အမျိုးသမီးများ အကြမ်းဖက်ခံရခြင်းနှင့် လိင်ပိုင်းဆိုင်ရာ စော်ကားမှုများမှ ကာကွယ်ပေးနိုင်မည့် ရတနာပစ္စည်းပုံစံ ကိရိယာတစ်မျိုး ဖန်တီး

o-athena-570.jpg

လက်ရှိအချိန်တွင် အင်္ဂလန်နိုင်ငံ၌် နှစ်စဉ် အမျိုးသမီး  ၃ သန်းခန့်သည် အကြမ်းဖက်မှု အမျိုးမျိုး ကြုံတွေ့နေရသည်။ဆိုလိုသည်မှာ ၆ မိနစ်လျှင် အမျိုးသမီး ၁ ယောက်နှုန်း အနိုင်ကျင့် ခံနေရခြင်းပင် ဖြစ်သည်။ Athena ဟုခေါ်သော ကိရိယာငယ်သည် အမျိုးသမီးတစ်ဦး  ခြိမ်းခြောက် ခံနေရသည်ဟု ခံစားရလျှင် ခလုတ်တစ်ခုကို နှိပ်လိုက်ရုံဖြင့် ကျယ်လောင်သော အချက်ပေးသံ ထွက်ပေါ်လာမည်။ ထို့နောက်တွင် မိမိနှင့် ရင်းနှီးသောသူများထံသို့ မိမိရောက်ရှိနေသော တည်နေရာကို စာသားမက်ဆေ့ခ်ျများ ပေးပို့သွားမည် ဖြစ်သည်။

ကိရိယာတီထွင်သူ Yasmine Mustafa က “ Athena က တိုက်ခိုက်ခံရမှုကို တားနိုင်ပြီး အရေးပေါ် အကူအညီတောင်းနိုင်ဖို့ ရည်ရွယ်ပြုလုပ်ထားပါတယ် “ဟုဆိုသည်။၎င်းကို ဆွဲကြိုးပေါ်တွင်လည်းကောင်း၊ ခါးပတ် အတွင်း၌ လည်းကောင်း၊ လက်ကိုင်အိတ်၏ ကြိုးအတွင်း၌ လည်းကောင်း ချိတ်ဆွဲ အသုံးပြုနိုင်သည်။

အမျိုးသမီးများအနေဖြင့် မိမိတို့ ကိုယ်ကို အကာအကွယ်ပေးနိုင်မည့် လက်နက် ကိရိယာများ ဆောင်ထားရန် မလိုအပ်တော့ဘဲ လုံခြုံမှုရှိစွာ သွားလာနိုင်ရန် ရည်ရွယ်ပါသည်။ ၄င်းကိရိယာကို ၂၀၁၆ မေလ အစောပိုင်းတွင် ထုတ်လုပ်နိုင်ရန် မျှော်မှန်းထားပြီး  ၉၉ ဒေါ်လာခန့် ကျသင့်မည်ဖြစ်သည်။

ပစ္စည်းရောင်းချရငွေ၏ တချို့တ၀က်ကို အကြမ်းဖက်မှု လျှော့ချရေး ပညာပေး အစီအစဉ်များအတွက် အသုံးပြုသွားမည် ဟုဆိုသည်။ အမျိုးသမီး အကြမ်းဖက်ခံရမှုများတွင် လူစိမ်းများ၏ ကျူးလွန်မှုများ အပြင် မိမိချစ်ခင်ရသူများ၏ အနိုင်ကျင့်ခံရခြင်း ၊အိမ်တွင်း အကြမ်းဖက်ခံရခြင်းများလည်း ရှိရာ ဤကိရိယာများသည် အိမ်၌ပင် ၀တ်ဆင်ထားနိုင်မည် ဖြစ်သည်။

Ref:huffingtonpost

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.