ဒါ ….ပုံမှန်လား…

question-mark-chalk-board-woman-thinking-hplead.jpg

တခါတရံမှာ ကျွန်မတို့ရဲ့ စိတ်ခံစားမှုတွေက ထူးခြားနေတတ်ပါတယ် ။ကိုယ့်စိတ်ခံစားမှုကို ကိုယ်သတိပြုမိလိုက်တဲ့အချိန်မှာ အလန့်တကြား ဖြစ်သွားရတာမျိုးလည်း ကြုံဖူးကြမှာပါ ။ မိမိရဲ့ ပင်ကို စရိုက်နဲ့ ဆန့်ကျင်နေတဲ့ အတွေးမျိုးတွေ ဝင်လာရင် ကိုယ့်ကိုကိုယ် စိတ္တဇ ဝေဒနာ ခံစားနေရပြိလားလို့ စိုးရိမ်မှုတွေ ဖြစ်ပေါ်လေ့ရှိပါတယ် ။ဒါကြောင့် ပုံမှန်အခြေအနေ ဟုတ် ၊မဟုတ် ပညာရှင်တွေကို မေးမြန်းထားတဲ့ မေးခွန်းနဲ့အဖြေလေးတွေကို တိုက်ဆိုင်မှုရှိခဲ့ရင် သိရှိနိုင်အောင် ဖော်ပြပေးလိုက်ပါတယ် ။
 
 

ကိုယ်ကစပြီး ချစ်တယ်လို့ ပြောချင်တာ… ပုံမှန်လား….

ကျွန်မက လူတစ်ယေက်နဲ့ရင်းနှီးနေတာ ၃ လလောက်ရှိပါပြီ ။ သူက ကျွန်မတွေ့ဖူးသမျှလူတွေထဲမှာ အကောင်းဆုံးပါ ။ ကျွန်မတို့နှစ်ယောက်က အရမ်းနီးစပ်ပြီး နှစ်ယောက်သား ခံစားချက်တွေကလည်း တူနေပါတယ် ။ကျွန်မက သူ့ကို ချစ်တယ်လို့ စပြောချင်နေပါတယ် ။ သူငယ်ချင်းတွေအားလုံးကတော့ ကျွန်မကို အရင် စမပြောဖို့ တားပါတယ် ။ ဒါပေမဲ့ ကျွန်မတို့ နှစ်ယောက်စလုံးက တစ်ယောက်ယောက် အရင်စပြောမှာကို စောင့်နေတာဆိုရင် ဘယ်လိုလုပ်မလဲ ။ သူ့ကို အဆုံးရှုံးမခံနိုင်ပါဘူး  ။

ဖြေ-( ၈၁ % ပုံမှန် )- ကိုယ်အရမ်းနှစ်သက်တဲ့သူကို တွေ့တဲ့အခါ ကိုယ်အရမ်းသဘောကျတဲ့ အရာဆိုရင် ပိုင်ဆိုင်ဖို့ကြိုးစားတတ်ကြတဲ့ သဘာဝ အတိုင်း ဆုံးရှုံးမှာ စိုးတဲ့စိတ်နဲ့ ဆန္ဒစော နေတာပါ ။

ငယ်ငယ် ရွယ်ရွယ်နဲ့ ဘဝကို လက်လျှော့ အရှုံးပေးချင် စိတ်ဖြစ်နေတာ…ပုံမှန်လား…

ကျွန်မအသက် ၁၃ နှစ်အရွယ်မှာ သေခြင်းအကြောင်းကို စပြီး စဉ်းစားမိခဲ့တယ် ။ ကျွန်မက အိုမင်းမစွမ်းဖြစ်မှာကို သိပ်ကြောက်တော့ အသက်ငယ်ငယ်မှာသေသွားရင် ကောင်းမယ်လို့ထင်တယ် ။ အသက်ရှင်နေတုန်းမှာ လုပ်တဲ့ အရာတွေက သေသွားရင် ဘာမှ အရေးပါမှာ မဟုတ်တဲ့အတွက် ဘာလို့ ဒါတွေကို လုပ်နေရဦးမှာလဲ   ။

ဖြေ-  (၅၇ %ပုံမှန် )    ။ဒီ အတွေးတွေ စဝင်လာစေတဲ့ အကြောင်းကတော့ စာသင်ခန်းထဲမှာ အဆင့်တွေကျတာ ၊ မိသားစု နဲ့အဆင်မပြေတာ ၊ဒုက္ခရောက်နေတဲ့ လူတွေကို တွေ့ပြီး လွန်ကဲတဲ့ စိုးရိမ်စိတ်တွေဖြစ်လာတာပါ ။ စိတ်ဖိစီးမှုတွေကြုံတဲ့အခါ ထွက်ပေါက်လို့ထင်တဲ့ အကြောင်းတွေ ရှာတွေးတတ်တာတာမျိုးပါ ။

အသက် အရွယ်ဆိုတာ ကိန်းဂဏန်းသတ်မှတ်ချက် တစ်ခုပဲလို့ထင်တာ ….ပုံမှန်လား

ကျွန်မက အသက် ၅၉ နှစ်ရှိပါပြီ ။လူတိုင်းက ကျွန်မကို ၄၀ သို့ ၄၅ နှစ်လောက်ပဲလို့ ထင်ကြပါတယ် ။ ကျွန်မအခု ပင်စင်ယူရမယ့် အရွယ်ရောက် နေပေမဲ့ ကျွန်မလိုချင်တာက လေးစားခံရမှု မဟုတ်ဘဲ ကျွန်မကို နုပျိုတယ်လို့ ချီးမွမ်း အားကျနေတဲ့ ဘဝကိုပဲလိုချင်တာပါ ။

ဖြေ –      (၅၆% ပုံမှန် )     –  လူတစ်ကိုယ် စံနှုန်းတစ်မျိုးပါ ။ စိတ်ပျို ကိုယ်နုချင်တဲ့သူအတွက် အသက်အရွယ်ကို မေ့ထားတတ်ပါတယ် ။

အသက်ကြီးတဲ့သူတစ်ယောက်နဲ့ တွဲတာ မှားနေတယ်လို့ တွေးနေမိရင်….ပုံမှန်လား
 

ကျွန်မ အသက်က ၁၇ နှစ်ပါ ။သူ့အသက်ကတော့  ၂၈နှစ်ပါ ။ သူက ကျွန်မအပေါ် အရမ်းကောင်းပြီး ပညာတတ် လူရည်မွန်တစ်ယောက်ပါ ။ကျွန်မကလည်း သူ့ကို သဘောကျပါတယ် ။ဒါပေမဲ့ ကျွန်မ စိတ်ထဲမှာ အသက်အရွယ်ကြောင့် မှားနေတယ်လို့ ထင်နေမိပါတယ် ။

ဖြေ –  ( ၇၉ %ပုံမှန် )   -ယောက်ျား ဖြစ်စေ ၊မိန်းမ ဖြစ်စေ လူတစ်ယောက်က ကိုယ်နဲ့ အသက်အရွယ်ကွာဟပြီဆိုရင် အတွေးအခေါ် ၊ ခံယူချက် ၊အမြင်တွေ မတူတတ်တဲ့ အတွက် မသိစိတ်ရဲ့ ပူပန်မှုကြောင့် တွန့်ဆုတ်နေခြင်းဖြစ်ပါတယ် ။

အဖြေတွေမှာ ၈၀%-၁၀၀% ကြားဆို တော်တော်လေးပုံမှန်ဖြစ်ပြီး ၅၀%-၈၀%ကြားဆို ပုံမှန်ဖြစ်ရုံ အနေအထားပါ ။၅၀% အောက်ဆိုရင်တော့ ကျွမ်းကျင်သူတွေနဲ့ တိုင်ပင်သင့်ပါတယ်လို့ အကြံပြုထားပါတယ် ။

1 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.