ပြီးခဲ့တဲ့ ၅ နှစ်အတွင်း အမေရိကားမှာ နှစ်ဖက်ချွန် ဖြစ်သူတွေ ၂ ဆ နည်းပါးမြင့်တက်ဟု လေ့လာမှုဆို

capture.png

အမေရိကန်လူငယ် ၉,၀၀၀ ကို လိင်ကိုင်းညွှတ်မှု စမ်းသပ်စစ်ဆေးတဲ့ လေ့လာမှုတစ်ခုက အမျိုးသမီး ၅.၅% က အခုအချိန်မှာ လိင်တူလိင်ကွဲ နှစ်မျိုးလုံးစိတ်ဝင်စားသူ (bisexual) သို့မဟုတ် နှစ်ဖက်ချွန်တွေဖြစ်ကြောင်း တွေ့ရှိခဲ့ပါတယ်။

Centers for Disease Control and Prevention ကနေ ၂၀၀၆ နဲ့ ၂၀၁၀ အတွင်း ပြုလုပ်တဲ့ ယခင်လေ့လာမှုနဲ့ ယှဉ်ရင် အခုလေ့လာမှုမှာ သိသိသာသာမြင့်တက်ခဲ့ပါတယ်။ ယခင်လေ့လာမှုမှာ လိင်တူလိင်ကွဲ နှစ်မျိုးစလုံးကို စိတ်ဝင်စားသူ နှစ်ဖက်ချွန် အမျိုးသမီး ၃.၉% နဲ့ အမျိုးသား ၁.၂% ရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒီ့ပြင် လေ့လာမှုမှာ ပါဝင်တဲ့ အမျိုးသမီး ၅ပုံ ၁ပုံ နီးပါးက လိင်တူချင်း ကျူးလွန်မှု ရှိခဲ့ဖူးကြောင်း ပြောဆိုကြပါတယ်။

ယခုချိန်မှာ အမျိုးသမီးများအနေနဲ့ တခြားအမျိုးသမီးများအား လိင်ကိစ္စစိတ်ဝင်စားမှုရှိကြောင်း ပြောဆိုခွင့် ပိုရလာကြပါတယ်။

ဆန့်ကျင်ဘက်အနေနဲ့ အမျိုးသား ၉၂% နဲ့ အမျိုးသမီး ၈၂% က သာမန်ရိုးရိုးလူတွေ ဖြစ်ကြပါတယ်။ ဒါပေမယ့် ဗြိတိန်ကို ကြည့်တဲ့အခါ ဒီကိန်းဂဏန်းများက အနည်းငယ် ကွဲပြားခြားနားပါတယ်။

2013 Office for National Statistics စစ်တမ်းတစ်ခုအရ ဗြိတိသျှလူမျိုး ၁.၁% က လိင်တူဆက်ဆံသူတွေဖြစ်ပြီး ၀.၄% ကသာ နှစ်ဖက်ချွန်တွေ ဖြစ်ပါတယ်။

Ref: Express

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.