ချစ်စရာကောင်းလှတဲ့ Hello Kitty ဆိုင်အပြင်အဆင်ကြောင့် စားသုံးသူတွေ စိတ်ဝင်စားစရာ နေရာလေးတစ်ခု ဖြစ်ခဲ့တဲ့ February Six

12606733_1697515103840734_456482933_n.jpg

ဆိုင်တစ်ဆိုင်လုံးကို Hello Kitty နဲ့ ပြင်ဆင်အလှဆင်ထားတဲ့ February Six ဆိုတဲ့ ဆိုင်လေးဟာ တရုတ်ပြည်နယ်စပ်မှာ ပထမဆုံးစတင်ဖွင့်လှစ်ခဲ့တဲ့ ဆိုင်လေးဖြစ်ပါတယ်။ ခုချိန်မှာတော့ ဒီဆိုင်လေးကို တရုတ်ပြည်နယ်စပ်က အပြင်အဆင်အတိုင်း ရန်ကုန်မှာလည်း လာရောက်ဖွင့်လှစ်လိုက်ပြီ ဖြစ်ပါတယ်။ ဆိုင်ထဲမှာ Hello Kitty ချစ်သူတွေ သဘောကျမယ့် Hello Kitty နဲ့ပတ်သက်တဲ့ အသုံးအသောက်ပစ္စည်းများနဲ့ မွမ်းမံပြင်ဆင်ထားတာကိုလဲ ချစ်စရာကောင်းစွာမြင်တွေ့နေရပါတယ်။ ထို့အပြင် အစားအသောက်မီနူးတွေကအစ ချစ်စရာကောင်းလှတဲ့ ထိုဆိုင်လေးဟာ ဆိုင်ဖွင့်ပြီး များမကြာမှီကာလမှာပင် စားသုံးသူ ကာစတမ်မာများ အ၀င်များခဲ့သလို လူအများ စိတ်ဝင်စားစရာလဲဖြစ်ခဲ့တဲ့အတွက် စားသုံးသူများဟာ မုန့်လဲစားရင်း အလှဓာတ်ပုံလဲရိုက်ရင်း ထိုဆိုင်လေးကို လာရောက်ခဲ့ကြတဲ့အတွက် စိတ်ကျေနပ်မှုအပြည့်အ၀ကို ခံစားရတယ်လို့ပြန်ကြားရတာကြောင့်  ထိုဆိုင်လေးအကြောင်း တစေ့တစောင်းကို အမေးအဖြေ ကဏ္ဍ လေးကတစ်ဆင့်ပြောပြရပေးလိုက်ပါရစေနော်။

-February Six ဆိုတဲ့ ဆိုင်လေးကို စဖွင့်ဖြစ်ခဲ့ပုံလေးကို အရင်ပြောပြပေးပါဦး။

ဒီဆိုင်လေးကို ဒီမှာဖွင့်ဖို့အတွက် အချိန် သုံးလလောက်ယူခဲ့ရတယ်။ ဒီ February Six ဆိုတဲ့ ဆိုင်လေးက တရုတ်ပြည်နယ်စပ်ဖက်မှာလဲ တစ်ဆိုင်ဖွင့်ထားတယ်။ အဲ့ဒါကြောင့် ရန်ကုန်မှာလဲ ဆိုင်ခွဲဖွင့်ချင်တဲ့အတွက် ဒီဖက်မှာ အသစ်ထပ်ဖွင့်တာပေါ့။

-တစ်ဆိုင်လုံးကို Hello Kitty ပုံစံလေးတွေချည်းပဲလုပ်ထားတယ်။ ပြီးတော့ February Six လို့ပေးဖြစ်ခဲ့တာကရော ဘာ့ကြောင့်များလဲ။

February Six လို့ပေးခဲ့တာကတော့ ဆိုင်သူဌေးရဲ့ မွေးနေ့မို့လို့ပါ။ နောက် တစ်ဆိုင်လုံးကို Hello Kitty တွေနဲ့ပဲ လုပ်ထားတာက သူကိုယ်တိုင်က Hello Kitty ကိုသဘောကျနှစ်သက်တဲ့သူ တစ်ယောက်ဖြစ်တယ်။ အဲ့ဒါကြောင့်မို့ Hello Kitty ပုံစံလေးတွေနဲ့ပဲ တစ်ဆိုင်လုံးရဲ့ Decoration ကိုဖန်တီးထားတာပါ။

-ရန်ကုန်မှာရော ဒီလိုဆိုင်မျိုး ဆိုင်ခွဲဖွင့်ဖို့ရှိဦးမလား။

အခုလောလောဆယ်တော့ ဆိုင်ခွဲဖွင့်ဖို့ အစီအစဉ်မရှိသေးပါဘူး။ ဒီတစ်ဆိုင်ကိုပဲ အားစိုက်ပြီးလုပ်ဖြစ်နေပါတယ်။

-ဆိုင်ဖွင့်ချိန်ကရော ဘယ်အချိန်ကနေဘယ်အချိန်ထိဖြစ်မလဲ။

မနက်ဆယ်ခွဲကနေ ညကိုးခွဲအထိ ဖွင့်ပါတယ်။

-ဒီမှာ ရနိုင်တဲ့ အစားအစာတွေကရော ဘာတွေဖြစ်မလဲ။

ဒီမှာ အဓိကရတာတော့ Europian အစားအစာ ပေါ့။ Asian Food နည်းနည်းပါးပါရမယ်။ ထမင်းကြော်၊ ခေါက်ဆွဲကြော် အဲ့ဒီလောက်ပဲရမယ်။ အဓိကကတော့ Europian အစားအစာပေါ့။ Alcohol မရဘူး။ ဒါပေမဲ့ ကော့တေးတော့ရမယ်။ အဲ့ဒီကော့တေးကမွှေးတယ်။ Alcohol က 3.8 လောက်ပဲပါတယ်။ မိန်းကလေးတွေသောက်တာ များတယ်။ အဲ့ဒါက Hello Kitty brand တံဆိပ်နဲ့ Rio ဆိုတဲ့ ကော့တေးပါ။ နောက်ပြီး Drink နဲ့ပတ်သက်တာဆိုရင် ကော်ဖီနဲ့အအေးရမယ်။

-ဈေးနှုန်းအနည်းဆုံးကနေ အများဆုံး ကိုလဲသိချင်ပါတယ်။

နှစ်ထောင်ကနေ နှစ်သောင်းအထိပဲရှိပါတယ်။

-ဆိုင်မှာလာရောက်သုံးဆောင်တဲ့သူတွေကိုရော အခုလက်ရှိမှာ ဘယ်လိုပရိုမိုးရှင်းတွေရှိလဲ။

-မနက် ဆယ်နာရီခွဲကနေ ညနေသုံးနာရီခွဲထိ လာရောက်စားသောက်တဲ့ စားသုံးသူအားလုံးကို Juice နဲ့ French Fries တွေလက်ဆောင်ပေးတယ်။ နောက်လာရောက်စားသုံးတဲ့သူတွေ Check in ၀င်ပေးရင်လဲ ၅ ရာခိုင်နှုန်းထပ်လျှော့ပေးတယ်။

-မွေးနေ့ပွဲတို့ Anniversary တို့ကိုလဲ ဒီဆိုင်မှာကျင်းပလို့ရတယ်လို့သိရတယ်။

ဟုတ်ပါတယ်။ အခန်းလေးတွေလဲငှားတယ်။ အဲ့ဒီမှာ မွေးနေ့တို့ နှစ်ပတ်လည်နေ့တို့ကိုကျင်းပလို့ရတယ်။ VIP အခန်းဆို ၁ နာရီ ခြောက်ယောက်ခန်းကို  ၅၀၀၀ ယူတယ်။ ဆယ်ယောက်ခန်းဆို ၁၀၀၀၀ ယူပါတယ်။ ဆယ်ယောက်ခန်းနှစ်ခန်းနဲ့ခြောက်ယောက်ခန်း တစ်ခန်းရှိပါတယ်။ မွေးနေ့ပွဲလာလုပ်တဲ့သူကို Hello Kitty အရုပ်လေးလက်ဆောင်ပေးပါတယ်။ နောက် Decoration လုပ်ပေးပါဆိုလဲ လုပ်ပေးတယ်။ ဘောလုံးလေးတွေ၊ နှင်းဆီပန်းလေးတွေနဲ့ပေါ့။ အဲ့ဒါကတော့ ဈေးနှုန်းက အနည်းအများပေါ်မူတည်ပြီးယူတယ်။ အနည်းဆုံးကတော့ ၁၀၀၀၀ ကနေစယူပါတယ်။ များရင်များသလို ဈေးနှုန်းကွာပါတယ်။

-ဆိုင်ဖွင့်စကနေ အခုချိန်ထိလာရောက်စားသောက်တဲ့ Customer အနေအထားဘယ်လိုရှိလဲ။

ဆိုင်ဖွင့်တာက ဆယ်လပိုင်းပေါ့။ အဲ့ဒီတုန်းကလဲ လူကျတယ်။ ကြားထဲမှာနည်းနည်းတော့ ကျဲတယ်။ ဒါပေမဲ့ ဒီလထဲမှာ လူပိုကျတယ်။ ပိတ်ရက်တွေဆိုပိုပြီး လူများတယ်။ ဖေစ့်ဘုတ်မှာလဲတင်ထားတယ်။ ပရိုမိုးရှင်းတွေလဲပေးထားတော့ လူလာကြတယ်။

-တစ်ခြားဆိုင်နဲ့မတူတဲ့ ထူးခြားချက်ကဘာများဖြစ်မလဲ။

လူငယ်တွေလာတာများတယ်။ ကလေးလေးတွေလာကြတာများတယ်။ ပြီးရင်သူတို့က ဆိုင်မှာ ဓာတ်ပုံတွေရိုက်ကြတယ်။ Hello Kitty ရုပ်တွေနဲ့ပေါ့။ လာတဲ့သူအများစုက ဓာတ်ပုံရိုက်ကြတယ်။ မိန်းကလေးတွေ လာတာများတယ်။ အတွဲတွေ လာတာများတယ်။ တော်တော်များများက ဒီဆိုင်လေးကို ချစ်ကြတယ်။ ချစ်စရာလဲကောင်းတော့ ဓာတ်ပုံတွေဝင်ရိုက်ကြတယ်။ နောက်တစ်ခုက ဒီဆိုင်မှာ Hello Kitty နဲ့ပတ်သက်တဲ့အရာတွေရောင်းသေးတယ်။ ဈေးနှုန်းက ငါးရာကနေ တစ်သိန်းနှစ်သောင်းထိရှိတယ်။

-၂၀၁၆ မှာထူးထူးခြားခြားအနေနဲ့ရော ဘာတွေလုပ်ဖြစ်ဦးမလဲ။

ချစ်သူများနေ့မှာ ပါတီတစ်ခုလုပ်မယ်လို့တော့ပြောတယ်။ အတိအကျတော့ မသိသေးပါဘူး။ အခုမှ Plan ဆွဲတုန်းပဲရှိပါသေးတယ်။

-ဒီဆိုင်လေးကို လာစားတဲ့ Customer တွေကိုရော ဘာတွေပြောချင်သေးလဲ။

ဒီဆိုင်လေးကို လာစားတဲ့သူတွေက ဆိုင်နာမည်ကိုဘာလို့အဲ့ဒီလိုပေးလဲလို့မေးကြတယ်။ မန္တလေးကဆိုင်နဲ့တူတူပဲလားပေါ့။ ဆိုင်ပုံစံချင်းတူပေမဲ့ ပိုင်ရှင်ခြင်းမတူပါဘူး။ ဒီဆိုင်ကိုချစ်ပြီးလာရောက်အားပေးကြတဲ့ စားသုံးသူတွေကိုလဲ ကျေးဇူးအရမ်းတင်ပါတယ်။ လာစားတဲ့သူတွေကလဲ ဒီဆိုင်မှာ မုန့်လဲစားရင် ဓာတ်ပုံလေးတွေလဲရိုက်ရင်း စိတ်ကျေနပ်မှုအပြည့်အ၀ရတယ်လို့ပြန်ကြားရပါတယ်။ အဲ့ဒီအတွက်လဲကျေနပ်မိတယ်။ စားပြီးသွားရင် Hello Kitty လက်ဆောင်ပစ္စည်းလေးတွေ အားပေးသွားကြတယ်။ အဲ့ဒီအတွက်လဲ စားသုံးသူတွေကို ကျေးဇူးအထူးတင်ရှိပါတယ်လို့ပြောချင်ပါတယ်။

-ဆိုင်လိပ်စာ အတိအကျလေး ပြောပေးပါဦး။

ဆိုင်လိပ်စာကတော့ အမှတ် (၃၃)၊ မိကျောင်းကန် ၂ ရပ်ကွက်၊ အောင်ရတနာဆေးခန်းနဲ့ မျက်နှာချင်းဆိုင် ဝေဇယန္တာလမ်းမကြီးပေါ် မှာရှိပါတယ်။

 

 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.