၂၀၁၅ ခုနှစ် ဗြိတိန်ပါရမီရှင်များပွဲ – တိရစ္ဆာန်မွေးမြူသူများက Marc Metral ရဲ့စကားပြောတတ်တဲ့ခွေးကလေး ဝန်ဒီ အပေါ်စိုးရိမ်မကင်းဖြစ်ကြောင်း ပြောကြ

medium_gnyxvoigzxfaokw2ibncanb3dzd_83vl0gzp5sld9is.jpg

Marc Metral ဟာ ဒိုင်လူကြိးများရဲ့ တခဲနက်အားပေးမှုကို ရရှိကောင်းရရှိနိုင်ပေမဲ့ လူတိုင်းတော့ ကိုယ့်အသံကို အခြားလူ တစ်ယောက်မှ ထွက်လာဟန် ဖန်တီးနိုင်တဲ့ သူ့ကိုတော့ လူတိုင်းနှစ်သက်ပုံ မပေါ်ပါဘူး။ သူရဲ့စကားပြောတတ်တဲ့ခွေးကလေး ဝန်ဒီကြောင့် အသက် ၆၁ နှစ်အရွယ် ပဲရစ်နိုင်ငံသား Marc Metral ဟာ လာမဲ့စနေနေ့ညပြပွဲမှာ အထစ်အငေါ့မရှိ အောင် မြင်လိမ့်မယ်လို့ ၁၀ မီတာအကွာမှ ပရိသတ်တွေ သုံးသပ်ခဲ့ပါတယ်။

ဒါပေမဲ့ အခုလိုခွေး ကလေးစကားပြောပုံ၊ သီချင်းဆို နေတဲ့ပုံစံဖြစ်နေသကဲ့သို့ ဆောင်ရွက်ဖို့အတွက် အဲဒီ ခွေးကလေးရဲ့နှုတ်သီးပေါ်မှာ ထိန်းချုပ်ရေးပစ္စည်း (mask) တစ်ခု တပ်ထားတယ်လို့ အကြုံပြုပြောဆိုမှုတွေ၊ လုပ်ဆောင်မှုတွေနှင့် ပတ်သက်လို့ တိရစ္ဆာန်တွေကို မညှာမတာသတ်ဖြတ်မှု တားဆီးစုံစမ်းရေးအဖွဲ့ (RSPCA) က စိုးရိမ်မကင်းဖြစ်မိ ကြောင်း ထုတ်ဖော်ပြောခဲ့ တယ်လို့ အစီစာများအရသိရပါတယ်။ ဗြိတိန်ပါရမီရှင်များ အရည်အချင်းအချင်းပြသပွဲမှာ ဝန်ဒီ ထိန်းချုပ်ရေး ပစ္စည်းအတပ်ခံခဲ့ရတာကို သေးသေးကွဲကွဲ မသိရသေးဘူးလို့ ပြောရဲဆိုခွင့်ရှိသူက ကြေးမုံ ကို ပြောပြခဲ့ပါတယ်။

ဒါပေမဲ့ အဲဒီခွေးလေးဟာ စိတ်ဆင်းရဲခံခဲ့ရကြောင်း ရှင်းရှင်းလင်းလင်းသိရှိအောင် RSPCA က အရေးယူဆောင်ရွက်နေပါတယ်။ သုံးစွဲခဲ့တဲ့ နည်းလမ်းတွေနှင့် အဲဒီနည်းလမ်းတွေက ခွေး ကလေးအပေါ် ဘယ်လိုအကျိုးသက်ရောက်စေခဲ့တယ် စတာတွေကို သိရှိရန် ပြိုင်ပွဲကို ကျွန်တော်တို့ ဆက်သွယ် မေးမြန်းသွားပါမယ်။ ဝန်ဒီဟာ ထိန်းချုပ်ရေးပစ္စည်း အတပ်ခံခဲ့ရချိန်မှာ လေကောင်းကောင်းရှူရှိုက်နိုင်ပြီး ပါးစပ်ကိုလည်း လှုပ် ရှားလို့ရတယ်လို့ ကျွန်တော်တို့ သိရှိပါတယ်။ အဲဒီထိန်းချုပ် ပစ္စည်းကို စင်ပေါ်မတက်မီ တပ်ဆင်ခဲ့ပြီး တင်ဆက်ပြီးတာနဲ့ ပြန်လည် ဖယ်ရှားခဲ့ပါတယ်။ အသံအကဲဖြတ်စစ် ဆေးချိန်မှာ တိရစ္ဆာန်များ တင်ဆက်ဖြေဖျော်မှု နှင့်ပတ်သက်လို့ RSPCA ရဲ့ လမ်းညွန်မှုတွေကို ဆွေးနွေးပြီး သူရဲ့တင်ဆက်မှုနှင့် ပတ်သက်လို့လည်း အသေးစိတ် ရှင်းလင်းပြောကြားခဲ့တယ်လို့ ဗြိတိန် ပါရမီရှင်များပွဲ ပြောရေးဆိုခွင့်ရှိသူတစ်ယောက်က Metrol. co. uk ကိုပြော ကြားခဲ့ပါတယ်။

ဒါကြောင့် Marc ဟာ RSPAC က ချမှတ်ထားတဲ့ လမ်းညွန် ချက်များနှင့်အညီ တင်ဆက်ခဲ့လို့ ကျွန်တော်တို့ မစိုးရိမ်ပါဘူး။ အသုံးပြုခဲ့တဲ့နည်းလမ်းတွေနှင့် ကြိုတင်ကာကွယ်တဲ့ အကြောင်းပြောပြဖို့ RSPAC မှ စကားအလာကို စောင့်မျှော်နေပါတယ်။ ပြီးတော့ ၁၉၈၀ ခုနှစ်မှစလို့ Marc ဟာ တိရစ္ဆာန်တွေကိုပြုစုပေးခဲ့ပြီး ဝန်ဒီကိုတော့ လွန်ခဲ့တဲ့ ၅ နှစ်လောက်က ပြုစုခဲ့တာပါ။ ဝန်ဒီကို ဟိုးငယ်ငယ် လေးမှစလို့ လေ့ကျင့်ပြုစုမှုတွေအကြောင်း ထပ်လောင်းပြောကြားပြီး တိရစ္ဆာန်အရေးနှင့် ပတ်သက်လို့ စိုးရိမ်မှုတွေ ကိုလည်း ဖွင့်ဟပြော ဆိုခဲ့ပါတယ်။ ဒီခွေးလေးဟာ တင်ဆက်ပြသရတာကို သဘောကျနှစ်သက်ပါတယ်။ ကျွန်တော်လည်း သူ့ကို ဘယ်တော့မှ စိတ်ဆင်း ရဲအောင် မလုပ်ဘူး။ အလုပ်ကိုသွားတာတော့၊ နောက်ပြီး စင်မြှင့်ပေါ်သွားတာတော့ကို သူမ အရမ်းသဘောကျတယ်။

Marc ရဲ့ဖြေဖျော်တင်ဆက်မှုဟာ ဗြိတိန်ပါရမီရှင်များပွဲမှာ ပထမ အမျိုးအစားဖြစ်သော်လည်း စကားပြောတဲ့ခွေးကို ပွဲထုတ်ပြသတာတော့ ပထမအကြိမ် မဟုတ်ပါဘူး။ ကိုယ့်အသံကို အခြား လူတစ်ယောက်မှထွက်လာ ဟန်ဖန်တီးနိုင်တဲ့သူ Todd Oliver လည်း ၂၀၁၂ ခုနှစ် အမေရိကန် ပါရမီရှင်များပွဲ နောက်ဆုံးဗိုလ်လုပွဲမှာ သူရဲ့စကားပြော တတ်တဲ့ခွေး Irving နှင့် တင်ဆက်ပြသခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီပွဲမှာတော့ ခွေးလေးရဲ့ထိန်းချုပ်ပစ္စည်းက နည်းနည်းသိသာ မြင်သာနေခဲ့ပါတယ်။ အဲဒီ အမေရိကန်ပါရမီရှင်များပွဲကို အောက်ပါဗီဒီယိုကလစ်မှာ အနည်းငယ်ကွဲပြားနေတဲ့သူ့ရဲ့အသံကို နားထောင်နိုင်ပါတယ်။

Ref:metro.co.uk

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.