အမျိုးသားတစ်ယောက်အကြောင်း သူ့လက်ချောင်းတွေ ကြည့်ပြီး ပြောပြနိုင်တဲ့ အချက်များ

fingernails.jpg

အမျိုးသားတွေရဲ့ အကြောင်းကို သူတို့လက်ချောင်းတွေကြည့်ပြီး ပြောပြနိုင်တယ်ဆိုရင် ယုံနိုင်ပါ့မလား။ လက္ခဏာ ကြည့်သလိုမျိုး လက်ချောင်းတွေကြည့်ပြီး သင့်အကြောင်းကို သိနိုင်ပါတယ်။ လက်ချောင်း သန်မာလေ၊ ပင်ကိုယ်လက္ခဏာကလည်း ပိုပြင်းထန်လေ လို့ လူအချို့ ယုံကြည်လက်ခံထားကြပါတယ်။ သာဓကအနေနဲ့ မိမိ လက်မ တောင့်တင်းသန်မာနေရင် ဘဝမှာ အောင်မြင်ချင်စိတ် ပြင်းထန်တယ်။ လက်သူကြွယ် သန်မာနေလျှင် ဖန်တီးနိုင်စွမ်းရှိပြီး အများစိတ်ဝင်စားမှုကို လိုလားကြတယ်။ ယောက်ျားတစ်ယောက်ရဲ့ လက်ချောင်းတွေက သူ့အကြောင်းကို ဆေးပညာအရရော၊ လက်တွေ့သဘောအရပါ ပြောပြနိုင်တဲ့ အချက်တွေ ရှိပါတယ်။

၁။ သူ့ယောက်ျား အင်္ဂါ အရွယ်အစား

ယောက်ျားတစ်ယောက်ရဲ့ လိင်အင်္ဂါအရွယ်အစားကို သူ့လက်ချောင်းတွေကနေတဆင့် သိနိုင်ပါတယ်။ သူ့လက်ညှိုးအတိုင်း အရွယ်က အတိအကျဖြစ်ပါတယ်။ အရှည်ကတော့ လက်ခလယ်နဲ့ ညီမျှပါတယ်။

၂။ မျက်နှာကျ ယောက်ျားပီသမှု

လက်ညှိုးနဲ့ လက်သူကြွယ်နှစ်ခုကြား အချိုးအစား (2D:4D ratio) က သူမျက်နှာရုပ်သွင် ယောက်ျားပီသမှုကို ရည်ညွန်းပြောဆိုနိုင်ပါတယ်။ အဲဒီ 2D:4D အချိုးအစား ကွာဟမှု ပိုကြီးလေ ယောက်ျား ပီသလေ ဖြစ်ပါတယ်။

၃။ လိင်ကိုင်းညွှတ်မှု

လိင်တူချင်း စိတ်ဝင်စားတဲ့ အမျိုးသားနဲ့ အမျိုးသမီးတွေဟာ သာမန်ရိုးရိုး အမျိုးသား သို့မဟုတ် အမျိုးသမီးတွေထက် ယင်း အချိုးအစား ကွာဟမှု ပိုသေးငယ်တာ တွေ့ရပါတယ်။ ဒီတော့ လိင်ကိုင်းညွတ်မှုက မမွေးခင်ကတည်းက သတ်မှတ်ထားပြီးသား ဆိုတာ ဖော်ပြပါတယ်။

၎။ Anti-tumor drug တုံ့ပြန်မှု

လက်က ပြေပြေကလေးဖြစ်နေရင် အထူးသဖြင့် ပရော့စတိတ် ကင်ဆာ prostate cancer ကုသရာမှာ အသုံးပြုတဲ့ anti-tumor drug တန်ပြန်တုံ့ပြန်မှု ပိုမိုအားကောင်းတတ်ပါတယ်။ 

Ref: Yourtango

1 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.