နယူးယော့ခ်မြို့တွင် အမျိုးသားတွေအတွက် Masturbation Booth စီစဉ်ထားရှိ

cdfx6688-3.jpg

စိတ်ခံစားချက် ပြင်းပြတဲ့ အမျိုးသားတွေအတွက် ကာမရုံခံစားနိုင်မယ့် Guyfi ခေါ် သီးသန့်အခန်းငယ်များ ဖွင့်လှစ်ပေးခဲ့ပါတယ်။ နယူးယော့ခ်မြို့သားများအနေနဲ့ ခက်ခဲပင်ပန်းတဲ့နေ့ကို အကောင်းဆုံး ဖြတ်သန်းကျော်လွှားစေမယ်လို့ Guyfi ကုမ္ပဏီ ယူဆ ပုံရပါတယ်။

အခုတော့ ယင်းကုမ္ပဏီက အခကြေးပေးရန် မလိုတဲ့ လမ်းဘေးမှာ masturbation booth လေးတွေ လုပ်ပေးထားပါတယ်။ အခြေခံအားဖြင့် ကုလားထိုင်၊ လက်တော့ပ်တစ်လုံးနဲ့ ခန်းဆီးလေး တစ်ခုပါတဲ့ ဖုန်းရုံလေး တစ်ခုကဲ့သို့ ဖြစ်ပါတယ်။ မိမိကိုယ်ကိုယ် အဲဒီကနေ ပျော်စိတ်ပျော်ရွှင်မှုရှိအောင် လုပ်ယူဖန်တီးရမှာ ဖြစ်ပါတယ်။

ဒီ သီးသန့်ခန်း အပြင်ဘက်မှာ မိမိကိုယ်ကိုယ် မလုံမလဲဖြစ်တဲ့ လူတန်းတွေ ဖြစ်နေမလားဆိုတာ သေချာမသိရသေးပေမယ့် တီထွင်ဖန်သီးသူတွေကတော့ အကောင်းဘက် မြင်ကြသူတွေ ဖြစ်ပါတယ်။ ဒီ booth ကို စတင်ခဲ့သော Adam Lewis က အလုပ် ၉ ခုမှာ ၅ ခုလောက်က ကိုယ်ရော စိတ်ပါ ဖိစီးမှု ဖြစ်စေနိုင်တယ်ဆိုတာ ငြင်းဆိုဖွယ် မရှိဘူးလို့ ဆိုပါတယ်။

ကျွန်ုပ်တို့ အားလုံးဟာ နေ့စဉ်ဘဝနေထိုင်မှုကို တိုးတက်ကောင်းမွန်စေမယ့် နည်းလမ်းအဖြေသစ်တွေ ရှာဖွေနေကြသူတွေ ဖြစ်ပြီး အခုတော့ Guyfi ရုံနဲ့ ဖန်တီးလိုက်ပြီလို့ ထင်မိပါတယ်။ အမျိုးသားတွေ ဒီနေရာလေးကို လိုသလို ပျော်ရွှင်စွာ အသုံးချနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ လုံးဝ အခမဲ့ ဖြစ်ပါတယ်။ အမျိုးသားတွေကို သီးသန့် အချိန်ခဏပေးခြင်းက ဝန်ထမ်းများအတွက် အကျိုးဖြစ်စေမယ်လို့ သူက ပြောဆိုခဲ့ပါတယ်။
အမျိုးသားအနေနဲ့ ကိုယ့်ကိုယ်ကို သိတတ်ဖို့ တကယ် အရေးကြီးပါတယ်။ ဒါမှသာလျှင် ကျန်းမာပြီး လက်ရှိအလုပ်ကို ကောင်းကောင်းမွန်မွန် အာရုံစိုက်နိုင်မှာ ဖြစ်ကြောင်း သူက ပြောဆိုခဲ့ပါတယ်။ 

Ref: Metro

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.