ဖြစ်တောင့်ဖြစ်ခဲ အရေပြားရောဂါတစ်မျိုးနဲ့ ကလေးတစ်ဦး မွေးလာ

mole_baby_2639273a.jpg

ကလေးတစ်ဦးဟာ သူမကို ခန္ဓာကိုယ်တစ်ခုလုံး အမည်းကွက်တွေရှိတဲ့ ဒါလ်မားတီးယာန်း (Dalmatian) ခွေးလို မကြုံစဖူး အရေပြားရောဂါတစ်မျိုးနဲ့ မွေးဖွားခဲ့ပါတယ်။

အခုချိန်မှာ ကလေးမ လေးရဲ့ မိဘများက လေဆာကုသမှု ခံယူနိုင်ဖို့အတွက် အလှူခံဖို့  ကြိုးပမ်းလျက်ရှိပါတယ်။

ဒီကြီးမားတဲ့ မှဲ့တွေက သူမခန္ဓာကိုယ် တော်တော်များများ ဖုံးအုပ်ထားပြီး အဲဒီ အမည်းကွက်များက သူမ  အသက်ကြီးလာတဲ့အခါ ပြသနာတွေ ဖြစ်စေမှာ စိုးရိမ်ရပါတယ်။

၂ လအရွယ် Wu Zimiao ဟာ ကမ္ဘာတစ်ဝှမ်း ကလေး ၁% ခန့် ဒုက္ခရောက်စေတဲ့ မှဲ့တစ်မျိုးနဲ့ မွေးရာပါ အမှတ်အသားတစ်ခု ဖြစ်တဲ့ congenital melanocytic nevus နဲ့ မွေးလာခဲ့သူဖြစ်ပါတယ်။

ဒီကြီးမားတဲ့ မွေးရာပါ အမှတ်အသားများက သားန္ဓေဖြစ်တည်စအချိန် ခန္ဓာကိုယ်ဆဲလ်အတွင်း သန္ဓေပြောင်းလဲမှုတွေကြောင့် ဖြစ်ပြီး ကာကွယ်မယ့် နည်းလမ်းလည်း မရှိသေးပါဘူး။

အဲဒီ အမည်းကွက်တွေက အဓိကအားဖြင့် Zimiao ရဲ့ ဘယ်ဘက် ပခုံးနဲ့ ညာဘက်လက်မောင်းမှာ ရှိနေကြတာပါ။ ဒါပေမယ့် ဦးခေါင်းနဲ့ နောက်ကျော်ဘက်မှာလည်း ဖြစ်နေတယ်။

တရုတ်နိုင်ငံ မြောက်ပိုင်း Xinyi မြို့နယ်က ဒိမိသားစုဟာ လေဆာကုသမှုခံယူဖို့ လိုအပ်တဲ့ ခန့်မှန်းငွေ ပမာဏ ယူရို ၃၁၅၀၀ မှ ၅၂၆၀၀ အသည်းအသန် အလှူခံနေကြပါတယ်။

ကျွန်ုပ်လို ရွှေ့ပြောင်း အလုပ်သမားတစ်ယောက်အတွက် ဒီလောက် များပြားတဲ့ ငွေပမာဏ ရှာဖွေဖို့ အရမ်းခက်ခဲပါလိမ့်မယ်လို့ Xianpo ဝန်ခံခဲ့ပါတယ်။ သို့သော် သူ့သမီး ရှေ့ရေး ပုံမှန်အတိုင်းဆက်သွားနိုင်ဖို့ လုပ်နိုင်တာမှန်သမျှ ကြိုးပမ်းသွားမယ်လို့ သူပြောဆိုသွားပါတယ်။ 

Ref: The Sun

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.