ကွာရှင်းပြတ်စဲလိုက်ကြတဲ့ စုံတွဲတွေရဲ့ ဆန်းဆန်းပြားပြား ကွာရှင်းရခြင်း အကြောင်းရင်းများ

o-divorced-women-facebook.jpg

အမေရိကန်နိုင်ငံတွင်သာမက နိုင်ငံတကာမှာပါ ကွာရှင်းမှုနှုန်း အရေအတွက်က ကြောက်ခမန်းလိလိ တိုးပွားလာနေပါတယ် ။ ကွာရှင်းမှုတိုင်းရဲ့နောက်ကွယ်မှာ အကြောင်းရင်း တစ်ခုစီရှိမြဲဆိုပေမဲ့ အခုပြောပြမယ့် အကြောင်းတွေ ကတော့ တကယ့်ကို ပါးစပ်အဟောင်းသားဖြစ်သွားစေတဲ့ အကြောင်းရင်းတွေပဲ ဖြစ်ပါတယ် ။

၁)ဂျပန်နိုင်ငံမှာ  ယောက်ျားဖြစ်သူက Disney ကထုတ်တဲ့Frozen ကာတွန်းကို မကြိုက်လို့ မိန်းမဖြစ်သူက ကွာရှင်းခွင့် တောင်းခဲ့ပါတယ်။ သူမ အဆိုအရ ဒီလိုချစ်စရာ ကောင်းတဲ့ ဇာတ်လမ်းတစ်ပုဒ်ရဲ့အလှအပကို မခံစားတတ်သူက ပျော်ရွှင်တဲ့ အိမ်ထောင်ရေးကို ပေးနိုင်မှာ မဟုတ်ဘူးထင်လို့ပါတဲ့ ။

၂)အီတလီနိုင်ငံမှာတော့ ခင်ပွန်းက ဟန်နီးမွန်းခရီးမှာ မိခင်ဖြစ်သူကို ခေါ်လာတဲ့အတွက် မိန်းမက ကွာရှင်းခွင့်တောင်းခဲ့ပါတယ် ။

၃)၂၀၀၇ ခုနှစ် နိုဝင်ဘာလမှာ မိန်းမက အသက်ကို လိမ်ညာပြောခဲ့လို့ ယောက်ျားဖြစ်သူက သိသိချင်း နောက်တစ်နေ့မှာပဲ ကွာရှင်းခွင့် တောင်းခဲ့ပါတယ်။ လက်ထပ်တဲ့အချိန်က အမျိုးသမီးက အသက် ၃၀ ကို ၂၄ နှစ်လို့ လိမ်ပြောခဲ့လို့ပါတဲ့ ။

၎)၂၀၀၁ ခုနှစ် ဇွန်လမှာ အိမ်မှာမွေးထားတဲ့ ကြက်တူရွေးက “ ကွာရှင်း “ “စိတ်ရှည်ပါ” “ နင့်ကိုငါချစ်တယ် “ဆိုတဲ့စကားသုံးလုံး ပြောခဲ့လို့ မိန်းမက ကွာရှင်းခွင့်တောင်းခဲ့ပါတယ်။ ။သူ့အယူအဆကတော့ ယောကျာ်းဖြစ်သူ ဖောက်ပြန်နေလို့သာ ကြက်တူရွေးက ဒီစကားတွေ ကြားပြီး ပြောတတ်ခဲ့တာလို့ ယုံကြည်လို့ပါတဲ့ ။

၅)တရုတ်ပြည်မှာတော့ ယောကျာ်းရဲ့ဟောက်သံကြောင့် လက်ထပ်ပြီးကတည်းက တစ်ညမှ အိပ်ရေးဝဝ မအိပ်ခဲ့ရလို့ မိန်းမဖြစ်သူက ကွာရှင်းခွင့် တောင်းခဲ့ပါတယ် ။

၆)Jian Feng ဆိုတဲ့ တရုတ်အမျိုးသားက သူ့မိန်းမက အရမ်းရုပ်ဆိုးတဲ့ အတွက် ကွာရှင်းခွင့်တောင်းခဲ့ပါတယ် ။ဒီအကြောင်းကို ကလေးမွေးပြီး ကလေးက အရမ်းရုပ်ဆိုးနေတဲ့ အချိန်ကျမှသိခဲ့ပါတယ် ။မိန်းမဖြစ်သူက လက်မထပ်ခင်မှာ ဒေါ်လာ တစ်သိန်းကျော် အကုန်အကျခံပြီး  ပလတ်စတစ် ဆာဂျရီလုပ်ခဲ့တာကြောင့်ပါ ။

၇)နေ့တိုင်း ကိတ်မုန့်လုပ်ကျွေးတဲ့ မိန်းမကို ကွာရှင်းခွင့်တောင်းပါသတဲ့ ။ တရုတ်ပြည်က အိမ်ရှင်မတစ်ယောက်က အစာစားပြီးတိုင်း သူကိုယ်တိုင် ဖုတ်တဲ့ ကိတ်မုန့်ကို နေ့စဉ်မပြတ် ကျွေးတဲ့အတွက် သည်းမခံနိုင်တော့လို့ ကွာရှင်းကြတာပါ ။

၈)ဆော်ဒီအာရေဗျကအမျိုးသမီးတစ်ဦးကတော့ သူ့ယောက်ျားကပေးထားတဲ့ နာမည်ပြောင်ကို မကြိုက်လို့ ကွာရှင်းခွင့်တောင်းခဲ့ပါတယ် ။ယောက်ျားက သူ့ဖုန်းထဲမှာ မိန်းမဖြစ်သူကို ပေးထားတဲ့ နာမည်ပြောင်ကတော့ “  ဂွမ်တာနာမို”ပါတဲ့ ။

၉)ဆော်ဒီအာရေဗျမှာ ခင်ပွန်းက ဇနီးမျက်နှာ ကြည့်ခွင့်မရှိဘူးဆိုတဲ့ ဘာသာရေးတားမြစ်ချက် တစ်ခုရှိပါတယ် ။အိမ်ထောင်သက် ၃၀ ကြာ ပျော်ရွှင်စွာဖြတ်သန်းလာပြီး တစ်ညမှာတော့ ယောက်ျားဖြစ်သူက မိန်းမရဲ့မျက်နှာကို သိချင်စိတ်ဖြစ်လာလို့ မိန်းမအိပ်ပျော်နေစဉ်မှာ မျက်နှာအုပ်ပုဝါကို ဖယ်ကြည့်ဖို့ကြိုးစားခဲ့တာကြောင့် ဇနီးက ကွာရှင်းခွင့်တောင်းခဲ့ပါတယ်တဲ့။
 

အိမ်ထောင်တစ်ခုပြုဖို့ဆိုတာ လွယ်ပေမဲ့ ခိုင်မြဲအောင်တည်ဆောက် နိုင်ဖို့ခက်ပါတယ် ။ ခိုင်မြဲပျော်ရွှင်တဲ့ အိမ်ထောင်ရေးမှာ အချစ် အပြင် နားလည်မှု ၊ ပွင့်လင်းမှု တွေလိုအပ်တာကို အတုယူနိုင်ကြပါစေ ။

Ref:trendshealth

1 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.