သင့် အသားအရေက တောင်းဆိုနေသော အလှအပရေးရာ ဖြေရှင်းချက် ( ၅ ) ရပ်

yhetqhh8txwoqvf4.d.0.beautiful_girl_6-1680x1050.jpg

အသားအရေ  ကြည်လင် တောက်ပဖို့အတွက်နဲ့ သန့်ရှင်းနေစေဖို့အတွက်ဆိုရင် လွယ်ကူရိုးရှင်းပြီး ထိရောက်တဲ့ နည်းလမ်းလေး  ၅ ခုကို ပြောပြချင်ပါတယ်။ ဒါလေးတွေကတော့-

၁။ ဘက်တီးရီးယားပိုးတွေကို တားဆီးပါ။

မိတ်ကပ် ဘရပ်ရှ်တွေကို ၁ပတ် ၁ခါ ဆေးကြောရပါမယ်။ မသန့်ရှင်းတဲ့ ဘရပ်ရှ်တွေက သင့်ရဲ့ ချွေးပေါက်တွေထဲမှာ ဘက်တီးရီးယားပိုးတွေ ပေါက်ပွားစေပြီး ၀က်ခြံ ၊အဖု အပိန့်နဲ့ အရေပြား ကူးစက်ရောဂါတွေ ဖြစ်စေတတ်ပါတယ်။ မိတ်ကပ်အဟောင်းတွေ ၊ အိုင်းရှဲဒိုး အဟောင်းတွေကို လွှင့်ပစ်လိုက်ပါ။ ၃ လလောက်ကြာနေပြီဖြစ်တဲ့ မျက်တောင်ကော့ဆေး နဲ့ တစ်နှစ်နီးပါး ရှိနေပြီဖြစ်တဲ့ liquid concealer တွေဆိုရင်လည်း လွှင့်ပစ်သင့်ပါတယ်။ မျက်ခုံးမွှေး ဆွဲတံကတော့ အမြဲ ချွန်ပေးနေရတဲ့ အတွက် ပိုးမွှားတွေ ကပ်ငြိ မနေနိုင်ပါဘူး။

၂။ မျက်လုံးတွေကို ညင်သာစွာ ကိုင်တွယ်ပါ။ 

မျက်လုံးတဝိုက်မှာ  အရေးအကြောင်းတွေ မထင်စေချင်ရင် အရမ်းနူးညံ့လွန်းတဲ့ မျက်လုံးနားက အရေပြားကို ကြမ်းတမ်းစွာ ပွတ်တိုက်ခြင်းမှ ရှောင်ကြဉ်ရပါမယ်။ ရေစိုခံ မျက်တောင်ကော့ ဆေးတွေက ဖျက်ရခက်တဲ့အတွက် ပိုပြီး ထိခိုက်စေလွယ်လို့ မသုံးသင့်ပါဘူး။ မျက်လုံးတဝိုက်က မိတ်ကပ်တွေကို မဖျက်ခင် မိတ်ကပ်ဖျက်ဆေး အနည်းငယ်ကို ဂွမ်းစလေးတစ်ခုပေါ်မှာသုတ်ပြီး မျက်လုံးပေါ်မှာ စက္ကန့်ပိုင်းလောက်ထားပြီးမှ ဖျက်ရင် အရေပြားပွတ်ဆွဲရခြင်းကို လျော့စေနိုင်ပါတယ်။

၃။ အနည်းငယ်လျှော့၍ သုံးစွဲပါ။ 

အသားအရေထိန်း ပစ္စည်းတွေကို အလွန်အကျွံ မသုံးပါနဲ့။ အကြွေစေ့ တစ်စေ့စာလောက် မျက်နှာ သစ်ဆေး ၊ချွေးပေါက်ကျဉ်းဆေး တစ်စက်နှစ်စက် နဲ့ လေးပုံတစ်ပုံစာလောက် အစိုထိန်းခရင်မ် တွေကိုသာ လျှော့လိုက်မယ်ဆိုရင် အရေပြားအတွက်ရော ကုန်ကျစရိတ်အတွက်ပါ အကျိုး အများကြီးပြုနိုင်မှာပါ။

၎။ ကျွမ်းကျင်သူတွေနဲ့တိုင်ပင်ပါ။

အရေပြား ဆရာဝန်နဲ့ တစ်နှစ်တစ်ကြိမ် မှန်မှန်ပြသင့်ပါတယ်။ မှဲ့တွေကို ကြည့်ရှုစစ်ဆေးဖို့ အရေးကြီးပါတယ်။

၅။ သင့်လျော် မှန်ကန်တဲ့ ပစ္စည်းကို အသုံးပြုပါ။

သင့်အရေပြား အတွက် နာမည်ကြီး အမှတ်တံဆိပ် ကုန်ပစ္စည်းတွေထက် မိမိအသားအရေနဲ့ လိုက်ဖက်မယ့် ပစ္စည်းများကိုသာ ရွေးချယ် အသုံးပြုဖို့ လိုပါတယ်။ ဒါကြောင့် ကိုယ့်အသားအရေက ဘယ်အမျိုးအစားထဲမှာ ပါသလဲဆိုတာ သိဖို့လိုပါတယ်။ အဆီပြန်တဲ့သူ ဆိုရင် ရေဓာတ်ကို အခြေခံတဲ့ အစိုထိန်းခရင်မ် ၊ခြောက်သွေ့တဲ့ အသားအရေ ပိုင်ရှင်ဆိုရင် အဆီပါတဲ့ ခရင်မ် ၊ ရောစပ် အသားအရေမျိုး ဆိုရင် အက်ဆစ်မပါတဲ့ ခရင်မ်မျိုး သုံးရပါမယ်။ ဒီလိုနည်းလမ်းလေးတွေနဲ့ ပြုပြင်သွားမယ်ဆိုရင် သင့်အရေပြားက သင့်ကို ကျေးဇူးတင်နေပါလိမ့်မယ်။ တောက်ပ ဝင်းလက်တဲ့ အသားအရေကို ပိုင်ဆိုင်နိုင်ကြပါစေ။

Ref:womenshealthmag
 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.