Tanzania သမ္မတ Magufuli မှ တိုနံ့နံ့ စကတ် ဝတ်ဆင်ခြင်းကို တားမြစ်ပိတ်ပင်သွားမယ်လို့သိရ

mini.jpg

Tanzania သမ္မတ John Pombe Magufuli က အရှေ့အာဖရိကနိုင်ငံတွေမှာ စကတ် တိုတိုလေးတွေ  တားမြစ် ပိတ်ပင်သွားမယ့် မျှော်လင့်မထားတဲ့ အံ့အားသင့်ဖွယ်  အဆိုပြုချက်တစ်ခုကို တင်သွင်းခဲ့ ပြန်တယ်လို့ Kenya's Standard Media က သတင်းဖော်ပြခဲ့ပါတယ်။

သမ္မတ Magufuli ဟာ Tanzania ပြည်သူတွေ တခဲတနက် ကြိုဆိုအားပေးတဲ့ စီမံဆောက်ရွက်မှုများစွာ စတင်လုပ်ဆောင်ခဲ့ကာ သူ့အရင် ခေါင်းဆောင် Jakaya Kikwete ထံမှ အာဏာလွဲပြောင်းရယူခဲ့စဉ်ကတည်းက လူသိများတဲ့ သမ္မတတစ်ဦး ဖြစ်လာခဲ့ပါတယ်။

Magufuli ဒီတစ်ခါ စိတ်ဝင်စားစရာ သတင်းဖြစ်စေခဲ့တာတော့ Tanzania နိုင်ငံတစ်ခုလုံး စကတ် တိုနံ့နံ့ ဝတ်ဆင်မှုကို တားမြစ်မယ် ဆိုတဲ့ သတင်းလေးဖြစ်ပါတယ်။

Standard Media ရဲ့ဖော်ပြချက်အရ ဒီစကတ်တိုတိုလေးတွေ ဝတ်ဆင်မှု တားမြစ်ပိတ်ပင်ရတဲ့ Magufuli ရဲ့ ရည်ရွယ်ချက်မှာတော့ HIV/AIDS ကူးစက်ပျံ့နှံ့မှု အားပေးအားမြောက် ဖြစ်စေလို့ ဆိုပါတယ်။

Tanzanian အမျိုးသမီးတွေဟာ ဒီလို မသင့်တော်တဲ့ အဝတ်အစားတွေ ရှင်းထုတ်ဖို့ ရက်သတ္တပတ် (၃) ပတ်သာ အချိန်သတ်မှတ်ခံထားရကြောင်း သိရပါတယ်။ 

Ref: CCTV-Africa

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.