သင့်အချစ်ရေး နောက်ထပ် မချောမွေ့နိုင်တော့ကြောင်း သိသာသွားစေတဲ့ လက္ခဏာ (၄) ရပ်

girl_10.jpg

ချစ်သူစုံတွဲ ဆက်ဆံရေးဆိုတာလည်း နို့ဗူးတွေလို ချဉ်စုတ်စုတ်ဖြစ်လာပြီး သက်တမ်းကုန်ဆုံးချိန်တစ်ခု ရှိတတ်ပါတယ်။ ရန်ဖြစ်စကားများခြင်း၊ မျက်ရည်ကျခြင်း၊ သံသယဖြစ်စရာ အပြုအမူ စတာတွေဟာ ချစ်သူစုံတွဲ ဆက်ဆံရေး ရေရှည်ခိုင်မြဲခြင်းအတွက် ကောင်းတဲ့ လက္ခဏာရပ်တွေ မဟုတ်ပါဘူး။ ဒါပေမယ့် မိမိအနေနဲ့ သက်တမ်းကုန်ဆုံးချိန်ကို ဘယ်လို သိရပြီး ဘယ်လိုအပြုအမူတွေက လမ်းခွဲသင့်တဲ့ အချိန်ရောက်ပြီဆိုတာ သတ်မှတ်ပေးမှာလဲ။

အချစ်ရေးတစ်ခု အဆင်မပြေတော့ဘူးဆိုတာ သိစေမယ့် လက္ခဏာ (၄) ခု ရှိပါတယ်။

၁။ ထပ်ခါတလဲလဲ ရန်ဖြစ်ခြင်း

အကြောင်းအရာ တစ်ခုတည်းဖြင့် ရန်ထထဖြစ်ခြင်းက ချစ်သူစုံတွဲ ဆက်ဆံရေး အခြေအနေ ပိုမိုဆိုးရွားလာကြောင်း ညွန်ပြပေးတဲ့ အချက်တစ်ခု ဖြစ်ပါတယ်။ အဲဒါက ရိုးရိုးတန်းတန်း ရန်ဖြစ်စကားများတာ လေးတော့ မဟုတ်ပါ။ စိတ်ကို အမှန်တကယ် ထိခိုက်စေတာပါ။ သာမန် ရန်ဖြစ်စကားများတာလောက်က အကြောင်းမဟုတ်ပါ။ ရန်ဖြစ်တိုင်း အကြောင်းအရာတစ်ခုတည်းပဲ ပြန်ပြန် ပြောနေရင် နှစ်ယောက်လုံး ပြသနာကို ခေါင်းအေးအေး မဆွေးနွေး တတ်ခဲ့လို့ပဲ ဖြစ်ပါတယ်။

ပြသနာတွေ ပြောဆိုဆွေးနွေးတယ်ဆိုတာ အချစ်ရေးမှာ မဖြစ်မနေ လိုအပ်တဲ့ ကျွမ်းကျင်မှုတစ်ခု ဖြစ်ပါတယ်။ အဲဒါမရှိဘဲ အဖန် တလဲလဲဖြစ်နေတဲ့ ရန်ပွဲက တင်းမာမှု ဖြစ်စေပြီး ရင်နင့်အောင် ခံစားရစေပါလိမ့်မယ်။ အနာကို ပြန်ပြန်ခွာထုတ် ပစ်သလို နောက်ဆုံး အမာရွတ်တစ်ခု ကျန်ခဲ့ပါလိမ့်မယ်။

၂။ လက်တွဲဖော်ကို တန်းတူရည်တူ သဘောမထားတော့ခြင်း

ကိုယ်က ကိုယ့်လက်တွဲဖော်ထက် ပိုသာတယ်လို့ ခံယူခြင်းက အထင်သေးမှု ခံစားချက်တွေ ဖြစ်စေပါတယ်။ မိမိလက်တွဲဖော်က ကိုယ့်အဆင့်လောက် မရှိဘူးလို့ ခံယူတာ သိမ်ငယ်မှု ဖြစ်စေတတ်ပါတယ်။ ဒါမှမဟုတ် မိမိလက်တွဲဖော်ကို များစွာ အထင်ကြီးလေးစားမှုရှိတဲ့ သဘောလဲ သက်ရောက်နိုင်ပါတယ်။ ဒါပေမယ့် ဒီအချက်က အချစ်ရေးအတွက် မကောင်းတဲ့ လက္ခဏာတစ်ရပ် ဖြစ်နေသေးတယ်။ ဘာကြောင့်လဲဆိုရင် ကိုယ့် ချစ်သူထက် ပိုညံ့တယ်လို့ ကိုယ့်ကိုယ်ကို ခံယူထားခြင်း မိမိစွမ်းရည် အဆမတန် မျှဝေစေလို့ပဲ ဖြစ်ပါတယ်။

၃။ သင့်လက်တွဲဖော်က သင့်ဘက်ကနေ ကြည့်မပေးနိုင်

တကယ်တော့ သဘောထား ကွဲလွဲမှုရှိတာတွေဟာ အချစ်ရေးအဆင်ပြေမှု လက္ခဏာရပ် ဖြစ်ပါတယ်။ စိတ်သဘောထား မတူညီမှုတွေဟာ နှစ်ယောက်လုံး မိမိတို့ စိတ်ခံစားချက်တွေ ဖွင့်ပြောရတာ စိတ်သက်မှုခံစားရပြီး ကိုယ်မှန်တယ်ထင်တာကို ဖွင့်ပြောဖို့ သတ္တိရှိကြလို့ ဖြစ်ပါတယ်။

သင့်လက်တွဲဖော်က သင့်အယူအဆကို သဘောမပေါက်တဲ့အခါ ငြင်းခုံမှုတွေက အဆိုးဘက် ပြောင်းလဲသွားတတ်ပါတယ်။ သင်ကျေနပ်စေဖို့ သူအနေနဲ့ သင့်ဘက်မှ ပြောဆိုပါလိမ့်မယ်။ နောက် သူ သဘောထားကွဲလွဲပါလိမ့်မယ်။

တခြားသူရဲ့ အမြင်ကို ကောင်းကောင်းမသိဘဲ သဘောမတူခြင်းက တခြားလူကို နားလည်ပေးမှု မရှိတာကို ဖော်ပြတာပါ။ နောက်ပြီး သင့်အပေါ် နားလည်မှုမရှိတဲ့ လူတစ်ယောက်ကို ရေရှည်လက်တွဲဖော်အဖြစ် သင် ထားမှာ မဟုတ်ပါ။

၎။ လက်တွဲဖော် ထားသွားမှာ စိုးရိမ်ခြင်း

သူ သင့်ကို ထားခဲ့တော့မယ့် ခံစားချက်မျိုး အမြဲကိန်းအောင်းနေခြင်းက အချစ်ရေး မတည်ငြိမ်မှု လက္ခဏာတစ်ခု ဖြစ်ပါတယ်။ အသေးအမွှားလေးတစ်ခုခု အမှားကျူးလွန်မိရင် ချစ်သူစုံတွဲ ဆက်ဆံရေး ပြိုကွဲသွားလိမ့်မယ်ဆိုတဲ့ ခံစားချက် မထားသင့်ပါဘူး။ အချစ်ရေးနဲ့ပတ်သက်ပြီး စိုးရိမ်သောကဖြစ်နေရခြင်းက ဂရုစိုက်မှု မရှိခြင်းကနေ အရင်းခံဖြစ်ပေါ်ပါတယ်။ အခက်အခဲတွေ  ဘယ်လောက် ဖြစ်နေပါစေ၊ ကြင်နာမှုကို ခံစားပါက အချစ်ရေး အဆင်ပြေနိုင်ပါတယ်။

ချစ်သူစုံတွဲဘဝမှာ ဒီလက္ခဏာတွေ တွေ့မြင်ရပြီဆိုရင် မိမိအပြုအမူ အရေးတကြီး ပြောင်းလဲရတော့မယ့် အချိန်ဖြစ်ပါတယ်။ သို့မဟုတ် ချစ်သူချင်းဆက်ဆံရေးကို သိမ်သိမ်မွေ့မွေ့ အဆုံးသတ်ချိန်ရောက်ပါပြီ။ 

Ref: yourtango

1 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.