ခွေးများလည်း ကျွန်ုပ်တို့လို မျက်နှာ အမူအရာကို အကဲခတ်

cutest-dog-ever-615x330.jpg

အိမ်မွေး ခွေးများရဲ့ ငေးစိုက်ကြည့်တဲ့ အပြုအမူက မျက်နှာထားကို သေချာစူးစိုက်ကြည့်ခြင်း၊ မျက်လုံးကို အဓိကထားကြည့်ခြင်းစတဲ့ လူတွေရဲ့ အပြုအမူနဲ့ ဆင်တူပါတယ်။

University of Helsinki မှ သုတေသနပညာရှင်များက ခွေးတွေဟာ ခွေးအချင်းချင်းနဲ့ လူ့မျက်နှာ အမူအရာတွေ ဘယ်လိုကြည့်ကြလဲ ရှင်းပြဖို့ သူတို့ရဲ့ မျက်လုံးစူးစိုက်ကြည့်ခြင်းကို အသုံးချခဲ့ပါတယ်။ ခွေးတွေက မျက်လုံးနေရာကို အရင်ကြည့်ပါတယ်။ နှာခေါင်း သို့မဟုတ် ပါးစပ်နေရာများထက် များသောအားဖြင့် မျက်လုံးကို စူးစိုက်ကြည့်ကြပါတယ်။

အဲဒီ အပြုအမူ ပင်ကိုယ်လက္ခဏာများက သုတေသနပညာရှင်များရဲ့ စိတ်ဝင်စားမှုကို ရရှိစေခဲ့ပါတယ်။ ဥပမာ – ခွေးကို ခြိမ်းခြောက်နေတဲ့ ပါးစပ်တွေ၊ ခြိမ်းခြောက်နေတဲ့ မျက်နှာထားက အာရုံစိုက်မှု ဖြစ်ပေါ်စေတယ်။

လူကို စိတ်သည်းခံပေးနေတဲ့ ခွေးတွေရဲ့ ပြုမူမှုပုံစံက စမ်းသပ်မှု ရလဒ်အဖြေကို တစ်စိတ်တစ်ဒေသ ဖော်ပြနိုင်ပါတယ်။ အိမ်တွင်း အမြဲနေခြင်းက ခွေးတွေကို လူ့ရဲ့ ခြိမ်းခြောက်တဲ့ အပြုအမူ သတိပြုမိစေဖို့ နဲ့ နှစ်သိမ့်တဲ့ အရိပ် လက္ခဏာတွေ သတိမူမိဖို့ အသင့် ဖြစ်စေတယ်လို့ သုတေသီ Sanni Somppi က ဆိုပါတယ်။ 

Ref: punjabtribune

4 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.