သွားတွေ အတွက် အန္တရာယ်ရှိတဲ့ အစားအသောက် (၆) ခု

food-for-teeth.jpg

ကျန်းမာသန်စွမ်းသော သွားများရရှိပိုင်ဆိုင်လို့ တောက်ပတဲ့ အပြုံးပိုင်ရှင် လူတိုင်းဖြစ်ချင်ကြပါတယ်။ သွားများ ဖြူဖွေး တောက်ပြောင်စေမယ့် ကျန်းမာရေးနဲ့ ကိုက်ညီသော ရွေးချယ်မှုများစွာရှိနေစဉ်မှာပဲ သွားကို ထိခိုက်ပျက်စီးစေတတ်တဲ့ အစားအသောက်တချို့လည်း ရှိပါတယ်။ ဒီအန္တရာယ်တွေ မဖြစ်အောင် တားဆီးဖို့ ရှောင်ရှားသင့်တဲ့ အရာများကတော့

သကြားလုံးများ

သကြားလုံးက အထူးသဖြင့် အမာစား သကြားလုံးများက သွားကျန်းမာရေးအတွက် ဆိုးကျိုးဖြစ်စေတဲ့ သကြားအချိုဓာတ် အမြောက်အမြား ပါရှိပါတယ်။ ယင်းအဓာတ်ချိုဓာတ်များက သွားပိုးပေါက်များ ဖြစ်ပွားစေနိုင်ပြီး သွားကြား၊ သွားနံရံတွေမှာ ကပ်ကျန်ကာ ဘက်တီးရီးယားပိုးများ ပိုမိုများပြားစေပါတယ်။

လက်ဖက်ရည်နဲ့ ကော်ဖီ

ကော်ဖီနဲ့ လက်ဖက်ရည်အချို့ မှာတောင် ပါတဲ့ tannic acid များက သွားကြွေကို စားသွားနိုင်ပြီး သွားကို စွန်းထင်းစေပါတယ်။ လက်ဖက်ရည်  သို့မဟုတ် ကော်ဖီကို လုံးဝ လက်မလွှတ်နိုင်က နည်းနိုင်သမျှ လျှော့သောက်ပါ။ နောက်ပြီး ရည်နွေးကြမ်းကိုလည်း ရွေးချယ် သောက်သုံးနိုင်ပါတယ်။

ရှာလကာရည် (သို့) ဆားရည် စိမ်ထားသော ဟင်းသီးဟင်းရွက်

ကျွန်ုပ်တို့ အဲဒီအသီးအရွယ်တွေကို ထမင်းနဲ့ တွဲဖက်သောက်တာ မြိန်ရှက်ကြပါတယ်။ ဒါပေမယ့် ဒီလို အက်ဆစ်ဓာတ်အလွန်များတဲ့ ရှာလကာရည်နဲ့ သကြားဓာတ် ပေါင်းစပ်ခြင်းက သွားကြွေတိုက်စားစေတဲ့ လမ်းစ တစ်ခု ဖြစ်ပါတယ်။

ရှောက်၊ သံပုရာမျိုးဝင်အသီးများ

သံပုရာသီး၊ သံပုယိုသီး၊ လိမ္မော်သီးနဲ့ စပျစ်သီး အားလုံးတို့ဟာ သွားကြွေစားခြင်း၊ သွား ယိုယွင်းပျက်စီးမှု ဖြစ်စေနိုင်တဲ့ citric acid အပြည့်ပါဝင် ပါတယ်။ အဲဒါတွေကို လုံးဝ မရှောင်နိုင်က အက်ဆစ်ဓာတ်များတဲ့ အစားအစာနဲ့ အချိုရည်တွေ ရှောင်ပြီး နည်းနိုင်သလောက် နည်းအောင်ကြိုးစားပါ။ အက်ဆစ်ဓာတ်ပါမပါ သိရှိဖို့ အကောင်းဆုံးနည်းလမ်းကတော့ သွားကို အလွယ်တကူ စွန်းထင်းစေလား ကြည့်ရမှာ ဖြစ်ပါတယ်။

ဆော်ဒါ

ဆော်ဒါက သကြား၊ အက်ဆစ်နဲ့ သွားအတွက် မကောင်းတဲ့ carbonation ပေါင်းစပ်ထားတာ ဖြစ်ပါတယ်။ ဒါ့ကြောင့် သွားကြွေ တိုက်စားခြင်းနဲ့ ယိုယွင်းပျက်စီးမှု ဖြစ်စေပါတယ်။

စပျစ်ဝိုင်

ဝိုင်ကို ရံဖန်ရံခါသောက်ခြင်းက နှလုံးနဲ့ ကိုလက်ထရောလ် အတွက် ကောင်းမွန်နိုင်ကြောင်း လေ့လာမှုများမှ ဖော်ပြထားစဉ်မှာပဲ သွားကို အလွယ်တကူ စွန်းထင်းစေနိုင်ပါတယ်။ ဝိုင် အနီရော အဖြူမှာပါ ပါဝင်တဲ့ အက်ဆစ်ဓာတ်က သွားအပေါ်ယံ ပျက်စီးစေပြီး အစွန်းထင်း ဖြစ်စေတဲ့ အကြောင်းလည်း ဖြစ်ပါတယ်။ 

Ref: Indiatimes

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.