ပထမဆုံး ပန်းတစ်ပွင့်ကို အာကာသမှာ အာကာသယာဉ်မှူးများ စိုက်ပျိုး

astronauts-successfully-grow-the-first-flower-in-space-2.png

လိမ္မော်ရောင်ဒေစီပန်းမျိုးနွယ် (orange zinnia) ပန်းကို အာကာသမှာ နာဆာအာကာသယာဉ်မှူး Scott Kelly စိုက်ပျိုးခဲ့တယ်လို့ စနေနေ့က Twitter မှာ ဖော်ပြခဲ့ပါတယ်။ အာကာသမှာ အခြားပန်းတွေ စိုက်ပျိုးမယ့်အရေးနဲ့ ပတ်သက်လို့ ရှေ့ပြေးသတင်းအချက်အလက် ရရှိဖို့အတွက် zinnia ပန်းကို ပြီးခဲ့တဲ့နိုဝင်ဘာလမှာ နိုင်ငံတကာ အာကာသဌာနရှိ Veggie အခန်းမှာတင်ပြီး စမ်းသပ်စိုက်ပျိုးခဲ့ပါတယ် လို့ နာဆာဝက်ဘ်ဆိုက်စာမျက်နှာအရ သိရှိရပါတယ်။

အဲဒီပန်းပင် ကြီးထွားဆဲကာလ ၂ ပတ်အကြာမှာ အဲဒီပန်းပင်ဟာ လေထုစိုထိုင်းမှု နှင့် လေစီးဝင်မှုနည်းပါးတဲ့ဒါဏ်ကို ခံစားနေရကြောင်းကို နာဆာအာကာယယာဉ်မှူး Kjell Lindgren သတိထားမိပါတယ်။ ဒါပေမဲ့ ဒီဇင်ဘာလ အလယ်မှာ ကြိုတင်စီစဉ်မထားတဲ့ အာကာသလေ့ကျင့်ခန်းတစ်ခုကြောင့် အဲဒီပြဿနာကို မဖြေရှင်းနိုင်ဘဲ ရွေ့ဆိုင်းခဲ့ရပါ တယ်။ အာကာသလေ့ကျင့်ခန်း လုပ်ပြီးနောက် အဲဒီပန်းပင်အရွက်တွေကို ခြောက်သွေ့စေရန် Veggie အခန်း အပေါ်မှာ ပန်ကာတစ်ခု ထားခဲ့ပါတယ်။ ဒါပေမယ့် အရမ်းနောက်ကျသွားပါပြီ။ zinnia ပန်းပင်အရွက်အချို့မှာ တစ်ရှူးတွေသေဆုံးပြီး မှိုတက်နေပြီဖြစ်ပါတယ်။ အာကာသယာဉ်မှူး Scott Kelly ဟာ ဒီဇင်ဘာလ ၁၈ ရက် Lindgren ကမ္ဘာမြေကြီးကို ပြန်လာချိန်ပြီးနောက် ဥယာဉ်မှူးတာဝန်ကို ယူခဲ့တယ်။ မှိုတက်နေတဲ့ ပန်းပင်တစ်ရှူးတွေကို ဖြတ်ထုတ်ပြီး အဝတ်စနှင့်ပန်းပင်ကို သန့်ရှင်းပေးကာ Veggie အခန်းခြောက်သွေ့အောင် ပန်ကာကို အမြင့်ဆံးအဆင့်ဖွင့်ထားခဲ့ပါတယ်။

ဒါပေမဲ့ ခရစ်စမတ်အကြိုနေ့မှာ ပန်ကာက ပန်းပင်ကိုခြေက်သွေ့စေခဲ့တယ်လို့ အခြေခံ ထောက်ပံ့ရေးအဖွဲ့ကို သတင်းပို့ခဲ့ပါတယ်။ ပြီးတော့ ပန်းပင်ကို ရေလောင်းရမဲ့အချိန်ဟာ ဒီဇင်ဘာလ ၂၇ ရက်ဖြစ်ပေမဲ့  အဲဒီပန်းပင်ဟာ ရေလိုအပ်နေခဲ့ကြောင်းကိုလည်း အခြေခံထောက်ပံ့ရေးအဖွဲ့ကို ပြောကြားခဲ့ပါတယ်။ နာဆာအဖွဲ့ရဲ့စာမျက်နှာမှာ ဖော်ပြချက်အရ Veggie အဖွဲ့ဟာ ဥယာဉ်မှူးများအတွက် zinnia ပန်းပင် ပြုစုနည်းလမ်းညွန်စာအုပ်ကို ထုတ်လုပ်ခဲ့ပါတယ်။

အဲ့ဒီလမ်းညွန်စာအုပ်မှ အပင်ပြုစုနည်းအတွက် အခြေခံလမ်းညွန်ချက်များကို ဖြည့်စည်းပေးပါတယ်။ Zinnia ပန်းပင်ကို ဒုက္ခခံလို့ စမ်းသပ်စိုက်ပျိုးမှုက သိပ္ပံပညာရှင်များ ကမ္ဘာသို့ရောက်ရှိတဲ့အခါ သင်ယူရေး အခွင့်အလမ်းများကို ဖြစ်ပေါ်စေခဲ့ပါတယ်။ Veggie မှ တွေ့ကြုံခံစားခဲ့ရတဲ့ မျှော်လင့်မထားတဲ့ အပြောင်းအလဲတွေက အနာဂတ်အင်္ဂါဂြိုလ်ခရီးဟာ လေ့လာသင်ယူမှုနှင့်နားလည်ခြင်းတို့အတွက် အရေးပါတဲ့ အစိတ်အပိုင်း တစ်ခုဖြစ်ပါတယ်။ ခရစ်စမတ်ပြီးလျှင်ပြီးချင်း ပန်းပင် ၂ ပင်လုံး သေဆုံးခဲ့ရပါတယ်။  အဲဒီအပင်များကို ကမ္ဘာမြေသယ်ဆောင်ပြီးလေ့လာရန်အတွက် အအေးဓါတ် အနုတ် ၈ မှတ်ရှိတဲ့ဓါတ်ခွဲခန်းမှာ သိမ်းဆည်းထားပါတယ်။ ဇန်နဝါရီလ ၈ ရက်နေ့မှာ ကျန်ရှိနေတဲ့ zinnia ပန်းပင်များ၏ တိုးတက်မှုအခြေအနေကို Kelly က Twitter မှာ ရေးသားဖော်ပြခဲ့ပါတယ်။

Ref:cbsnews

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.