လူအများစု မသိကြသေးတဲ့ ခွေးလေးတွေရဲ့ စိတ်ဝင်စားဖွယ်အချက်လေးများ

100-dog-facts.jpg

အိမ်မွေးတိရစ္ဆာန်တွေထဲ လူတွေ ချစ်ကြတဲ့ တိရစ္ဆာန်ကတော့ ကြောင်နဲ့ ခွေးပါပဲ။ ခုအခေါက်မှာတော့ အိမ်မွေးတိရစ္ဆာန်ခွေးလေးတွေနဲ့ ပတ်သက်ပြီး သင်သတိမထားမိတဲ့ အချက်လေးတွေ၊ မသိသေးတဲ့ အချက်လေးတွေကို ဗဟုသုတအဖြစ် ပြောပြပေးမှာပါ။
 

– ခွေးလေးများကို အချစ်တော် အိမ်မွေးတိရစ္ဆာန်လေးတွေ အဖြစ်မွေးလာကြတာ နှစ်ပေါင်းများစွာ ကြာပြီဆိုပေမဲ့ ၁၉၆၀ ခုနှစ်နောက်ပိုင်းမှာမှ အလွန်ခေတ်စားလာတာပါတဲ့ ။

-စာရင်းဇယားတွေအရဆိုရင် အမေရိကန်ပြည်ထောင်စုရဲ့ အိမ်ထောင်စု ၆၀%မှာ အိမ်မွေးခွေးတစ်ကောင်စီ ရှိပါတယ်တဲ့ ။

-ခွေးတွေဟာ သူတို့နားရွက်တွေကို လွတ်လွတ်လပ်လပ် လှုပ်ရှားနိုင်ပါတယ် ။အကြောင်းကတော့ နားရွက်တစ်ဖက်တည်းမှာတင် အနည်းဆုံး ကြွက်သား ၁၈ ခုရှိလို့ပါ ။

-သာမန်လူတစ်ယောက်က 2000 Hz ရှိတဲ့အသံကိုသာ ကြားနိုင်ပေမဲ့ ခွေးတွေကတော့ 8000 Hz ရှိတဲ့ အသံကို ရှင်းလင်းစွာ ကြားနိုင်ပါတယ်။

-တိုက်တန်းနစ် သဘောင်္နစ်မြုပ်စဉ်က အသက်ရှင်ကျန်ခဲ့တဲ့ ခွေး 3 ကောင်ရှိခဲ့ပါတယ် ။သူတို့အားလုံးက သူတို့သခင်တွေနဲ့အတူ ပထမတန်း သဘောင်္အခန်းမှာ စီးနင်းလိုက်ပါလာတာ  ဖြစ်ပါတယ်တဲ့ ။

-မြို့မှာနေတဲ့ခွေးတွေက တောမှာနေတဲ့ ခွေးတွေထက် သုံးနှစ်လောက် ပိုအသက်ရှည်ပါတယ်တဲ့ ။

-စစ်တမ်းကောက်ယူမှုအရ ၃၃ ရာခိုင်နှုန်းသော သခင်တွေက သူတို့ခရီးထွက်တဲ့အခါ သူတို့ခွေးတွေကို ဖုန်းထဲကနေ စကားပြောလေ့ရှိပါတယ်တဲ့ ။တချို့ဆိုရင် အသံမက်ဆေ့ခ်ျတွေတောင် ထားခဲ့တယ် လို့ဆိုပါတယ်။

-ကမ္ဘာ့အသက် အရှည်ဆုံး ခွေးက ၂၉ နှစ်နဲ့ ၅လအထိ အသက်ရှည်ခဲ့ပါတယ်တဲ့ ။

-အာကာသထဲကို ပထမဆုံး ပို့ခဲ့တဲ့ သက်ရှိက ခွေးဖြစ်ပါတယ် ။ ၁၉၅၇ ခုနှစ်မှာ ကမ္ဘာ့ဂြိုဟ်တုက Laika ဆိုတဲ့ ခွေးလေးကို အာကာသထဲကို ပို့ခဲ့ပေမဲ့ အခန်း အပူလွန်ကဲပြီးသေဆုံးခဲ့ပါတယ် ။

-အရွယ်ရောက်ပြီးသားခွေးတစ်ကောင်မှာ သွားပေါင်း ၄၂ ချောင်းရှိပါတယ်။

-ခွေးတွေကို ဘယ်တော့မှ ချောကလက် မကျွေးမိပါစေနဲ့။ သူတို့အတွက် ချောကလက်က သေစေနိုင်လောက်တဲ့ အဆိပ်တစ်ခု ဖြစ်လို့ပါ ။

-ခွေးတွေမှာ သွေးအမျိုးအစားပေါင်း ၁၃မျိုးရှိပြီး တခြားခွေးကိုလည်း သွေးလှူဒါန်းနိုင်ပါတယ်တဲ့ ။

-ခွေးတစ်ကောင်က စာလုံးပေါင်း ၂၀၀ လောက်အထိ နားလည်နိုင်တဲ့အတွက် ၂ နှစ်အရွယ် ကလေးတစ်ယောက်ရဲ့ ဥာဏ်ရည်လောက်ရှိပါတယ် ။

-နာဇီတွေက ခွေးတွေကို စကားပြောနိုင်အောင်နဲ့ စာဖတ်နိုင်အောင် သင်ပေးဖို့ ကြိုးစားခဲ့ဖူးပါတယ်တဲ့။

-ပထမကမ္ဘာစစ်အတွင်းက ရှေ့တန်းကို သတင်းပို့တဲ့ ခြေမြန်တော်အဖြစ် ခွေးကို အသုံးပြုခဲ့ကြပါတယ်တဲ့။

Ref:thefactsite

8 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.