သူသင့်ကို တကယ်မချစ်မှန်းသိတဲ့အခါ ဒီအချက် (၆) ချက်ကို သင်လုံးဝမလုပ်သင့်ပါ

screen-shot-2015-12-17-at-12-46-09-pm.png

အမှန်တရားကို မျက်နှာချင်းဆိုင်ဖို့ အချိန်ရောက်လာပါပြီ။ သင်နဲ့တွဲနေတဲ့ သင့်ချစ်သူက သင့်ချစ်သလို မချစ်ဘူးလို့ သိလာတဲ့အခါ သင့်အနေနဲ့ လုံးဝမပြုလုပ်သင့်တဲ့ အချက်လေးတွေ ရှိနေပါတယ်။ အဲ့ဒါတွေကတော့

၁။သူ့ရဲ့ လူမှုကွန်ယက်တွေကို အတင်းလိုက်ခြေရာခံကြည့်တာမျိုး မလုပ်ပါနဲ့။

အချိန်အားတိုင်း သူ့ဖေ့စ်ဘွတ်ခ်နဲ့ instagram ထဲဝင်ပြီးဘာတွေလုပ်နေသလဲဆိုတာ တောက်လျှောက် လိုက်ကြည့်နေတာမျိုး မလုပ်ပါနဲ့။ တစ်ခုခု ပို့စ်လုပ်တာနဲ့ ပြသနာရှာတာမျိုး၊ မေးမြန်းတာမျိုးတွေလည်း မလုပ်ပါနဲ့။

၂။ဖုန်းကနေ message ပြန်မပို့လို့လည်း ဒေါသမထွက်ပါနဲ့။

သူ့စိတ်ထဲ သင်မရှိမှန်းသေချာနေပြီဆိုရင်တော့ သူက သင့်ကို သိပ်အလေးထားမှာ မဟုတ်ပါဘူး။ သင် message ပို့တာမြင်ရင်တောင် ချက်ချင်းပြန်ပို့ချင်မှ ပို့ပါလိမ့်မယ်။ ဒါကို ဒေါသထွက်ပြီး ပြောဆိုတာမျိုးတွေ မလုပ်ပါနဲ့။ သင့်စွမ်းအင်ကို ခြွေတာသုံးစွဲတာ သင့်အတွက် ပိုကောင်းပါတယ်။

၃။ သူ့ဘက်က အဆင်သင့်မဖြစ်သေးတာကို အတင်းဖိအားပေးတာမျိုးလည်း မလုပ်ပါနဲ့။

သူနဲ့တွဲတာ သိပ်မကြာသေးတာမို့ သူ့ဘက်က သင့်ကို ကပ်တာမျိုး၊ ကတိပေးတာမျိုးတွေဘာမှ မရှိသေးတာကို နားလည်ပါ။ သင့်အပေါ် သံယောဇဉ်ကြိုး မခိုင်မာသေးတာကိုလည်း နားလည်ပေးလိုက်ပါ။ ဒီလို ဖြစ်နေရကောင်းလားဆိုပြီး ပြသနာသွားရှာတာမျိုး မလုပ်ပါနဲ့။ သင်တို့တွဲတာ အချိန်မကြာသေးလို့လည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

၎။သူမှသူဆိုပြီး စိတ်ဒုန်းဒုန်း မချလိုက်ပါနဲ့ဦး။

သူက သူ့သူငယ်ချင်းတွေကိုသာ ကိုယ့်ထက် အချိန်ပေးတယ်။ သင့်ကိုအလေးပေးတာမျိုး သိပ်မရှိသေးတဲ့သူအတွက် သင်ကလည်း အချိန်ပြန်ပေးနေစရာ မလိုပါဘူး။ မေ့လိုက်တာ ပိုကောင်းပါတယ်။ သင့်ကိုတကယ်မြတ်နိုး တန်ဖိုးထားမယ့်သူအတွက်သာ သင့်ရင်ထဲက နေရာတစ်နေရာကို ပေးသင့်တာပါ။

၅။ဘယ်အရာဖြစ်ဖြစ် ခွင့်လွှတ်တွဲမယ်ဆိုတာမျိုး မစဉ်းစားပါနဲ့။

သင်တို့နှစ်ယောက် မုန့်အတူ သွားစားတယ်၊ ဒင်နာတွေဘာတွေ စားတဲ့အခါတိုင်း သူ့ဘက်က ပိုက်ဆံထုတ်ရှင်းတာမျိုး မရှိဘူး၊ ခပ်တည်တည် ထိုင်နေမယ်။ သင်နဲ့အပြင်သွားတိုင်း သင်ကချည်းအမြဲ ဒကာခံနေရတယ်ဆိုရင်တော့ ဒါနည်းနည်းတော့ လွဲနေပါပြီ။ ဒါ့အပြင်သူက သူ့သူငယ်ချင်းတွေနဲ့လည်း သင့်ကိုပေးမတွေ့ဘူး၊ သူ့မိဘတွေအကြောင်းလည်း မပြောဘူးဆိုရင်တော့ သင်ဆက်တွဲဖို့ မစဉ်းစားပါနဲ့တော့။

၆။သင့်အတွက် သူကြိုးစားနေတယ်လို့ အထင်မကြီးလိုက်ပါနဲ့။

တကယ်တော့ ခုခေတ်မှာ ဘယ်ယောင်္ကျားကမှ ကိုယ်ကြိုက်တဲ့မိန်းကလေးဆီရောက်ဖို့ ဝေ့လည်ကြောင်ပတ် လမ်းအကွေ့အကောက်တွေကနေ မသွားတတ်ပါဘူး။ သူတို့တကယ်ချစ်ရင် တကယ်ကြိုးစားပါလိမ့်မယ်။ သင့်အပေါ် ဝေ့လည်ကြောင်ပတ်လုပ်နေတယ်ဆိုရင် ဒီလိုလူမျိုး ခေါင်းထဲက ထုတ်လိုက်ပါ။

Ref:collegecandy

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.