ရေချိုးခန်း မသုံးရတဲ့ အင်ဒိုနီးရှားက Tidong လူမျိုးတို့ရဲ့ မင်္ဂလာဓလေ့

wedding-of-tidung.jpg

အင်ဒိုနီးရှားနိုင်ငံက Tidong လူမျိုးတွေရဲ့ ထုံးတမ်းစဉ်လာတွေက အရမ်းထူးခြားပါတယ်။ ချစ်စရာ အကောင်းဆုံး ဓလေ့တစ်ခုကတော့ သတိုးသမီးကို သတိုးသားက သီချင်းအများကြီး မဆိုပြရင် သတိုးသမီးရဲ့မျက်နှာကို ကြည့်ခွင့်မရနိုင်ပါဘူး ။

သတိုးသားက သတ်မှတ်ထားတဲ့ သီချင်း အရေအတွက်ကို သီဆိုပြီးမှသာ မင်္ဂလာ သတိုးသားနဲ့ သတိုးသမီးကြားမှာ ကာရံထားတဲ့ လိုက်ကာစကို ဖယ်ရှားပစ်တာ ဖြစ်ပါတယ်။ အထူးခြားဆုံးကတော့ သတိုးသားနဲ့သတိုးသမီးက မင်္ဂလာဆောင်ပြီး သုံးရက် သုံးည အတွင်း ရေချိုးခန်းကို အသုံးမပြုရပါဘူး။

Tidong လူမျိုးတို့ရဲ့အယူအဆ အရ သုံးရက်သုံးည ဓလေ့ကို ဖောက်ဖျက်ခဲ့ရင် မင်္ဂလာမောင်နှံမှာ ကံဆိုးခြင်းတွေ ကြုံတွေ့မှာဖြစ်ပါတယ် ။အိမ်ထောင်ကွဲခြင်း ၊ သားသမီးမရခြင်း နဲ့ သားသမီး အရွယ် မရောက်ခင် သေဆုံးခြင်း တို့ ဖြစ်တတ်ပါတယ်။ ဒါကြောင့် မင်္ဂလာ မောင်နှံကို လူများစွာက စောင့်ကြည့်နေပြီး အစာနဲ့ရေ အနည်းငယ်သာ ကျွေးပါတယ်။ သုံးရက်ပြည့်ပြီးနောက်နေ့မှ ရေချိုးပြီး ပုံမှန်ဘ၀ထဲသို့ ပြန်လည် ၀င်ရောက်ခွင့်ရကြပါတာဖြစ်ပါတယ် ။

 

Ref:wonderslist

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.