ကိုးနှစ်အရွယ် မိန်းကလေးရဲ့ ခြေထောက်မှာ ဖုန်းအခွံကထွက်တဲ့ အဆိပ်ငွေ့ကြောင့် သေရာပါ အမာရွတ်ထင်ကျန်ခဲ့

olivia-retter_3547971k.jpg

Oliver Retter ဆိုတဲ့ ကိုးနှစ်အရွယ် ကျောင်းသူလေးရဲ့ ခြေထောက်မှာ သူရဲ့ iPhone 5c ဖုန်းခွံ (case)ကြောင့် ဓာတုလောင်ကျွမ်းမှု တစ်ခု ဖြစ်ခဲ့ပါတယ်။ သူက ဖုန်းကို အိပ်ယာထဲမှာထားပြီး အိပ်ပျော်သွားပြီးနောက် နိုးလာတဲ့ အခါမှာ ခြေထောက်မှာ iPhone 5c အရာအတိုင်း အမာရွတ်ကျန်ခဲ့တာပါ။

Oliver က ဖုန်းခွံကို Cambridge မြို့ New Look စတိုးကနေ $ 5.99 ပေးပြီး ၀ယ်ခဲ့ပါတယ်။ ဖုန်းခွံပေါ်မှာ unicorns ပုံတွေ ၊ သက်တန့်ပုံတွေနဲ့ အလှဆင်ထားပါတယ် ။ ဖုန်းခွံထဲမှာ အက်ဆစ်တွေနဲ့ပြည့်နေပြီး ဖုန်းခွံသာ ကွဲသွားခဲ့ရင် ဒီ့ထက်ပိုဆိုးတဲ့ ဒုတိယ ၊တတိယအဆင့် လောင်ကျွမ်းမှုမျိုးဖြစ်နိုင်ပါတယ်လို့ ဆိုပါတယ်။
    

“Oliver က ဖုန်းကို အိပ်ယာထဲမှာ မသိအောင် ခိုးသုံးပြီး အိပ်ပျော်သွားခဲ့တာပါ ။ ညသန်းခေါင်လောက်မှာ ကျွန်မ အခန်းထဲ ရောက်လာပြီး ခြေထောက်နာတယ်လို့ပြောပေမဲ့ ကျွန်မလည်း ဘာမှမဖြစ်ပါဘူး ပြောပြီး ပြန်အိပ်ခိုင်း လိုက်ပါတယ်။  မနက်မိုးလင်းတဲ့အခါမှာ သူ့ရဲ့ညာဘက်ပေါင်မှာ ကြောက်စရာကောင်းတဲ့ ဖုန်းပုံစံ အမာရွတ်ကြီးကို တွေ့ခဲ့လို့ အရမ်းအံ့သြခဲ့ရပါတယ် “ လို့ မိခင်ဖြစ်သူ Karly Retter ကပြောပြခဲ့ပါတယ်။

အကယ်၍များ ဖုန်းကို လက်ထဲမှာ ကိုင်ထားချိန် ၊ ဖုန်း စကားပြောနေချိန်မှာများ ဒီလို ဓာတုယိုစိမ့်မှု ဖြစ်ခဲ့ရင် Oliver ရဲ့ မျက်နှာ ၊မျက်စိ တွေကိုထိခိုက်သွားမှာပါ။ ဖုန်းခွံကထွက်တဲ့ အက်ဆစ်ကြောင့် ဒီလိုပြင်းထန်တဲ့ ဓာတုလောင်ကျွမ်းမှုဖြစ်တယ်လို့ ဆရာဝန်တွေက အတည်ပြုပြောကြားခဲ့ပါတယ်။ အခု ဒီလိုဖြစ်ရပ်မျိုးကို တခြားသူတွေသိရှိနိုင်စေဖို့  မိခင်ဖြစ်သူ Karly က  Facebook  ကတဆင့် သတိပေးနေတာ အခုဆိုရင် သတင်းပြန်လည်မျှဝေမှုပေါင်း  40,000 ကျော်သွားပြီ ဖြစ်ပါတယ်။
  

Ref:telegraph.co.uk

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.