စူပါမားကတ်တွေမှာ သစ်သီးဝလံတွေ ဝယ်တဲ့အခါ ဒီ နံပါတ်တွေ သတိပြုဖို့လို

index.jpeg

ကျွန်ုပ်တို့ နေ့တိုင်း အစားအသောက် ဝယ်ကြပါတယ်။ သက်တမ်းကုန်ဆုံးရက်ကို ကြည့်လေ့ရှိတယ်။ သစ်သီး၊ ဟင်းသီးဟင်းရွက်တွေ လတ်ဆတ်မှုရှိမရှိကိုလည်း ကြည့်ကြပေမယ့် အစားအသောက်ပေါ်က နံပါတ်တွေ ဘာကို ဆိုလိုသလဲဆိုတာ မေးဖူးကြပါသလား။ အဲဒါတွေဟာ သင် ထင်ထားတာထက် များစွာအရေးကြီးနေပါတယ်။ စူပါမားကတ်တွေမှာ သစ်သီးဝလံတွေကို ၀ယ်တော့မယ်ဆို စတစ်ကာပေါ် ပုံနှိပ်ထားတဲ့ ကိန်းဂဏန်းများက ဈေးနှုန်းသတ်မှတ်ချက် စစ်ဆေးဖို့ price look – up (PLU) လို့ သိရပါတယ်။

နံပါတ် ၄ လုံး သို့မဟုတ် ၅ လုံး တို့က အစားအသောက်ကို မျိုးရိုးဗီဇပြောင်းလဲထားတာလား၊ သဘာဝအတိုင်း စိုက်ပျိုးထားခြင်းလား သို့မဟုတ် ပိုးသတ်ဆေး/ ပေါင်းသတ်ဆေး သုံးစိုက်ပျိုးထုတ်လုပ်တာလား ဆိုတာ ခွဲခြားစေမှာ ဖြစ်ပါတယ်။

သိထားဖို့ လိုအပ်သည့် အချက်များ

4 – Digit PLU Code နံပါတ် ၄ လုံးပါ ကုဒ်

ဥပမာ ပန်းသီးပေါ်မှာ တွေ့ရတဲ့ ဒီ 4-Digit PLU Code က ငွေသိမ်းကောင်တာက စာရေးမလေးကို ဘယ်ဟာက small Fuji (4129)၊ ဘယ်ဟာက Honeycrisp (3283) သိပြီး ဘယ်လောက် ကျသင့်လဲဆိုတာနဲ့ အသေးစိတ်စာရင်းကို ဖော်ပြပေးမှာ ဖြစ်ပါတယ်။ PLU မှာ နံပါတ် ၄ လုံးသာ ပါရင် အဲဒီထုတ်ကုန်ဟာ ပိုးသတ်ဆေးအသုံးပြု စိုက်ပျိုးထုတ်လုပ်တာ ဆိုလိုပါတယ်။

5 – Digit PLU Code နံပါတ် ၅ လုံးပါ ကုဒ်

(၁) ၈ နဲ့စပြီး PLU code မှာ ဂဏန်း ၅ လုံးပါရင် မျိုးရိုးဗီဇပြောင်းလဲ စိုက်ပျိုးထား (genetically modified GMO) တဲ့ ဟင်းသီးဟင်းရွက် သို့မဟုတ် သစ်သီး ဖြစ်ပါတယ်။ GMO ငှက်ပျောသီးက 84011 ပါ နေပါလိမ့်မယ်။
(၂) ၉ နဲ့ စတဲ့ ဘယ်ဟာမဆို သဘာဝမြေသြဇာသုံး (organic) စိုက်ပျိုးထုတ်လုပ်တာဖြစ်တယ်။ Organic banana နံပါတ်က 94011 ဖြစ်ပါလိမ့်မယ်။

PLU Code တွေကို ဘယ်လောက်ထိ ယုံကြည်ရမှာလဲ

နံပါတ် ၉ ကလွဲလို့ တခြားနံပါတ်တွေအားလုံးက အလကားသက်သက်သာ ဖြစ်ပါတယ်။ နံပါတ် ၈ ကို စားသုံးသူများမှ အသုံးပြုဖို့ စဉ်မံထားခြင်းတော့ မဟုတ်ပါ။ လက်လီဖြန့်ချိသူ GMO နဲ့ non-GMO ကို ခွဲခြားသိနိုင်ဖို့ ဖန်တီးထားခြင်း ဖြစ်ပါတယ်။

GMOs ကို ရှောင်ကြဉ်ဖို့ သိထားရမယ့် အချက်များ

GMO free လို့ အမှတ်တံဆိပ် ကပ်ထားတဲ့ ကုန်ပစ္စည်းကို ရှာကြည့်ပါ။

သဘာဝ မြေသြဇာသုံး ထုတ်ကုန်ကို ဝယ်ပါ။ ဒေသတွင်း ရာသီအလိုက် စိုက်ပျိုးထုတ်လုပ်တဲ့ အစားအစာကို ဝယ်ယူပါ။

 

Ref:healthadvisor-team
    
 

1 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.