ဆံပင် Treatment ပိုင်းကို အဓိက ၀န်ဆောင်မှုပေးသွားမယ့် စင်ကာပူဆိုင်ခွဲဖြစ်တဲ့ Empire Charme

12584084_1697515973840647_1952410254_n.jpg

စင်ကာပူမှာ နာမည်ရပြီးသားဖြစ်တဲ့ Empire Charme ဆိုတဲ့ ဆိုင်လေးကို မြန်မာနိုင်ငံမှာ ပထမဆုံးဆိုင်ခွဲအနေနဲ့ အမှတ် ၃၃၊ မိုးကောင်းလမ်း ၊ ရန်ကင်းမြို့နယ်မှာ ဖွင့်လှစ်ထားသလို Hair Treatment အပိုင်းစုံလင်စွာ ရရှိနိုင်တဲ့ Empire Charme ဆိုတဲ့ ဆိုင်လေးမှာ စင်ကာပူက Stylist များက ဆံပင်ပိုင်းနဲ့ပတ်သက်ပြီး သေချာ ဖန်တီး ပြင်ဆင်ပေးနေကာ အများဆိုင်နဲ့မတူတဲ့ Service များလဲရနိုင်သလို ထိုဆိုင်လေးနဲ့ပတ်သက်ပီး ဆံပင်ကို ချစ်မြတ်နိုးသူများ သိရှိထားစေဖို့မြန်မာနိုင်ငံက စပ်တူရှယ်ယာရှင် တစ်ဦးဖြစ်တဲ့ မော်လ်ဒယ်ဆုမြတ်နိုးကျော်ကို Empire Charme ဆိုတဲ့ဆိုင်လေးအကြောင်း အနည်းငယ်မေးမြန်းကြည့်တဲ့အခါ

-Empire Charme ဆိုတဲ့ ဆိုင်လေး စဖွင့်ဖြစ်ပုံအကြောင်းလေးကို အရင်ဦးဆုံးပြောပြပေးပါဦး။

ဒီဆိုင်လေးက စင်ကာပူက ဆိုင်ခွဲပေါ့။ ဟိုမှာ ဖွင့်ထားတဲ့ဆိုင်ရဲ့ အခွဲအနေနဲ့ မြန်မာနိုင်ငံမှာ ပထမဆုံးလာဖွင့်တာပေါ့။ ဒီက Brand အခွဲ ယူလိုက်တာပေါ့။ ရန်ကုန်မှာလဲ ဒီဆိုင်လေးပြီးတာနဲ့ ဆိုင်ခွဲတွေ ထပ်ဖွင့်ဖို့ရှိဦးမယ်။ ညီမက ရှယ်ယာပါတာပေါ့။ ညီမကိုယ်တိုင်က အနုပညာလုပ်နေတဲ့အတွက် စီးပွားရေးလုပ်ငန်းလဲ လုပ်သင့်တယ်ပေါ့။ ညီမကလဲ လုပ်ချင်တယ်။ အကောင်အထည်မဖော်ဖြစ်သေးတာပေါ့။ ဒီဆိုင်ရဲ့ အပြင်အဆင်က ဟိုကပဲ အားလုံးစီစဉ်တာ။ ပစ္စည်းတွေကအစ ဟိုကပဲ လှမ်းမှာတာပါ။

-ဒီမှာ အဓိက ရနိုင်တာတွေကရော ဘာတွေများဖြစ်မလဲ။

အဓိကရနိုင်တာက Urbane ဂျင်ဆင်း Scalp therapy ပေါ့။ ဦးရေပြားကို အဓိကကျန်းမာအောင်လုပ်ပေးတာပေါ့။ အဲ့ဒါလုပ်ရင် ဘာတွေအကျိုးကျေးဇူးရလဲ ဆိုတော့ ဆံပင်ပါးတာ၊ ဦးရေပြားယားတာ၊ ဗောက်ထတာ၊ ဆံပင်ကျွတ်တာ၊ ခေါင်းမှာ အနာတွေဘာတွေဖြစ်တာ၊ ဦးရေပြားမဲတာ၊ အဆီပြန်တာ၊ ဆံပင်သားအရမ်းပါးတာ၊ မွေးရာပါ ဆံပင်ကျွတ်တာဆိုရင် ၄ခါလောက်လုပ်တာနဲ့သိသာတယ်။ အခုအသက်ငယ်တဲ့သူတွေလုပ်မယ်ဆိုရင် အသက်ကြီးလာတဲ့အခါ ဆံပင်ဖြူ မဖြစ်ဘူး။ အဓိက ဦးရေပြားကိုပဲ ဂျင်းဆင်း trearment ပေါ့။ ဒီဟာကို လုပ်မယ်ဆို ညီမတို့ကအရင်ဆုံး ဦးရေပြားကို laptop နဲ့စမ်းသပ်ပြမယ်။ ဦးရေပြားက တစ်ယောက်နဲ့တစ်ယောက် မတူဘူးလေ။ ပြီးရင် လုပ်ပြီးသွားတဲ့အခါမှာလဲ Before & After ဆိုပြီးပြန်ပြပေးတယ်။ တစ်ခါတည်း လုပ်တာနဲ့သိသာတယ်။ တစ်လမှာ ၄ခါလောက် လုပ်လို့ရတယ်။ အဲ့ဒီထက်ပိုပြီးလုပ်လို့မရဘူး။ ဂျင်ဆင်းနဲ့လုပ်တဲ့ဟာကို ဒီလ အထူးလျှော့ဈေးအနေနဲ့ ၃၈၀၀၀ ပဲယူတယ်။

-အဓိကတံဆိပ်အနေနဲ့ ဘယ်ဟာကို မိန်းသုံးဖြစ်လဲ။

Shishedo brand ကိုတော့ အဓိကသုံးတယ်။ အမျိုးအစား အများကြီး ရှိတဲ့အတွက် ဆံပင်သားနဲ့လိုက်ဖက်တဲ့ ခေါင်းလျှော်ရည်ကို ရွေးပြီး သုံးပေးလေ့ရှိတယ်။ ညီမတို့ဆိုင်မှာ ခေါင်းလျှော်ရင် ထိုင်ပြီးလျှော်ပေးတယ်။ ဒါဒီ brand ရဲ့စတိုင်ပေါ့။ အလျှော်ခံတဲ့သူက ထိုင်ပြီး အလျှော်ခံ၊ နှိပ်တာပါတယ်။ ခေါင်းဆေးတော့မှ စင်ပေါ်တက်ရတာပေါ့။

-ဆိုင်မှာလုပ်ပေးတဲ့သူတွေကရော ဘယ်က Stylist တွေလဲ။

စင်ကာပူက Stylist ရှိတယ်။ အခုက ညီမဆိုင် မဖွင့်သေးလို့ပေါ့။ သူက ဟိုနဲ့ဒီကို သွားလိုက်ပြန်လိုက်လုပ်နေတယ်။ ဆိုင်ဖွင့်ပြီဆိုတာနဲ့ဒီမှာရှိပါမယ်။

-ဆိုင်ရဲ့ opening ကိုရော ဘယ်တော့လောက်လုပ်ဖြစ်မလဲ။

၂လပိုင်းလောက်တော့ လုပ်ဖြစ်မယ်။ Cat walk ရှိုးတွေလဲ ထည့်မယ်။

-ကာလာပိုင်းနဲ့ပတ်သက်ပြီးတော့ရော ဘာတွေလုပ်လို့ရနိုင်လဲ။

ကာလာကကျတော့ ညီမတို့က သူ့ဆေးကလုံးဝ ဆံပင်မပျက်စီးဘူး။ ကြိုက်တဲ့ ဆံပင်အရောင်ကို ဆိုးလို့ရတယ်။ ဒါပေမဲ့ အချိန်တော့ပေးရမယ်။ ဆံပင်ကို အရမ်းပျက်စီးစေရင် မဆိုးပေးဘူး။ လိုချင်တဲ့ ကာလာကို တစ်ခါတည်းနဲ့ ဆေးတွေထည့်ပြီး မလုပ်ပေးဘူး။ ပထမအဆင့်၊ ဒုတိယအဆင့်၊ တတိယအဆင့်ဆိုပြီး အဲ့ဒီလိုမျိုးလေး ခွဲလုပ်လေ့ရှိတယ်။ ဆံပင်သားကို အရမ်း ဂရုစိုက်တယ်ပေါ့။ ဆိုးတာတို့ချွတ်တာတို့ဆို ညီမတို့ဆီမှာ လုပ်ရင် လုံးဝမပျက်စီးဘူး။ လုံးဝသဘာဝအတိုင်းပဲ။ ကာလာလဲကြိုက်တဲ့အရောင်ဆိုးလို့ရတယ်။ ကာလာဆိုးရင် ဆံပင်တိုတဲ့သူတွေဆို ၆၈၀၀၀ ယူတယ်။ ဆံပင်ရှည်ရင်တော့ အဲ့ဒီထက်ပိုများမယ်ပေါ့။ ကာလာနဲ့ညှပ်မယ်ဆို ဒီလအတွင်း ၈၈၀၀၀ ပဲယူတယ်။ ကောက်တာရယ်၊ ညှပ်တာရယ်ကျတော့ ၁၀၈၀၀၀ ပါ။ နောက်တစ်ခုက Hair Treatment ပေါ့။ အဲ့ဒါက ဆံပင်သားအတွက် သီးသန့်ပေါ့။ ပျက်စီးနေတာတွေ၊ နှစ်ခွဖြစ်နေတာတွေ၊ ပြတ်ကျနေတာတွေ အတွက် တစ်မျှင်ချင်းစီကို Treatment လုပ်ပေးတာပေါ့။ အဲ့ဒါလုပ်ပြီးသွားတဲ့အခါကျရင် ဆံပင်က သဘာဝအတိုင်းပဲ အသစ်ပြန်ဖြစ်သွားတာပေါ့။ အချိန်ကတော့ ၆နာရီလောက်ပေးရတယ်။ အဲ့ဒီ Hair Treatment ကို ၈၈၀၀၀ ယူတယ်။ ဒါပေမဲ့ ဒီလကို နှစ်ဆယ်ရာခိုင်နှုန်းလျှော့ပေးထားတယ်။

-ဈေးအနည်းဆုံးကနေ ဈေးအများဆုံးကရော ဘယ်လောက်ဖြစ်မလဲ။

ဈေးအနည်းဆုံးကတော့ ၁၂၀၀၀ ကနေ ၁၀၈၀၀၀ ထိရှိပါတယ်တဲ့။

-ဆိုင်တည်ရှိရာ နေရာလေးကိုလဲ သိချင်ပါတယ်။

အမှတ် ၃၃ ၊ မိုးကောင်းလမ်း၊ ရန်ကင်းမြို့နယ်မှာ တည်ရှိပါတယ်။

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.