အမျိုးသမီးများအား ဆွဲဆောင်ဖို့ ဒေါက်မြင့် ရှူးဖိနစ်ပုံစံ ဘုရားကျောင်း တည်ဆောက်

shoethan.jpg

ထိုင်ဝမ်နိုင်ငံမှာ အမျိုးသမီးများ ဘုရားကျောင်း မသွားကြတဲ့အတွက် ဘုရားကျောင်း တက်ချင်လာအောင် ဆွဲဆောင်စည်းရုံးဖို့ နည်းလမ်းတွေ ရှာကြံကြရပါတယ်။

ဒါကတော့ လွန်ခဲ့တဲ့ ၂ လခန့်က Jaiyi County မှ ဆောက်လုပ်ရေးလုပ်ငန်းရှင် ကန်ထရိုက်တွေ ဒေါက်မြင့် ဖိနပ်ပုံစံ ဘုရားရှိခိုးကျောင်းတစ်ခု တီထွင်တဲ့အခါ တွေးမိခဲ့တာ ဖြစ်ပါတယ်။ The Daily Mail သတင်းအရ ဒီရှူးဖိနပ်မှာ အမြင့်ပေ ၅၅ ရှိပြီး မှန် ၃၂၀ ချပ်နဲ့ တည်ဆောက်ထားတာလို့ သိရပါတယ်။

အဆိုပါ ဘုရားရှိခိုးကျောင်း ပြောရေးဆိုခွင့်ရှိ ပုဂ္ဂိုလ်တစ်ဦးက ဒီဇိုင်းထက် ဒီဘုရားရှိခိုးကျောင်းလေးက ပိုလေးနက်မှု ရှိတယ်လို့ သတင်းထောက်များထံ ပြောပြခဲ့ပါတယ်။ တကယ်တော့ ဒီဘုရားကျောင်း အတွင်းပိုင်းကို အမျိုးသမီးများ စိတ်အာရုံဖမ်းစားဖို့ ဖန်တီးတည်ဆောက်ထားပြီး ချစ်သူများအတွက် ထိုင်ခုံတွေ၊ မေပယ် (maple) ရွက်များ၊ ဘီစကစ်နဲ့ ကိတ်မုန့် စတဲ့အရာတွေ ထားရှိပေးထားပါတယ်။ ဒီရှူးဖိနပ်သဏ္ဍာန် ဝတ်ပြုကျောင်းမှာ ဘာသာရေးနဲ့ ပတ်သက်ဆက်နွယ်တဲ့ အရာဆိုလို့ ဘာတစ်ခုမှ မတွေ့ရပါဘူး။  

ယင်း ဘုရားကျောင်းကို ဖေဖော်ဝါရီ ၈ ရက်နေ့ တရုတ်နှစ်သစ်ကူးအမီ ဖွင့်လှစ်သွားဖို့ စီစဉ်ထားကြောင်း သိရပါတယ်။ 

Ref: womenshealthmag

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.