PSY ရဲ့ တေးဂီတ ဗီဒီယိုမှာ ပေါ်ထွက်လာမယ့် Snoop Dogg

snoop-dogg-psy-celeb-instagram-photos.png

          အမေရိကန် ဟစ်ပ်ဟော့ တေးဂီတပညာရှင် Snoop Dogg ဟာ ကိုရီးယားအဆိုတော်နဲ့ သီချင်းရေးဆရာဖြစ်သူ PSY ရဲ့ မြူးဇစ်ဗီဒီယိုတစ်ခုမှာ ပါဝင်မယ်လို့ သိရပါတယ်။ ဒီလထဲမှာပဲ သူတို့နှစ်ဦးဟာ ဗီဒီယို စတင်ရိုက်ကူးနေပြီဖြစ်ပြီး တည်နေရာနဲ့ ဗီဒီယိုရဲ့ အကြောင်းရင်းကိုတော့ top secret အဖြစ် ထိန်းသိမ်းထားဆဲပါပဲ။

          Snoop Dogg ဟာ သူ့ရဲ့ ပထမဆုံးအယ်ဘမ်ဖြစ်တဲ့ “Doggystyle” ကို ၁၉၉၃ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး ၁၀ကြိမ်ထက်မနည်း ဂရမ်ဆုမှာ လျာထားခြင်းခံခဲ့ရပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၃ ရက်မှာတော့ PSY ကသူ့ရဲ့ တွစ်တာမှာ “Snoop Dogg x PSY . မကြာမီလာမည်” ဆိုပြီး သူုတို့နှစ်ဦးရဲ့ ဓါတ်ပုံနဲ့ tweet လုပ်ထားပါတယ်။

          ဒီကိစ္စနဲ့ပတ်သက်ပြီး PSY ရဲ့ အေဂျင်စီဖြစ်တဲ့ YG Entertainment ကတော့ မှတ်ချက် တစ်စုံတစ်ရာပေးဖို့ ငြင်းဆိုနေဆဲဖြစ်ပါတယ်။ PSY ဟာ ဒီနှစ်ထဲမှာထွက်မယ့် သူ့ရဲ့ အယ်လ်ဘမ်အသစ်အတွက် ဗီဒီယိုအတော်များများ စတင်ရိုက်ကူးနေတယ်လို့ သိရပါတယ်။

          ဒီဇင်ဘာ ၂၂ရက်နေ့က ကျင်းပခဲ့တဲ့ PSY နဲ့ သူ့ရဲ့fansတွေ တွေ့ဆုံပွဲမှာ သူက “Gentleman ဟာ သူ့ရဲ့စတိုင်နဲ့ကိုက်ညီတဲ့ သီချင်းတစ်ပုဒ် မဟုတ်ခဲ့ဘူး”လို့ဆိုပါတယ်။ သူ့အသက်မွေး ၀မ်းကြောင်းကို စတင်ဖို့ သူ့စတိုင်ဖြစ်တဲ့ သီချင်းတွေကို ပြန်လည်ရှာဖွေဖို့ ပြင်ဆင်နေတယ်လို့ ပြောပါတယ်။ “တကယ်လို့များကံကောင်းခဲ့ရင် သူ့ရဲ့ hit ဖြစ်ခဲ့တဲ့ “Gangman Style”လိုသီချင်းမျိုး ထပ်တွေ့ရဦးမှာပါ” လို့လည်း ပြောသွားပါသေးတယ်။

Ref:kpopstarz

 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.