သင်အခင်ရဆုံး သူငယ်ချင်းက သင်နဲ့စိတ်တူကိုယ်တူ အမြဲရှိမယ့် သူငယ်ချင်းမျိုးလားဆိုတာ ဒီအချက်တွေက ပြောပြပေးနိုင်

nov24.jpg

ဘ၀မှာ ကိုယ့်အပေါ် နားလည်တဲ့၊ ကိုယ်နဲ့စိတ်တူကိုယ်တူ ရှိတဲ့ အပေါင်းအသင်း၊ သူငယ်ချင်းအစစ်ရဖို့ဆိုတာ တကယ်ကို ခက်ခဲပါတယ်။ သာပေါင်းညာစားတွေများတဲ့ ဒီလို ခေတ်ကြီးထဲမှာ သင်ဘေးက သူငယ်ချင်းဟာ  တကယ်ပဲ သင်ခင်သလို၊ သင်ချစ်သလို သင့်ကို ချစ်ရဲ့လား၊ သင်ကရော သူ့အတွက် တကယ့်သူငယ်ချင်းအစစ်အမှန်လားဆိုတာ ဒီအချက်လေးတွေက ဖော်ထုတ်ပေးနိုင်ပါတယ်။

၁။သင်တို့နှစ်ဦးဟာ တစ်ဦးကို တစ်ဦး အမြဲချီးမွမ်းတတ်ကြတယ်။ နင်က ငါ့အပေါ် အရမ်းကောင်းတယ်ဆိုတာမျိုး၊ နင့်လိုသူငယ်ချင်းမျိုး ငါထပ်ရှာမတွေ့နိုင်တော့ဘူးဆိုတာမျိုးတွေပေါ့။ တခြား ချီးမွမ်းစရာတွေရှိရင်လည်း မဆိုင်းမတွ ပြောဆို ချီးမွမ်းတတ်ကြတယ်။

၂။သူငယ်ချင်းမပါပဲ တစ်နေရာရာသွားရလို့ ကိုယ်တစ်ယောက်တည်း ဖြစ်နေတဲ့အခါ ဘာကိုစိတ်တိုမှန်းမသိ၊ အလိုကျမှန်းမသိ ဖြစ်တတ်တယ်။

၃။ရှိုးတွေ၊ ကလပ်တွေ သွားဖြစ်တဲ့အခါ တခြားသူတွေ မသိတဲ့ ကကွက်တွေနဲ့ ကတတ်တယ်။ တခြားသူတွေမသိတဲ့ စကားဝှက်တွေလည်း ပြောတတ်ကြတယ်။

၎။နှစ်ယောက်အတူ ရှိတဲ့အခါ သူတစ်ပါးတွေ ဝေဖန်မှာကို ဂရုမစိုက်ပဲ လုပ်ချင်တာကို လုပ်ပစ်တတ်ကြတယ်။

၅။ဝမ်းနည်းလာတဲ့အခါ သူပခုံးပေါ်မှီပြီး ငိုချင်ရင် ငိုချပစ်တတ်တယ်။

၆။ရန်ဖြစ်လည်းခဏပဲ။ ချက်ချင်းပြန်တည့်သွားတတ်ကြတယ်။

၇။တစ်ပါးသူတွေ ကိုယ့်ကို ဖိအားပေး ပြောဆိုတာ မကြိုက်ပေမယ့် သင့်သူငယ်ချင်းက အဲ့လိုမျိုးလုပ်ရင်တော့ ငြိမ်ခံနေတတ်တယ်။

၈။အ၀တ်အစားရွေးချယ်မှုအတွက် အားမနာတမ်း ဝေဖန်ပြောဆိုပြီး ၀င်ရွေးပေးတတ်ကြတယ်။

၉။ဓာတ်ပုံတွေ အတူတူရိုက်ပြီး ချက်ချင်းဆိုသလို နှစ်ယောက်စလုံးရဲ့ လူမှုကွန်ယက် ဒါမှမဟုတ် instagram မှာတင်လိုက်ရမှ။

၁၀။နားထောင်တဲ့ သီချင်းတွေကလည်း များသောအားဖြင့် အတူတူပဲ။

၁၁။ သူငယ်ချင်းနဲ့ပတ်သက်ပြီး ၀မ်းသာစရာကိစ္စတစ်ခုခု ဖြစ်တော့မယ်ဆို သူတို့ထက် သင်က ပိုတောင် စိတ်လှုပ်ရှားနေမိတယ်။

၁၂။တစ်ခါတစ်လေ စီစဉ်မထားပဲ အကျီဆင်တူ ၀တ်လာမိကြတာက ရှိသေး။

၁၃။ဒါ့အပြင် အမူအရာတွေကပါ နှစ်ယောက်စလုံး သွားသွားတူနေတာမျိုး ရှိသေးတယ်။

၁၄။အခြားသူတွေသာ ပြောင်းချင်ပြောင်းသွားမယ်၊ ခရီးတစ်ခုသွားပြီဆို သင်တို့နှစ်ဦးကတော့ အမြဲအတူတူ သွားလေ့ရှိကြတယ်။

၁၅။သူ့ကို မကျေနပ်လို့ ပွစိပွစိ ဆက်တိုက်ပြောလည်း စိတ်မဆိုးဘူး။

၁၆။သူ့ကို စိတ်တို၊ဒေါသထွက်ရင်တောင် သူ့ကို ချစ်မှန်းသိနေတယ်။

၁၇။တစ်ယောက်နဲ့တစ်ယောက် စိတ်ချင်းဆက်နေတယ်လို့ ထင်ရအောင် တစ်ယောက်ဘာဖြစ်နေတယ်ဆိုတာ တစ်ယောက်က သိနေကြတယ်။ နှစ်ယောက်သားရဲ့ ခင်မင်မှုက ဘေးလူတွေ အမြင်ကတ်လောက်အောင်ပါပဲ။

 

Ref:popsugar

372 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.