အမျိုးသားတစ်ဦးမှာရှိတဲ့ အမျိုးသမီးများ စိတ်ဝင်စားမှု အဖြစ်ဆုံးအရာ

youre-part-her-circle.jpg

အမျိုးသမီးတွေဟာ ကိုယ့်လက်တွဲဖော်အဖြစ် ရွေးချယ်ရမယ့်သူ၊ ကိုယ့်ချစ်သူအဖြစ် လက်တွဲရမယ့်သူတွေကို ရွေးချယ်ရာမှာ ဘယ်လိုလူမျိုးတွေကို ရွေးချယ်ကြသလဲဆိုတာ စိတ်ဝင်စားစရာပါပဲ။

အမျိုးသမီးတွေအတွက်တော့ တပါးသူကို ကူညီတတ်တဲ့ စိတ်ကောင်းစေတနာရှိတဲ့ အမျိုးသားတစ်ယောက် ဖြစ်ခြင်းက အကြောင်းအရာတစ်ခုမှာ စိတ်ပါဝင်စား နှံ့စပ်သူ လူတော်အမျိုးသားထက် များစွာ ပိုမို စိတ်ဝင်စားစရာကောင်းတဲ့ အရည်အချင်းတစ်ခု ဖြစ်တယ်လို့ သိရပါတယ်။

မကြာသေမီက လေ့လာမှုတစ်ခုမှာ အမျိုးသမီးများအနေနဲ့ မိမိအကျိုးထက် အများအကျိုးကို ဦးစားပေးသော ကိုယ်ကျိုးမငဲ့သော အမျိုးသားတွေကို စိတ်ဝင်စားမှု အများဆုံး ဖြစ်တာ တွေ့ရပါတယ်။ ရုပ်ရည်ထက် ပိုလို့ တောင် အရေးပါတဲ့ အရည်အချင်းတစ်ရပ် ဖြစ်စေပါတယ်။

နှစ်ရှည်လများ လက်တွဲခဲ့တဲ့ လက်တွဲဖော်အိမ်ထောင်သည်တွေနဲ့ ပတ်သက်ပြီး မေးမြန်းကြည့်တဲ့အခါမှာလည်း ရုပ်ချောသူမဟုတ်ဘဲ ကိုယ်ကျိုးမငဲ့သော အမျိုးသားတစ်ဦးကိုသာ သူတို့ ရွေးချယ်ခဲ့ကြပါတယ်။

ခဏပျော်ပါးခြင်းအတွက်ဆိုရင် အများအကျိုးအတွက် ဦးစားပေးသူ မဟုတ်ဘဲ ရုပ်ရည် ချောမောတဲ့ အမျိုးသားများက အဆင့် အနည်းငယ် ပိုများပါတယ်။

ဒီရှာဖွေတွေ့ရှိချက်တွေက လူတွေ အဖော်အဖက် ရွေးချယ်ရာမှာ ကိုယ်ကျိုးမငဲ့သော အပြုအမူရဲ့ အခန်းကဏ္ဍကို သိနားလည်ခြင်းအတွက် အထောက်အကူ ပြုတဲ့ အကြောင်းအချက်များစွာ ဖြစ်စေပါတယ်။ 

Ref: Metro

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.