Liam Hemsworth နဲ့ Miley Cyrus တို့ ပြန်တွဲနေကြပြီလား

miley-cyrus-liam-hemsworth-back-together-2016.jpg

ဒီသတင်းက ဖြစ်နိုင်ခြေရှိပါ့မလားလို့တောင် အခါခါ စဉ်းစားနေရပါတယ်။ ဘာလို့လဲဆိုတော့ ပြီးဆုံးသွားပြီထင်တဲ့ အချစ်ဇာတ်လမ်းက ခု ပြန်စနေပြီဆိုတော့လေ။ Liam Hemsworth နဲ့ Miley Cyrus တို့စုံတွဲခု ပြန်အဆင်ပြေနေပြီလားလို့ ထင်ရနိုင်တဲ့ ကောလာဟလတွေ ထွက်ပေါ်လာခဲ့ပြန်ပါပြီ။ ခုလို ကာလာဟလတွေ ဖြစ်ပေါ်လာစေတဲ့ အဓိက အကြောင်းအရာကတော့ Miley ရဲ့ လက်စွပ်တစ်ကွင်း ကြောင့်ပါပဲ။

F.Kennedy အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ ကြီးမားတဲ့ စိန်လက်စွပ်ကို စွပ်ထားတဲ့ Miley ကို မီဒီယာတွေက တွေ့ရှိပြီးတဲ့နောက်မှာတော့ ဒီလက်စွပ်ဟာ စေ့စပ်လက်စွပ်လား ဆိုပြီး သံသယ၀င်ခဲ့ကြပါတယ်။ မကြာခင်မှာပဲ Miley Cyrus ကိုယ်တိုင်ကလည်း အဲ့ဒီလက်စွပ်ကိုစွပ်ပြီး instagram မှာ ပုံတင်ခဲ့ပြန်တာကြောင့် ဒီလက်စွပ်ကိုပဲ ထပ်ပြီး အာရုံရောက်ခဲ့ကြပြန်ပါတယ်။ ဖြစ်ချင်တော့ အဲ့ဒီစိန်လက်စွပ်ဟာာ လွန်ခဲ့တဲ့ ၂၀၁၂တုန်းက Liam သူမကို လက်ထပ်ခွင့်တောင်းစဉ်တုန်းက စွပ်ပေးခဲ့တဲ့ လက်စွပ်နဲ့တော်တော်လေး တူနေတာကြောင့် ခုလို Liam နဲ့ Miley တို့ ပြန်တွေးနေကြပြီလို့ အထင်ရောက်စေခဲ့ပါတယ်။

ဒါ တိုက်ဆိုင်မှုတစ်ခုလား ဆိုတာတော့ မပြောတတ်သေးပါဘူး။ သူတို့နှစ်ဦးရဲ့ လက်ရှိအခြေအနေ ဘယ်လိုရှိတယ်ဆိုတာ အတိအကျ မသိရသေးပေမယ့် သူတို့နှစ်ဦး အဆက်အသွယ်ရှိနေခဲ့တယ်ဆိုတာတော့ အသေအချာပါပဲ။

Ref:popsugar

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.