မိန်းကလေးတွေ တက်တူးထိုးတဲ့အခါ ဆွဲဆောင်မှုအရှိဆုံး နေရာ ( ၅ )ခု

capture.png

မိန်းကလေးတွေအနေနဲ့ တက်တူး တစ်ခု ထိုးတော့မယ်ဆိုရင် ပုံ ကိုသေချာရွေးရသလို ထိုးမယ့်နေရာကိုလည်း သေချာ စဉ်းစားပြီးရွေးချယ် ရမှာပါ။ သေချာတာကတော့ လူမြင်စေချင်တာလား ဘယ်သူ့မှ မမြင်တဲ့နေရာ မျိုးလားဆိုတာကို ရွေးရမှာပါ။ ဒါဆိုရင်တော့ မိန်းကလေးတွေအတွက် တက်တူးထိုးတဲ့အခါ ရုတ်တရက် မမြင်နိုင်သလို မြင်လိုက်တဲ့အခါမှာလည်း တင့်တယ်ပြီး ဆွဲဆောင်မှု ရှိစေမယ့် နေရာလေးတွေကို ပြောပြချင်ပါတယ်။
 

၁။ ကော်လာအရိုး
 

ကော်လာအရိုး ဟာ ဘယ်လို ခန္ဒာကိုယ်မျိုးမှာ မဆို အလှပဆုံးနေရာပါပဲ။ တက်တူးထိုးမယ်ဆိုရင်လည်း မသိသာ မထင်ရှားပေမယ့်လည်း တက်တူး ရှိနေတဲ့အခါမှာ ပိုမိုလှပသွားစေမယ့်နေရာပဲဖြစ်ပါတယ်။ ကော်လာအရိုးမှာ တက်တူး ထိုးမယ်ဆိုရင် သေးငယ်တဲ့ တက်တူးလေးတွေနဲ့ အလိုက်ဖက်ဆုံးပါပဲ။ ရာသီခွင် အမှတ်အသားမျိုး ၊ နေ၊လတို့လို အမှတ်အသားမျိုး ၊ စာသား စတဲ့ တက်တူးလေးတွေနဲ့ သင့်တော်ပါတယ်။
 

၂။ အစာအိမ်အောက်ခြေ
 

မိန်းကလေးတစ်ယောက်ရဲ့  ကောက်ကြောင်းအလှနဲ့ မိန်းမအိနြေ္ဒကို အပေါ်လွင်စေဆုံးနေရာပဲဖြစ်ပါတယ်။ မိန်းကလေးတွေအတွက် အဲဒီနေရာမှာ တက်တူးထိုးဖို့ ပုံကိုရွေးချယ်တော့မယ်ဆိုရင် အရမ်းမိန်းမဆန်တဲ့ ပုံမျိုးတွေထက် ချက်ရီသီး ၊ ဘန်နီယုန်ပုံ စတဲ့ ချစ်ရာ ပုံရွေးချယ်မှုလေးတွေကို ရွေးချယ်ခြင်းကသာ ပိုပြီး sexy ဖြစ်စေမှာပါ။
 

၃။ ပေါင်
 

မိန်းကလေးတွေအတွက်တော့ ပေါင်အတွင်းပိုင်းဟာ ကာမစိတ်တွေ အနိုးကြွစေဆုံးနေရာလည်းဖြစ်သလို ဆွဲဆောင်မှုအရှိဆုံး အစိတ်အပိုင်းလည်းဖြစ်ပါတယ်။ ပေါင်မှာ တက်တူးထိုးတော့မယ်ဆိုရင်တော့ ပုံကိုရွေးချယ်တဲ့အခါမှာ ခပ်ကြီးကြီး လေးတွေကို ရွေးချယ်သင့်ပါတယ်။ ပန်းချီကားတစ်ချပ်လို ပြည့်စုံနေမှ လည်းလိုက်ဖက်မှာပါ။ ဖန်စီ ပုံအသေးလေးတွေဟာ ပေါင်မှာ ထိုးဖို့အတွက် မလိုက်ဖက်ပါဘူး။
 

၎။ ကျောအလယ်
 

မိန်းကလေးတွေရဲ့  ဘရာစီယာ ချိတ် ပတ်လည် တစ်ဝိုက်ဟာ မိန်းကလေးတစ်ယောက်ရဲ့  ကောက်ကြောင်းအလှကို သိသာစေတဲ့နေရာမျိုးလည်းဖြစ်ပါတယ်။ ဒီနေရာဟာ တက်တူးထိုးထားမယ်လို့ မထင်နိုင်တဲ့နေရာ လည်းဖြစ်သလို တက်တူးကိုမြင်လိုက်တဲ့အခါမှာလည်း အမြင် မရိုင်းတဲ့နေရာ တစ်ခုပါ။ ဒီနေရာနဲ့ အလိုက်ဖက်ဆုံးက စာသားတွေဖြစ်ပြီး မိန်းကလေးအများစု ရွေးချယ်ချတဲ့ DreamCatcher တို့ အရိုးခေါင်းကီးချိန်း လေးတို့နဲ့ လည်း လိုက်ဖက်ပါတယ်။
 

၅။ ပခုံး
 

ပခုံးဆိုတာဟာ မိန်းကလေးတွေအတွက် တက်တူးထိုးဖို့ အမြင့်မြတ်ဆုံးနေရာပါပဲ။ ငှက် ၊ ကြယ် ၊ ချယ်ရီပန်းပွင့် စတဲ တက်တူးစတိုင်လေးတွေနဲ့ လည်း လိုက်ဖက်သလို ဂျပန် စတိုင်လ် တက်တူးမျိုးတွေလည်း လိုက်ဖက်ပါတယ်။ ပခုံးမှာ တက်တူးထိုးထားတယ်ဆိုရင်တော့ သိသာထင်ရှားနေအောင် ပြသနေစရာမလိုပဲ သင်ဘာဝတ်ဝတ် တက်တူးကို တစ်စွန်းတစ်စ ပေါ်လွင်နေစေမှာ သေချာပါတယ်။

Ref:tattooabout
 

17 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.