ကိုယ်တိုင်ဖန်တီးပြုလုပ်ထားတဲ့ လက်စွပ်နဲ့ စေ့စပ်ခွင့်တောင်းခဲ့တဲ့ အမျိုးသား

imgur-user-handmade-engagement-ring.jpg

ကိုယ့်ရဲ့  လက်တွဲဖော်ဟာ ဖန်တီးနိုင်စွမ်းရှိသူ တစ်ယောက် ဖြစ်နေတဲ့အခါမှာ ရလဒ်တွေဟာ အမြဲတမ်း ချိုမြိန်နေတတ်ပါတယ်။ မွေးနေ့ဆုတောင်း ကတ်လေးထဲမှာ ကဗျာလေးတစ်ပုဒ် ထည့်ရေးလိုက်တာပဲ ဖြစ်ဖြစ် ၊ မမျှော်လင့်ထားတဲ့ ပန်းချီကားတစ်ချပ်နဲ့ ကိုယ့်နာမည်ကို ရောင်စုံ ပုံဖော်လာတာပဲဖြစ်ဖြစ် ပေါ့။ ဒါပေမယ့်လည်း Imgur ဆိုတဲ့ လူမှုကွန်ရက်ကို သုံးစွဲတဲ့ Jarvicious ဆိုသူ အမျိုးသားဟာ သူ့ရဲ့ ချစ်သူကောင်မလေး ကို ပြုလုပ်ပေးခဲ့တဲ့ ချိုမြိန်တဲ့အရာတစ်ခုကတော့ သိပ်ကို ကဗျာဆန်လှပါတယ်။
 

ထိုအမျိုးသားဟာ သူချစ်သူကောင်မလေးအတွက် စေ့စပ်ခွင့်တောင်းတဲ့ လက်စွပ်ကို ကိုယ်တိုင်ကိုယ်ကျ ပြုလုပ်ခဲ့ပါတယ်။ သူဟာ သူ့ရဲ့  အိမ်မှာ လက်ဝတ်ရတနာ ပြုလုပ်တဲ့ စက်ကို တပ်ဆင်ပြီး အခုလို ပြုလုပ်ခဲ့ တာလည်း ဖြစ်ပါတယ်။ အခုလို လက်ဆောင်ကို တစ်ယောက်တည်းအားနဲ့ ပြုလုပ်ခဲ့တာဟာ တစ်ကိုယ်ကောင်းဆန်တယ်လို့ ထင်မှတ်နိုင်ရပေမယ့် ထိုအမျိုးသားဟာ လက်စွပ်တစ်ကွင်းဖြစ်လာဖို့ တစ်ဆင့်ပြီး တစ်ဆင့် ဆောင်ရွက်ခဲ့ရတာပါ။ လက်စွပ်ပြုလုပ်မှု ပြီးစီးသွားတဲ့အခါမှာတော့ သူကိုယ်တိုင်ဖန်တီးထားတဲ့ စိန်နဲ့ ဆင်တူတဲ့ ကျောက် ၅ ကာရက်တပ်ဆင်ထားတဲ့ လက်စွပ်နဲ့ စေ့စပ်ခွင့်တောင်းခံခဲ့ရာမှာ ချစ်သူကောင်မလေး ရဲ့  သဘောတူလက်ခံမှုကိုလည်း ရရှိခဲ့သလို ကုန်ကျစရိတ်ဟာလည်း ဒေါ်လာ ၃၀၀ သာကျသင့်ခဲ့ပါတယ်။ သူ ထိုလက်စွပ်ကို ဘယ်လိုလုပ်ခဲ့တယ် ဆိုတာကိုတော့ ဆက်လက်ဖတ်ရှုနိုင်ပါတယ်။
 
 

၁။ လက်ဝတ်ရတနာ ပြုလုပ်တဲ့ စက်ရုံငယ်တစ်ခုကို တည်ဆောက်ပါတယ်။
 
 

၂။ ကြေးနီ အစိတ်အပိုင်းလေးတွေနဲ့ စတင်လိုက်ပါတယ်။
 
 

၃။ သတ္တုတစ်ခုကို လိုချင်တဲ့လက်အရွယ်အစားအတိုင်းကွေးညွှတ်ပြီး ကြေးနီ ပြားကို လက်စွပ်ပုံဖြစ်စေပါတယ်။
 
 

၎ ။ချစ်သူကောင်မလေးရဲ့  လက်စွပ်တစ်ကွင်းကို ငှားပြီး လက်အတိုင်း ရယူပါတယ်။
 
 

၅။ အသေးစိတ်လိုအပ်ချက် တွေကို ဂရုစိုက်ပါတယ်။ ထည့်သွင်းလိုတဲ့ အလှဆင်ပစ္စည်းတွေကိုလည်း ဂရုစိုက်ရပါတယ်။
 
 

၆။ အောက်ခံ လက်စွပ်ရဲ့  ဒီဇိုင်းအချောကို ပြုလုပ်ပြီးတဲ့နောက် ထည့်သွင်းလိုတဲ့ အလှဆင် ကျောက်တွေကို တပ်ဆင်ပါတယ်။
 
 

၇။ နောက်ဆုံးမှာတော့ သူ့ရဲ့  ချစ်သူကောင်မလေးက သူ့ရဲ့  စေ့စပ်ခွင့်တောင်းမှုကို လက်ခံလိုက်ရပါတယ်။
 

 

Ref:popsugar

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.