သိပ္ပံနည်းအရ မိမိ photo တွေ ဘယ်လောက် ဆွဲဆောင်မှုရှိလဲ ပြောပြပေးမယ့် App လေးပါ

faces.jpg

ဒီ app လေးကြောင့် ပုံတစ်ပုံ upload လုပ်ပြီး သင့်ရုပ်ရည်နဲ့ အသက်အရွယ်ကို အဖြေရရှိ သိနိုင်ပါတယ်။ အဲဒီ app ကို Blinq လို့ အမည်ရပြီး Swiss university တစ်ခုမှ ပံ့ပိုးပေးမှုကြောင့် မျက်နှာကို တိုင်းထွာပေးလိုက်ရုံဖြင့် သင့်ရုပ်ရည် ဆွဲဆောင်မှုနဲ့ အသက်အရွယ်ကို ဆုံးဖြတ်ပေးနိုင်ပါတယ်။ Blinq က သင့်အနီးအနားရှိ ဆွဲဆောင်မှု ရှိသူတွေကို ကူညီတွေ့ဆုံစေမယ့် ဖူးစာရှာ App အဖြစ်နဲ့လည်း အသုံးပြုနိုင်ပါသေးတယ်။

ဒီ app က ပေါ့ပ်ကြယ်ပွင့်တချို့ရဲ့ ရုပ်ရည်နဲ့ အသက်အရွယ်ကို ဘယ်လိုတိုင်းတာ အဖြေထုတ်ပေးလိုက်လဲဆိုတာ ကြည့်ကြအောင်။

၁။ Miley Cyrus

ဒီ app က Miley Cyrus ဟာ အလွန်ဆွဲဆောင်မှုရှိသူ (stunning) နောက်ပြီး ပိုမိုနုနယ်သူလို့ ယူဆထားပါတယ်။ နည်းနည်း နီးစပ်ပေမယ့် သူမက ၂၃ နှစ်အရွယ်ရှိနေပြီဖြစ်တယ်။

၂။ Beyonce

မျက်နှာ အစက်အပျောက်ကင်းရှင်းတဲ့ သူမကို နတ်သမီးတပါး (Godlike) လို ဖော်ညွန်းတင်စားထားပါတယ်။ အသက်ကို နှစ်ချီ လျော့ချပေးလိုက်ပါတယ်။ အမှန်တော့ သူမ ၃၄ နှစ် ရှိနေပြီဖြစ်ပါတယ်။

၃။ Donald Trump

အမေရီကန်က ရီပဗ္ဗလီကန်ခေါင်းဆောင် Donald Trump က OK လေးသာ ရရှိခဲ့ပါတယ်။ သို့သော် အသက်ကို ၆၁ နှစ်အထိ လျော့ချပေးပါတယ်။ သူ့အသက် အမှန်က ၆၉ နှစ်ဖြစ်ပါတယ်။

၎။ Hillary Clinton

အခြားတစ်ဖက်မှာ ထိပ်ဆုံးမှ ဦးဆောင်မှုရနေတဲ့ ဒီမိုခရစ်ခေါင်းဆောင် ဖြစ်တဲ့သူမက Nice ဆိုတဲ့ အဆင့်လေးကို ရရှိပါတယ်။ App ကတော့ သူမ အသက်ကို ပိုလိုတောင် လျော့ပေးလိုက်ပါတယ်။ သူမအသက်အစစ်အမှန်က ၆၈ နှစ်ဖြစ်ပါတယ်။

၅။ Benedict Cumberbatch

Cumberbatch ဟာက အနည်းငယ် လွန်ကောင်း လွန်နေပါလိမ့်မယ်။ ဒီက သူ့ကို အသက် ကြီးရင့်စေခဲ့တယ်။ တကယ်တော့ သူ့အသက် ၃၉ နှစ်ပဲ ရှိသေးတာပါ။ 

Ref: yourtango

2 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.