အရပ်ပုတဲ့ မိန်းကလေးတွေပဲ နားလည်နိုင်မယ့် အသေးစားပြဿနာလေးများ

gty_tall_short_women_nt_130725_16x9_608.jpg

အရပ်ပုရင် နုတယ်လို့ဆိုကြပါတယ်။ လူတိုင်းက ချစ်စရာ ကောင်းတယ်လို့ ထင်ကြတယ်။ ကိုယ်လုံးသေးသေးနဲ့ဆိုတော့ လူအုပ်ကြားထဲတိုးရင် အလွယ်တကူ ရှေ့ရောက်သွားနိုင်တယ်။ လေယာဉ် ၊ရထား ၊ကားတွေနဲ့ ခရီးရှည် သွားရတဲ့ အခါမှာဆိုရင်လည်း သက်တောင့်သက်တာ ခြေဆန့်ပြီး နေလို့ရတယ်။ ဒါပေမယ့်….မကြီးကျယ်ပေမဲ့လည်း အနည်းငယ် စိတ်ခုစရာ အသေးစား ပြဿနာလေးတွေ ရှိပါတယ်။

– အဝတ်အစား ဝယ်ပြီးတဲ့ အခါတိုင်း တိုသွားအောင်ပြန်ပြင်ရလို့ အပို ပိုက်ဆံကုန်ရတတ်တာ(ဂျင်းဘောင်းဘီတွေက အမြဲ ပိုရှည်အောင် ချုပ်ထားသလိုပဲ ခံစားရတာမျိုးပေါ့)

-ပွဲတက်ဂါဝန်တွေ ၊ ဘောင်းဘီတွေ ၊စကတ်တွေ စမ်းဝတ်ကြည့်တဲ့အခါ လူကြီးတစ်ယောက်ရဲ့ အင်္ကျီယူဝတ်ထားတဲ့ ကလေးတစ်ယောက်နဲ့ တူနေတတ်တာ။ ကိုယ့်ကို အရွယ်ရောက်ပြီးသား  မိန်းကလေးတစ်ယောက်လို့ လူအများက မမြင်တာမျိုး ကြုံရတဲ့အခါမျိုးတွေလည်းရှိတတ်ပါတယ်။

-ဒေါက်မြင့်ဖိနပ် စီးရတာများတော့ ဖနောင့်နာတာ ၊ခြေသလုံးတွေ တောင့်နေတတ်တာ။(ကိုယ့်ကို အရပ်ပိုရှည်တယ်လို့ လူတွေထင်အောင် လှည့်စားနိုင်ဖို့အတွက် ဖိနပ် အပါးစီးဖို့ကိုတောင် မေ့လျော့နေတတ်တယ်။)

-ရုပ်ရှင်ရုံတွေ ၊ ပြဇာတ်ရုံတွေ ၊ရှိုးပွဲတွေ သွားရင် ရှေ့မှာလူရှိနေရင် ဘယ်လိုမှ သက်တောင့်သက်တာ ကြည့်လို့မရတော့ဘူး။( ရှေ့ကလူကို ကျော်ကြည့်နိုင်ဖို့ ဘယ်ယိမ်းလိုက် ညာယိမ်းလိုက်ဖြစ်ရတတ်တယ် ၊ခြေဖျားထောက်ကြည့်ရတတ်တယ်)

-စင်တစ်ခုရဲ့ အပေါ်ဆုံးအဆင့်ဆိုရင် အကူအညီမပါဘဲ မမီနိုင်ပါဘူး (လူ ၊လှေကား၊ခုံ စသည်ဖြင့် တစ်ခုခု အကူအညီယူမှ အဆင်ပြေနိုင်တယ်။)

-အရပ်မြင့်တဲ့ သူတစ်ယောက် ဘေးနားရောက်လာတဲ့အခါတိုင်း စိတ်ထဲမှာ အားငယ်သလို ဖြစ်သွားတတ်တယ်။(ကိုယ်က သူ့အရိပ်အောက်မှာ ပျောက်နေသလိုမျိုး ခံစားရတတ်ပါတယ်)

-လူတွေက ကိုယ့်ကို အရပ်ပုတယ်လို့ အမြဲပြောနေသလို ခံစားနေရတတ်တာ။(စနောက်ပြီးဖြစ်ဖြစ် ၊နှိမ်ချပြီးဖြစ်ဖြစ် ပြောနေကြမယ်လို့ တွေးပူနေတတ်တယ်။)

Ref:womenshealthmag
    
 

14 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.