အမျိုးသားတစ်ယောက်အတွက် ပါတီပွဲမတက်မီ မဖြစ်မနေ ပြင်ဆင်ထားသင့်တဲ့ အချက်များ

50612952.jpg

အမျိုးသားတို့… ပါတီပွဲခုခု တက်တော့မယ့် အချိန်မှာ ဂျက်ကက်အပေါ်အင်္ကျီကို ကောက်ယူဝတ်ဆင်ပြီး သာမန်ရှုးဖိနပ်စီးသွားလိုက်တဲ့ ခေတ်တွေကုန်သွားပါပြီ။ ယောက်ျားပီပီ ပြင်ဆင် ဖြီးလိမ်းပြီးသွားမယ်ဆိုရင်  သိထားရမယ့် အချက်လေးတွေ ရှိပါတယ်။

·         ပထမဦးဆုံး ဆုံးဖြတ်ရမယ့် အချက်တစ်ခုက နှုတ်ခမ်းမွေး ရိတ်၊ မရိတ် သို့မဟုတ် ရိတ်ပြီး သန့်သန့်ပျံ့ပျံ့သွားမလား ဆိုတာပါ။ နဂိုအတိုင်းပဲ ထားဖို့ ရွေးချယ်ဆုံးဖြတ်ထားရင်လည်း သင့်နှုတ်ခမ်းမွှေးကို ကောင်းကောင်း တိထားဖို့ လိုပါတယ်။

·         နောက် ညအထိ အနံ့အသက် မပယ်မယ့် ရေမွှေးလေးတစ်ခုခု ဆွတ်သွားဖို့ မမေ့ပါနဲ့။

·         အရေပြားဆဲလ်သေတွေ ဖယ်ရှားဖို့ အချိန်ခဏပေးပါ။ အဲဒါက မျက်နှာကို ပိုမိုသန့်ပျံ့စေပါလိမ့်မယ်။ နှာခေါင်း၊ ပါးနဲ့ မြေးစေ့ကို အဓိကဦးစားပေးလုပ်ပေးရပါမယ်။

·         ပါတီပွဲ မတိုင်မီ ခေါင်းလျှော်ခြင်းက အရေးကြီးပါတယ်။ ဒါပေမယ့် မလျှော်နိုင်ရင် အဆီပျံမှု ကင်းစေဖို့ dry shampoo အနည်းငယ်လေး သုံးပါ။ ဆံပင်ပုံဖော်ဖို့ ဂျဲလ်လေးလည်း သုံးပေးပါ။

·         ခံတွင်း အနံ့ဆိုးထွက်ခြင်းကလည်း စိတ်ပျက်စရာတစ်ခု ဖြစ်တတ်ပါတယ်။ အိမ်ကမထွက်ခင် သွားကို တိုက်ဖြစ်အောင်တိုက်ပြီး ပီကေလေး ဆောင်ထားပါ။ 

Ref: Indiatimes

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.