ဓာတ်ပုံကို တန်းထုတ်ပေးမယ့် သင့်အတွက် မရှိမဖြစ် ကင်မရာ

polaroid-snap-instant-camera.jpg

အခုနှစ် Consumer Electronics Show မှာ ကြေငြာခဲ့တဲ့ Polaroid Snap+ က ကုမ္ပဏီရဲ့ Polaroid Snap ကင်မရာအတွက် ဒီဂျစ်တယ်စနစ် အဆင့်မြင့်ဆောင်ရွက်မှုတစ်ခု ဖြစ်ပြီး ဒါကို ပြီးခဲ့တဲ့ စက်တင်ဘာလက ကြေငြာခဲ့ပါတယ်။ လူတိုင်း သူ့ရဲ့ မင်ရည်လုံးဝမပါဘဲ printing လုပ်နိုင်စွမ်းရည်ကို စိတ်စားဝင်နေခဲ့ကြပါတယ်။

ယင်းကင်မရာမှာ ပါဝင်တဲ့ အချက်အလက်များမှာတော့

·         13 megapixels

·         Bluetooth

·         A 3.5-inch touchscreen LCD

·         1080p HD video recording

·         The ability to connect other devices like a tablet (တက်ဘလက်ကဲ့သို့ တခြားစက်များနဲ့ ချိတ်ဆက်အသုံးပြုနိုင်ခြင်း)

·         A selfie mirror

·         MicroSD card with 128GB

·         A companion app

·         Will be available in three colors, red, blue, black and white

ယင်းကင်မရာရဲ့ အားသာချက်က app နဲ့ Bluetooth အသုံးပြုနိုင်မှု ဖြစ်ပါတယ်။ သင့် tablet မှာ ဓာတ်ပုံ ၁ ပုံရှိတယ်ဆိုပါစို့ ။ app ကို tablet နဲ့ download ဆွဲ၊ ဓာတ်ပုံကို edit လုပ် ပြီး app ထဲရှိ အပျော် emoji တစ်ခုခုဆွဲထည့်ပြီး ကင်မရာနဲ့ print လုပ်လိုက်ရုံ ဖြစ်ပါတယ်။ ဓာတ်ပုံ ၁၀ ပုံထက်မက print ထုတ်လုပ်နိုင်ပြီး တစ်ချိန်တည်းမှာ ကင်မရာကိုပါ အသုံးပြုနိုင်ပါသေးတယ်။

ကျွန်ုပ်တို့ဟာ Selfie ခေတ်မှာ အသက်ရှင်နေကြတာမို့ ကင်မရာမှာ selfie mirror တစ်ခု ပါရှိပါတယ်။ ဖြန့်ချိမယ့် ရက်စွဲ နဲ့ ဈေးနှုန်းနဲ့ ပတ်သက်ပြီး ဖော်ပြပြောဆိုမှု တစ်စုံတစ်ရာမရှိသေးပေမယ့် လက်ရှိ Snap ကင်မရာဈေးနှုန်း မှာတော့ $99 ရှိကြောင်း သိရပါတယ်။ 

Ref: popsugar

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.