကြီး ဖြစ်ပေါ်ခြင်းနောက်ကွယ်က အဓိက အကြောင်းအရင်းဖြစ်ပါတယ်။

မွေးကင်းစများ ကိုယ်အလေးချိန်မပြည့်မီခြင်းအပြင် ကိုယ်ဝန်ဆောင် အမျိုးသမီးများ ညစ်ညမ်းလေထုနဲ့ အမြဲထိတွေ့နေခြင်းက ဦးနှောက်ချို့ယွင်းခြင်း၊ ပန်းနာနဲ့ ပုံမှန်ဖွံ့ဖြိုးမှု မရှိခြင်းတွေ ဖြစ်စေနိုင်ပါတယ်။

ကိုယ်ဝန်ဆောင်အမျိုးသမီးများ လေထုညစ်ညမ်းမှုနဲ့ ထိတွေ့လွန်းပါက အောက်ဆီဂျင်လေဝင်လမ်းကြောင်း အနှောင့်အယှက် ဖြစ်စေမှုကြောင့် အော်ဆီဂျင် အလုံလောက်မရရှိခြင်းနဲ့ ကိုယ်အလေးချိန်မပြည့်မီခြင်း သို့မဟုတ် သေဆုံးမှုတောင် ဖြစ်စေကြောင်း Apollo Hospital and Fortis မှ သားဖွားဆရာဝန်နဲ့ မီးယပ်ရောဂါအထူးကုဆရာဝန် Bandita Sinha က ပြောဆိုခဲ့ပါတယ်။

အိမ်တွင်းလေထုညစ်ညမ်းမှုကြောင့် အိန္ဒိယနိုင်ငံမှာ နေ့စဉ် အသက် ၅၀၀၀၀၀ ဆုံးရှုံးရတယ်လို့ All India Institute of Medical Sciences (AIIMS) ရဲ့ ဒေတာအချက်အချက်အရ သိရပါတယ်။ အများစုက အမျိုးသမီးများနဲ့ ကလေးများ ဖြစ်ပါတယ်။ 

Ref: Indianexpress

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.