Lady Ga Ga ရဲ့ အယ်လ်ဘမ်အသစ်ဖြစ်တဲ့ ARTPOP ဟာ Billboard 200 မှာ နံပါတ်(၁)နေရာ ရရှိထားပါတယ်။ သူမရဲ့အယ်လ်ဘမ်ဟာ အချပ်ရေပေါင်း ၂၆၀၀၀၀ (နှစ်သိန်းခြောက်သောင်း) လောက် ရောင်းရနေပါတယ်။
ARTPOP ဟာ Lady Ga Ga ရဲ့ နံပါတ်(၁) လူကြိုက်အများဆုံး ဒုတိယအယ်လ်ဘမ်တစ်ခု ဖြစ်ပြီး ၂၀၁၁ ခုနှစ်တုန်းက ထွက်ရှိခဲ့တဲ့ Born Thi Way အယ်လ်ဘမ်ကိုလည်း အလားတူ ကြိုက်နှစ်သက်ကြပါတယ်။
ဒါပေမယ့် သူမရဲ့ရှေ့မှာရောင်းသွားတဲ့ Katy Perry ရဲ့ “PRISM” က အချပ်ရေပေါင်း 286000 ရောင်းရပြီး Miley Cyrus ရဲ့ “Bangerz” ကတော့ အချပ်ရေပေါင်း 270000 လောက် ရောင်းထားရပါတယ်။ “ARTPOP”ထဲမှာပါတဲ့ ပထမ single သီချင်းဖြစ်တဲ့ “Applause” ဟာ Billboard 100 Top ten မှာ သုံးပါတ်ဆက်တိုက် ရပ်တည်နိုင်ခဲ့ပါတယ်။
Ref:Billboard
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။